Thursday, August 8, 2019

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဦးဆောင်ဆရာတော်နှစ်ပါး နုတ်ထွက်

ဥက္ကဋ္ဌ အင်းစိန်ရွာမ ဆရာတော်နှင့်ဒုဥက္ကဋ္ဌမော်ကျွန်းဆရာ တော်တို့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းမှ နုတ်ထွက်ကြောင်း အင်းစိန် ရွာမဆရာတော်ကြီး၏ ငယ်တပည့်မကွေးကျောင်းတိုက်ဆရာတော်  ဦးပါမောက္ခက မိန့်ကြားသည်။

ဥက္ကဋ္ဌနေရာကို ကရင်ပြည်နယ်ဇွဲကပင်ဆရာတော် ဦးကဝိဓဇ က လွှဲပြောင်းယူပြီး ဒုဥက္ကဋ္ဌနေရာကို မော်လမြိုင်မြို့  မြစေတီဆရာ တော် ဘဒ္ဒန္တ၀ိမလဗုဒ္ဓိက လွှဲပြောင်းယူခဲ့ကြောင်း ဆရာတော်ဦးပါမောက္ခက 7Day Daily သတင်းစာအားမိန့်ကြားသည်။
ထို့အပြင် အတွင်းရေးမှူးနေရာကို မြတောင်ကျောင်းဆရာတော် ဦးကုမာရက လွှဲပြောင်းယူခဲ့ကြောင်း ဆရာတော်က မိန့်ကြားသည်။
‘‘ဆရာတော်ကြီး တပည့်တွေက ဆရာတော်ကြီးအပြင်မှာနေတာကိုပဲမြင်ချင်တယ်။ အဲဒီအတွက်ကြောင့် တပည့်တွေက တောင်းဆိုတယ်။ တပည့်တွေရဲ့ဆန္ဒနဲ့ ဆရာတော်ကြီးဆန္ဒနဲ့ပေါင်းစပ်ပြီးတော့ အဲဒီလိုလုပ်လိုက်တာ’’ ဟု ဆရာတော်ဦးပါမောက္ခက ဆက်လက်မိန့် ကြားသည်။
သြဂုတ် ၅ရက်က အင်းစိန် ရွာမဆရာတော်ကြီးထံ သွား ရောက်ရာတွင် ထိုကဲ့သို့ ကြားသိခဲ့ရကြောင်း ဆရာတော်ဦးပါ မောက္ခက မိန့်ကြားသည်။
‘‘ဘာမှမသိရသေးဘူး။ပြော သံကြားရုံပဲ ရှိသေးတယ်’’ ဟု ဇွဲ ကပင်ဆရာတော် ဦးကဝိဓဇက မိန့်ကြားသည်။
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့၏ ဆရာတော်ကြီးများနုတ်ထွက်ခြင်းနှင့်ပတ်သက်ပြီး  ယင်းအဖွဲ့  ပြောရေးဆိုခွင့်ရှိသူ ဆရာတော်ဦးသောပါကထံ ယမန်နေ့က ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ မိန့်ကြားခြင်း မရှိပေ။
‘‘ဗဟိုအစည်းဝေးခေါ်ဖို့ ကရင်ပြည်နယ်မှာခေါ်မှာ။ ကရင် ပြည်နယ်မှာက ရေတွေကြီးနေ တော့လေ။ ရေပြန်ကျမှ အဖွဲ့ဝင် တွေကို ထုတ်ပြန်ချက်ပေးမယ်လို့  သိရတယ်’’ ဟု မျိုးချစ်သမဂ္ဂ (ရန်ကုန်)မှ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် အရှင်တေဇ၀န္တ က မိန့်ကြားသည်။
နိုင်ငံတော်သံဃမဟာနာယ ကအဖွဲ့(မဟန)အနေဖြင့်  ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း (ဗဟို)ဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော်နှင့်  ဒုဥက္ကဋ္ဌ မော်ကျွန်းဆရာတော်တို့ ကို ဓမ္မစက်ဖြင့် ဆောင်ရွက်ရမည့်  အခန်းကဏ္ဍ ပြီးဆုံးပြီဖြစ်၍ လို အပ်သလို ဆောင်ရွက်နိုင်ရေး  နိုင်ငံတော် အစိုးရထံတင်ပြထား ကြောင်း သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာနက ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်သည်။
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေး ရှင်း(ဗဟို) ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ ဆရာတော်တို့ကို ပင့်လျှောက်မှု အပေါ် ဒုဥက္ကဌ ဆရာတော်တစ်ပါး သာစေလွှတ်၍ စာဖြင့်ရေးသား ပေးပို့တင်ပြခြင်းကို မဟနအဖွဲ့ က လက်ခံခြင်းမပြုဘဲ အဓိကတာ ဝန်ရှိသော ဥက္ကဋ္ဌဦးတိလောကာ ဘိဝံသကြွရောက်ခြင်း မရှိသော  ကြောင့် နောက်ဆုံးအကြိမ် သြဝါ ဒပေးမည့် အစီအစဉ်ကို ဆောင် ရွက်ခြင်းမပြုတော့ကြောင်း အသိ ပေးခဲ့ပါသည်ဟု ထုတ်ပြန်သည်။
ထို့အပြင် မဟန ၄၇ ပါး စုံညီဒုတိယအထူးအစည်းအဝေးက ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း (ဗဟို)အဖွဲ့အပေါ် ဆုံးဖြတ်ချက် ငါးချက်ကို ထပ်မံအတည်ပြုခဲ့ ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိ သည်။
အဆိုပါ အချက်ငါးချက်တွင် အမျိုးဘာသာသာသနာစောင့် ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင် ဒေးရှင်းသည် တရားမဝင်ဖွဲ့စည်း ထားသော အဖွဲ့အစည်းသာဖြစ်  ကြောင်း ဆုံးဖြတ်ရန်၊ အမျိုးဘာ သာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း  အဖွဲ့ဝင်အားလုံးသည် ၎င်းတို့၏  အဖွဲ့အမည်ကို သုံးစွဲလျက် မည် သည့်အမှုကိစ္စကိုမျှ ဆောင်ရွက် ခြင်းမပြုရန်ဟု ပါရှိသည်။
ထို့အပြင် မြန်မာပြည်အနှံ့အ ပြား စိုက်ထူထားသော အမျိုးဘာ သာသာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဆိုင်းဘုတ်များကို ဤဆုံးဖြတ် ချက်ချသည့်နေ့မှ ၄၅ ရက်အတွင်း  ဖြုတ်သိမ်းရန်နှင့် အထက်ပါဆုံး ဖြတ်ချက်များကို မလိုက်နာပါက  ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာ့အ ဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀  ဖြင့် အရေးယူရန်၊ လူပုဂ္ဂိုလ်ဖြစ် လျှင် သက်ဆိုင်ရာ တည်ဆဲဥပဒေ များဖြင့် အရေးယူရန်ဟု ပါရှိ သည်။
နောက်ဆုံးအကြိမ် ဆုံးမ သြဝါဒပေးရန် ခေါ်ယူထားခြင်းနှင့် ပတ်သက်၍ အင်းစိန်ရွာမဆရာ တော်ကြီး ကြွရောက်မှုမရှိသည့်  အပေါ်မဟနအဖွဲ့က ဇူလိုင် ၂၉  ရက် ညတွင် အသိပေးထုတ် ပြန် ထားသည်။
7Day

0 comments:

Post a Comment