Monday, September 30, 2019

ျမန္မာယူနီကုဒ္စံစနစ္ကို ျပည္သူတစ္ရပ္လုံး တစ္ၿပိဳင္နက္တည္း ေျပာင္းလဲသုံးစြဲၾကပါစို႔

No photo description available.

ျမန္မာႏိုင္ငံအေနျဖင့္ ယူနီကုဒ္စံစနစ္သို႔ ကူးေျပာင္းရာတြင္ အမ်ားျပည္သူအားလုံး တစ္ၿပိဳင္နက္တည္း ေျပာင္းလဲသုံးစြဲ ႏိုင္မွသာ ေအာင္ျမင္လာမည္ျဖစ္ပါသည္။

မိုဘိုင္းဖုန္းမ်ားႏွင့္ ကြန္ပ်ဴတာမ်ားတြင္ ယူနီကုဒ္စံစနစ္သည္ မူလအတိုင္း အသင့္ပါရွိေသာ္လည္း တင္သြင္းေရာင္းခ် သူမ်ားႏွင့္ ဆိုင္မ်ားမွ ေျပာင္းလဲထားျခင္းေၾကာင့္ ယူနီကုဒ္မဟုတ္ေသာစနစ္မ်ား ျဖစ္ေနႏိုင္ပါသည္။ ယူနီကုဒ္ကို ျပန္လည္ေျပာင္းလဲသုံးစြဲမည္ဆိုပါက အဓိကႏွစ္ခ်က္ျဖစ္သည့္ ေဖာင့္ႏွင့္ ကီးဘုတ္ကို ေျပာင္းေပးရန္လိုအပ္ပါသည္။ ေဖာင့္ဆိုသည္မွာ စာသားမ်ားကိုျပေသာအပိုင္းျဖစ္ၿပီး ကီးဘုတ္ဆိုသည္မွာ စာသားမ်ားကို႐ိုက္ေသာအပိုင္း ျဖစ္ပါသည္။
ျမန္မာယူနီကုဒ္စံစနစ္ကို အဆင္ေျပေခ်ာေမြ႕စြာ ေျပာင္းလဲသုံးစြဲႏိုင္ရန္အတြက္ မိုဘိုင္းဖုန္းႏွင့္ ကြန္ပ်ဴတာ အမ်ိဳးအစားအလိုက္ နည္းလမ္းမ်ားကို အက်ဥ္းခ်ဳပ္စုစည္းတင္ျပထားပါသည္။
အမ်ိဳးအစားႏွင့္ ေမာ္ဒယ္ေပၚမူတည္၍ ေျပာင္းလဲရမည့္ပုံစံ ကြဲျပားႏိုင္ အန္းဒ႐ိုက္ ၄.၄ (Android 4.4) ႏွင့္အထက္ မိုဘိုင္းဖုန္းမ်ားတြင္ ယူနီကုဒ္အသုံးျပဳႏိုင္ၿပီး အမ်ိဳးအစားႏွင့္ ေမာ္ဒယ္ ေပၚမူတည္၍ ေျပာင္းလဲရမည့္ပုံစံ ကြဲျပားႏိုင္ပါသည္။
ပထမနည္းလမ္းမွာ ဆက္တင္(Settings) ေအာက္ရွိ ဘာသာ စကား (Language) ကို English (US) ႏွင့္ English (UK) သို႔မဟုတ္ ျမန္မာ(Unicode) သို႔ ေျပာင္းျခင္းျဖစ္ပါသည္။ ဒုတိယနည္းလမ္းမွာ သီးမ္(Theme) ကို မူလသို႔ ျပန္လည္ေျပာင္းေပးျခင္းျဖစ္ပါသည္။ ဥပမာ ေရွာင္းမီ (Xiaomi) ဖုန္း ေမာ္ဒယ္ခ်ိဳ႕တြင္ သီးမ္(Theme) မူလသို႔ ျပန္လည္ေျပာင္းေပးျခင္းျဖင့္ ယူနီကုဒ္ကို ေျပာင္းလဲအသုံးျပဳႏိုင္ပါသည္။ တတိယနည္းလမ္းမွာ ဇက္ေဖာင့္ (zFont)ႏွင့္ အိုင္ေဖာင့္ (iFont)ကဲ့သို႔ေသာ ေဖာင့္အဲ့ပ္(Font App)တစ္ခုခုကို အသုံးျပဳ၍ ေဖာင့္စတိုင္ (Font Style) ေျပာင္းျခင္း ျဖစ္ပါသည္။ အထက္ပါနည္းလမ္းမ်ားျဖင့္မရပါက မိမိဖုန္းသည္ ႐ူ႕ထ္(root) ျပဳလုပ္ထားျခင္းျဖစ္ႏိုင္သည့္အတြက္ ႐ူ႕ထ္ျပဳလုပ္၍ ျပန္လည္ေဖာင့္အမွန္သြင္းရန္ လိုအပ္ပါသည္။ အခ်ိဳ႕ဖုန္းမ်ားတြင္မူ ဖန္းဝဲ (Firmware) ျပန္၍ ေျပာင္းေပး ရန္ လိုအပ္ပါသည္။
အထက္ပါနည္းလမ္းအဆင့္ဆင့္ကို မိမိကိုယ္တိုင္ေဆာင္႐ြက္ရန္ မကြၽမ္းက်င္ပါက အျခားကြၽမ္းက်င္သူ သို႔မဟုတ္ ဖုန္းဆိုင္တစ္ခုခုတြင္ အကူအညီရယူပါ။
အန္းဒ႐ိုက္ဖုန္းတြင္ ကီးဘုတ္ကို ဂ်ီဘုတ္၊ ပုဂံ၊ ဖ႐ိုးဇဲန္ အစရွိေသာ (Gboard, Bagan, Frozen etc.) ယူနီကုဒ္စံကို လိုက္နာထားေသာ ကီးဘုတ္အဲ့ပ္ (keyboard app) မ်ားကို မိမိႏွစ္သက္ရာ ေ႐ြးခ်ယ္အသုံးျပဳႏိုင္ပါသည္။ အခ်ိဳ႕ ကီးဘုတ္မ်ားတြင္ ကီးဘုတ္အဲ့ပ္ကိုဖြင့္၍ ယူနီကုဒ္ကို ေ႐ြးခ်ယ္ရန္လိုအပ္ပါသည္။ အန္းဒ႐ိုက္ ၄.၄(Android 4.4) ေအာက္ျဖစ္ခဲ့လွ်င္မူ ယူနီကုဒ္ကို တိုက္႐ိုက္အသုံးျပဳ၍ မရႏိုင္ပါ။ ယူနီကုဒ္စာမ်ားကိုဖတ္ရႈႏိုင္ရန္ အမ္ယူအက္ခ္စ္ ကြန္ဗာတာအဲ့ပ္ (MUX Converter App)ကဲ့သို႔ ကြန္ဗာတာအဲ့ပ္မ်ားကို အသုံးျပဳရန္ လိုအပ္ပါသည္။ ထို႔အျပင္ အမ္ယူအက္ခ္စ္ကြန္ဗာတာအဲ့ပ္ကို အသုံးျပဳ၍ မိမိဖုန္းတြင္ရွိေသာ လိပ္စာအမည္မ်ား (Contacts)ကို ယူနီကုဒ္သို႔ ေျပာင္းလဲႏိုင္ပါသည္။

ယူနီကုဒ္မဟုတ္သည့္ ေဖာင့္ပ႐ိုဖိုင္
အိုင္ဖုန္း (iPhone)မ်ားကို ယူနီကုဒ္ေျပာင္းလိုပါက ဆက္တင္ (Settings)၏ အေထြေထြ (General) ေအာက္တြင္ ယခင္ကထည့္ထားေသာ ယူနီကုဒ္မဟုတ္သည့္ ေဖာင့္ပ႐ိုဖိုင္ (Font profile)ကို ျပန္လည္ဖယ္ရွားေပးရေပမည္။ အိုင္အိုအက္စ္ ၁၀ (iOS 10) ႏွင့္ အထက္တြင္ မူလ (built-in) ျမန္မာယူနီကုဒ္ေဖာင့္ပါရွိေသာ္လည္း အိုင္အိုအက္စ္ ၉ ႏွင့္ ေအာက္တြင္ ျမန္မာ ၃ ႏွင့္ ျပည္ေထာင္စုကဲ့သို႔ေသာ ယူနီကုဒ္ေဖာင့္ပ႐ိုဖိုင္ကို ထည့္သြင္းရန္လိုအပ္ပါသည္။ အိုင္အိုအက္စ္ ၁၃ အတြက္ စနစ္ထဲတြင္ပါေသာ ကီးဘုတ္ကို အရန္သင့္အသုံးျပဳႏိုင္ပါေသာ္လည္း ၎ထက္နိမ့္ပါက တီတီကီးဘုတ္အဲ့ပ္(TT Keyboard App)ကဲ့သို႔ေသာ ကီးဘုတ္အဲ့ပ္ကို ထည့္သြင္းရန္ လိုအပ္ပါသည္။ ထို႔အျပင္ ေျပာင္းအဲ့ပ္ (Pyaung App) ကိုအသုံးျပဳ၍ မိမိအိုင္ဖုန္းတြင္ရွိေသာ လိပ္စာအမည္မ်ား (Contacts) ကို ယူနီကုဒ္သို႔ ေျပာင္းလဲႏိုင္ပါသည္။
မည့္သည့္ယူနီကုဒ္ေဖာင့္မဆို ထည့္သြင္းအသုံးျပဳႏိုင္
ကြန္ပ်ဴတာအသုံးျပဳသူမ်ားအတြက္ မိမိကြန္ပ်ဴတာသည္Windows 10 and Office 2013 ႏွင့္ အထက္ျဖစ္ပါက မူလ (built-in) ပါဝင္ေသာေဖာင့္ႏွင့္ ကီးဘုတ္ကို အရန္သင့္အသုံးျပဳႏိုင္ပါသည္။ ထပ္မံ၍ ျပည္ေထာင္စုေဖာင့္ ၂.၅ သို႔မဟုတ္ မိမိႏွစ္သက္ရာ မည့္သည့္ယူနီကုဒ္ေဖာင့္ကိုမဆိုလည္း ထည့္သြင္းအသုံးျပဳႏိုင္ပါသည္။ ၎ထက္ Windows ႏွင့္ Office ဗားရွင္းနိမ့္ပါက ျပည္ေထာင္စုေဖာင့္ ၁.၈ ႏွင့္ ကီးမက္ဂ်စ္ (Key Magic) သို႔မဟုတ္ ကီးမဲန္(KeyMan) ကီးဘုတ္မ်ားကို ထည့္သြင္း အသုံးျပဳႏိုင္ပါသည္။ Mac ကြန္ပ်ဴတာမ်ားတြင္ မူလ (built-in) ပါဝင္ေသာေဖာင့္ႏွင့္ ကီးမက္ဂ်စ္ သို႔မဟုတ္ ကီးမဲန္ (KeyMagic or KeyMan) ကီးဘုတ္တို႔ကို အသုံးျပဳႏိုင္ပါသည္။လင္းနက္စ္(Linux)ႏွင့္ လီဘရယ္ေအာ့ဖစ္ (LibreOffice) ကဲ့သို႔ေသာ Open Source ေဆာ့ဝဲမ်ားတြင္လည္း မူလ (built-in) ပါဝင္ေသာ ေဖာင့္ႏွင့္ ကီးဘုတ္မ်ားကို အရန္သင့္အသုံးျပဳႏိုင္ပါသည္။
ယခင္က ႐ိုက္ခဲ့ေသာ အခ်က္အလက္မ်ားကို ယူနီကုဒ္ ေျပာင္းလဲလိုပါက ပုရပိုက္(Parabaik)၊ ယုန္ (Rabbit)၊ ယူနီကြန္ (unicon.mitcloud.com) ႏွင့္ အလားတူ ကြန္ဗာတာ (Converter)မ်ားကို အသုံးျပဳႏိုင္ပါသည္။
ျမန္မာႏိုင္ငံကြန္ပ်ဴတာအသင္းခ်ဳပ္သို႔ ဆက္သြယ္ေမးျမန္းႏိုင္
ယူနီကုဒ္အကူးအေျပာင္းႏွင့္ ပတ္သက္၍ လိုအပ္ေသာ ေဆာ့ဝဲမ်ားရယူရန္ႏွင့္ သိလိုေသာအခ်က္အလက္ အျပည့္အစုံကို အေသးစိတ္ေလ့လာႏိုင္ရန္ www.UnicodeToday.org ကိုသြားေရာက္ပါ။ ေျပာင္းလဲရာတြင္ အခက္အခဲ ေတြ႕ႀကဳံခဲ့ပါက ျမန္မာႏိုင္ငံကြန္ပ်ဴတာအသင္းခ်ဳပ္၏ ဖုန္း ၀၉-၄၅၅ ၇၃၆ ၉၉၉(Hotline)သို႔ ဆက္သြယ္ေမးျမန္းႏိုင္ ပါသည္။ ထိုနံပါတ္သို႔ ဗိုင္ဘာ(Viber) ျဖင့္ ဆက္သြယ္၍လည္း ေမးျမန္းႏိုင္ပါသည္။ တာဝန္က်နည္းပညာရွင္မ်ားမွ ကူညီေပးသြားပါလိမ့္မည္။ ထို႔အျပင္ အမ္ယူေအ (Myanmar Unicode Area, MUA)ကဲ့သို႔ေသာ ေဖ့ဘုတ္ဂ႐ု(Facebook Group) တို႔တြင္ ေမးျမန္း၍လည္း အကူညီရယူႏိုင္ပါသည္။ ထို႔အျပင္ ယူနီေဘာ့ (UniBot)ဟုေခၚေသာ မက္စင္ဂ်ာ (Messenger) တြင္ မိမိဖုန္း‌အမ်ိဳးစားႏွင့္ ေမာ္ဒယ္ကို႐ိုက္ပို႔၍ ေမးျမန္းပါက လိုအပ္သည့္အခ်က္လက္မ်ားကို အလိုအေလ်ာက္ ျပန္လည္ေျဖၾကားသြားမည္ျဖစ္ပါသည္။
No photo description available.
<<Unicode>>
မြန်မာယူနီကုဒ်စံစနစ်ကို ပြည်သူတစ်ရပ်လုံး တစ်ပြိုင်နက်တည်း ပြောင်းလဲသုံးစွဲကြပါစို့
Tuesday, October 1, 2019

မြန်မာနိုင်ငံအနေဖြင့် ယူနီကုဒ်စံစနစ်သို့ ကူးပြောင်းရာတွင် အများပြည်သူအားလုံး တစ်ပြိုင်နက်တည်း ပြောင်းလဲသုံးစွဲ နိုင်မှသာ အောင်မြင်လာမည်ဖြစ်ပါသည်။
မိုဘိုင်းဖုန်းများနှင့် ကွန်ပျူတာများတွင် ယူနီကုဒ်စံစနစ်သည် မူလအတိုင်း အသင့်ပါရှိသော်လည်း တင်သွင်းရောင်းချ သူများနှင့် ဆိုင်များမှ ပြောင်းလဲထားခြင်းကြောင့် ယူနီကုဒ်မဟုတ်သောစနစ်များ ဖြစ်နေနိုင်ပါသည်။ ယူနီကုဒ်ကို ပြန်လည်ပြောင်းလဲသုံးစွဲမည်ဆိုပါက အဓိကနှစ်ချက်ဖြစ်သည့် ဖောင့်နှင့် ကီးဘုတ်ကို ပြောင်းပေးရန်လိုအပ်ပါသည်။ ဖောင့်ဆိုသည်မှာ စာသားများကိုပြသောအပိုင်းဖြစ်ပြီး ကီးဘုတ်ဆိုသည်မှာ စာသားများကိုရိုက်သောအပိုင်း ဖြစ်ပါသည်။
မြန်မာယူနီကုဒ်စံစနစ်ကို အဆင်ပြေချောမွေ့စွာ ပြောင်းလဲသုံးစွဲနိုင်ရန်အတွက် မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာ အမျိုးအစားအလိုက် နည်းလမ်းများကို အကျဉ်းချုပ်စုစည်းတင်ပြထားပါသည်။
အမျိုးအစားနှင့် မော်ဒယ်ပေါ်မူတည်၍ ပြောင်းလဲရမည့်ပုံစံ ကွဲပြားနိုင် အန်းဒရိုက် ၄.၄ (Android 4.4) နှင့်အထက် မိုဘိုင်းဖုန်းများတွင် ယူနီကုဒ်အသုံးပြုနိုင်ပြီး အမျိုးအစားနှင့် မော်ဒယ် ပေါ်မူတည်၍ ပြောင်းလဲရမည့်ပုံစံ ကွဲပြားနိုင်ပါသည်။
ပထမနည်းလမ်းမှာ ဆက်တင်(Settings) အောက်ရှိ ဘာသာ စကား (Language) ကို English (US) နှင့် English (UK) သို့မဟုတ် မြန်မာ(Unicode) သို့ ပြောင်းခြင်းဖြစ်ပါသည်။ ဒုတိယနည်းလမ်းမှာ သီးမ်(Theme) ကို မူလသို့ ပြန်လည်ပြောင်းပေးခြင်းဖြစ်ပါသည်။ ဥပမာ ရှောင်းမီ (Xiaomi) ဖုန်း မော်ဒယ်ချို့တွင် သီးမ်(Theme) မူလသို့ ပြန်လည်ပြောင်းပေးခြင်းဖြင့် ယူနီကုဒ်ကို ပြောင်းလဲအသုံးပြုနိုင်ပါသည်။ တတိယနည်းလမ်းမှာ ဇက်ဖောင့် (zFont)နှင့် အိုင်ဖောင့် (iFont)ကဲ့သို့သော ဖောင့်အဲ့ပ်(Font App)တစ်ခုခုကို အသုံးပြု၍ ဖောင့်စတိုင် (Font Style) ပြောင်းခြင်း ဖြစ်ပါသည်။ အထက်ပါနည်းလမ်းများဖြင့်မရပါက မိမိဖုန်းသည် ရူ့ထ်(root) ပြုလုပ်ထားခြင်းဖြစ်နိုင်သည့်အတွက် ရူ့ထ်ပြုလုပ်၍ ပြန်လည်ဖောင့်အမှန်သွင်းရန် လိုအပ်ပါသည်။ အချို့ဖုန်းများတွင်မူ ဖန်းဝဲ (Firmware) ပြန်၍ ပြောင်းပေး ရန် လိုအပ်ပါသည်။
အထက်ပါနည်းလမ်းအဆင့်ဆင့်ကို မိမိကိုယ်တိုင်ဆောင်ရွက်ရန် မကျွမ်းကျင်ပါက အခြားကျွမ်းကျင်သူ သို့မဟုတ် ဖုန်းဆိုင်တစ်ခုခုတွင် အကူအညီရယူပါ။
အန်းဒရိုက်ဖုန်းတွင် ကီးဘုတ်ကို ဂျီဘုတ်၊ ပုဂံ၊ ဖရိုးဇဲန် အစရှိသော (Gboard, Bagan, Frozen etc.) ယူနီကုဒ်စံကို လိုက်နာထားသော ကီးဘုတ်အဲ့ပ် (keyboard app) များကို မိမိနှစ်သက်ရာ ရွေးချယ်အသုံးပြုနိုင်ပါသည်။ အချို့ ကီးဘုတ်များတွင် ကီးဘုတ်အဲ့ပ်ကိုဖွင့်၍ ယူနီကုဒ်ကို ရွေးချယ်ရန်လိုအပ်ပါသည်။ အန်းဒရိုက် ၄.၄(Android 4.4) အောက်ဖြစ်ခဲ့လျှင်မူ ယူနီကုဒ်ကို တိုက်ရိုက်အသုံးပြု၍ မရနိုင်ပါ။ ယူနီကုဒ်စာများကိုဖတ်ရှုနိုင်ရန် အမ်ယူအက်ခ်စ် ကွန်ဗာတာအဲ့ပ် (MUX Converter App)ကဲ့သို့ ကွန်ဗာတာအဲ့ပ်များကို အသုံးပြုရန် လိုအပ်ပါသည်။ ထို့အပြင် အမ်ယူအက်ခ်စ်ကွန်ဗာတာအဲ့ပ်ကို အသုံးပြု၍ မိမိဖုန်းတွင်ရှိသော လိပ်စာအမည်များ (Contacts)ကို ယူနီကုဒ်သို့ ပြောင်းလဲနိုင်ပါသည်။

ယူနီကုဒ်မဟုတ်သည့် ဖောင့်ပရိုဖိုင်
အိုင်ဖုန်း (iPhone)များကို ယူနီကုဒ်ပြောင်းလိုပါက ဆက်တင် (Settings)၏ အထွေထွေ (General) အောက်တွင် ယခင်ကထည့်ထားသော ယူနီကုဒ်မဟုတ်သည့် ဖောင့်ပရိုဖိုင် (Font profile)ကို ပြန်လည်ဖယ်ရှားပေးရပေမည်။ အိုင်အိုအက်စ် ၁၀ (iOS 10) နှင့် အထက်တွင် မူလ (built-in) မြန်မာယူနီကုဒ်ဖောင့်ပါရှိသော်လည်း အိုင်အိုအက်စ် ၉ နှင့် အောက်တွင် မြန်မာ ၃ နှင့် ပြည်ထောင်စုကဲ့သို့သော ယူနီကုဒ်ဖောင့်ပရိုဖိုင်ကို ထည့်သွင်းရန်လိုအပ်ပါသည်။ အိုင်အိုအက်စ် ၁၃ အတွက် စနစ်ထဲတွင်ပါသော ကီးဘုတ်ကို အရန်သင့်အသုံးပြုနိုင်ပါသော်လည်း ၎င်းထက်နိမ့်ပါက တီတီကီးဘုတ်အဲ့ပ်(TT Keyboard App)ကဲ့သို့သော ကီးဘုတ်အဲ့ပ်ကို ထည့်သွင်းရန် လိုအပ်ပါသည်။ ထို့အပြင် ပြောင်းအဲ့ပ် (Pyaung App) ကိုအသုံးပြု၍ မိမိအိုင်ဖုန်းတွင်ရှိသော လိပ်စာအမည်များ (Contacts) ကို ယူနီကုဒ်သို့ ပြောင်းလဲနိုင်ပါသည်။
မည့်သည့်ယူနီကုဒ်ဖောင့်မဆို ထည့်သွင်းအသုံးပြုနိုင်
ကွန်ပျူတာအသုံးပြုသူများအတွက် မိမိကွန်ပျူတာသည်Windows 10 and Office 2013 နှင့် အထက်ဖြစ်ပါက မူလ (built-in) ပါဝင်သောဖောင့်နှင့် ကီးဘုတ်ကို အရန်သင့်အသုံးပြုနိုင်ပါသည်။ ထပ်မံ၍ ပြည်ထောင်စုဖောင့် ၂.၅ သို့မဟုတ် မိမိနှစ်သက်ရာ မည့်သည့်ယူနီကုဒ်ဖောင့်ကိုမဆိုလည်း ထည့်သွင်းအသုံးပြုနိုင်ပါသည်။ ၎င်းထက် Windows နှင့် Office ဗားရှင်းနိမ့်ပါက ပြည်ထောင်စုဖောင့် ၁.၈ နှင့် ကီးမက်ဂျစ် (Key Magic) သို့မဟုတ် ကီးမဲန်(KeyMan) ကီးဘုတ်များကို ထည့်သွင်း အသုံးပြုနိုင်ပါသည်။ Mac ကွန်ပျူတာများတွင် မူလ (built-in) ပါဝင်သောဖောင့်နှင့် ကီးမက်ဂျစ် သို့မဟုတ် ကီးမဲန် (KeyMagic or KeyMan) ကီးဘုတ်တို့ကို အသုံးပြုနိုင်ပါသည်။လင်းနက်စ်(Linux)နှင့် လီဘရယ်အော့ဖစ် (LibreOffice) ကဲ့သို့သော Open Source ဆော့ဝဲများတွင်လည်း မူလ (built-in) ပါဝင်သော ဖောင့်နှင့် ကီးဘုတ်များကို အရန်သင့်အသုံးပြုနိုင်ပါသည်။
ယခင်က ရိုက်ခဲ့သော အချက်အလက်များကို ယူနီကုဒ် ပြောင်းလဲလိုပါက ပုရပိုက်(Parabaik)၊ ယုန် (Rabbit)၊ ယူနီကွန် (unicon.mitcloud.com) နှင့် အလားတူ ကွန်ဗာတာ (Converter)များကို အသုံးပြုနိုင်ပါသည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်သို့ ဆက်သွယ်မေးမြန်းနိုင်
ယူနီကုဒ်အကူးအပြောင်းနှင့် ပတ်သက်၍ လိုအပ်သော ဆော့ဝဲများရယူရန်နှင့် သိလိုသောအချက်အလက် အပြည့်အစုံကို အသေးစိတ်လေ့လာနိုင်ရန် www.UnicodeToday.org ကိုသွားရောက်ပါ။ ပြောင်းလဲရာတွင် အခက်အခဲ တွေ့ကြုံခဲ့ပါက မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဖုန်း ၀၉-၄၅၅ ၇၃၆ ၉၉၉(Hotline)သို့ ဆက်သွယ်မေးမြန်းနိုင် ပါသည်။ ထိုနံပါတ်သို့ ဗိုင်ဘာ(Viber) ဖြင့် ဆက်သွယ်၍လည်း မေးမြန်းနိုင်ပါသည်။ တာဝန်ကျနည်းပညာရှင်များမှ ကူညီပေးသွားပါလိမ့်မည်။ ထို့အပြင် အမ်ယူအေ (Myanmar Unicode Area, MUA)ကဲ့သို့သော ဖေ့ဘုတ်ဂရု(Facebook Group) တို့တွင် မေးမြန်း၍လည်း အကူညီရယူနိုင်ပါသည်။ ထို့အပြင် ယူနီဘော့ (UniBot)ဟုခေါ်သော မက်စင်ဂျာ (Messenger) တွင် မိမိဖုန်း‌အမျိုးစားနှင့် မော်ဒယ်ကိုရိုက်ပို့၍ မေးမြန်းပါက လိုအပ်သည့်အချက်လက်များကို အလိုအလျောက် ပြန်လည်ဖြေကြားသွားမည်ဖြစ်ပါသည်။

0 comments:

Post a Comment