Monday, September 30, 2019

ေရႊတိဂံုေစတီေတာ္တြင္ ေရႊသကၤန္းကပ္ရာ၌ သံုးသည့္ေကာ္ အရည္အေသြးမမီ

Image may contain: 1 person, sky and outdoor

စက္တင္ဘာ(၂၉)ရက္ကျပဳလုပ္တဲ့ ေရႊတိဂံုေစတီေတာ္ေရႊသကၤန္းေတာ္ကပ္လွဴျခင္းဆိုင္ရာ နည္းပညာအလုပ္ရံုေဆြးေႏြးပြဲက်င္းပဖို႔ နာယကနဲ႔ဦးစီးေကာ္မတီလုပ္ငန္းညိွႏိႈင္းအစည္းအေဝးမွာ ေရႊတိဂံုေစတီကို ေရႊသကၤန္းကပ္လွဴပူေဇာ္ရာမွာ အသံုးျပဳတဲ့ေကာ္ဟာ အရည္အေသြးမမီတဲ့အတြက္ ေလလြင့္ဆံုးရံႈးမႈေတြျဖစ္ေနရတယ္လို႔ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ၾကီးဌာန ဝန္ၾကီးသူရဦးေအာင္ကိုက ေျပာၾကားခဲ့ေၾကာင္း သိရွိရပါသည္။

ေရႊတိဂံုေစတီေတာ္ကို (၁၉၈၀-၁၉၈၁)ခုႏွစ္က စတင္ျပီး (၅)နွစ္တစ္ၾကိမ္ ေရႊသကၤန္းေတာ္ကပ္လွဴခဲ့ကာ ျပီးခဲ့တဲ့ (၂၀၁၈-၂၀၁၉)ခုႏွစ္က ေရႊစင္၊ ေရႊျပားစုစုေပါင္းတန္ဖိုး က်ပ္(၃၄.၇၉)ဘီလီယံ ကပ္လွဴခဲ့ျပီး မ်က္ပါးေရႊတန္ဖိုး က်ပ္သန္းေပါင္း(၈၄၀)ေက်ာ္ ကပ္လွဴပူေဇာ္ခဲ့တယ္လို႔ သိရပါတယ္။
ေရႊသကၤန္းကို (၁၀)ႏွစ္တစ္ႀကိမ္ ဒါမွမဟုတ္( ၁၅)ႏွစ္တစ္ႀကိမ္ ပူေဇာ္ႏိုင္မယ္ဆိုရင္ ငါးႏွစ္တစ္ႀကိမ္ကပ္လွဴေနတဲ႔ ကုန္က်စားရိတ္ က်ပ္ေငြ (၃၅)ဘီလီယံေက်ာ္ သက္သာမွာျဖစ္ၿပီး ဒီဘ႑ာေငြေတြကို အျခားေနရာေတြမွာ ေျပာင္းလဲ အသုံးျပဳႏိုင္မွာ ျဖစ္တယ္လို႔ ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုက ေျပာပါတယ္။
ေရႊသကၤန္းကပ္လွဴရာမွာ အသံုးျပဳမယ့္နည္းပညာေတြကို ပညာရွင္ေတြနဲ႔ ေဆြးေႏြးတိုင္ပင္ျပီးေဆာင္ရြက္မွာျဖစ္တယ္လို႔ လုပ္ငန္းညိွႏိႈင္းအစည္းအေဝးကိုတက္ေရာက္လာတဲ့ ပညာေရးဝန္ၾကီးဌာန၊ ျပည္ေထာင္စုဝန္ၾကီး ေဒါက္တာမ်ဳိးသိမ္းၾကီးကေတာ့ ေျပာပါတယ္။ လက္ရွိ အလုပ္႐ံုေဆြးေႏြးပြဲမွာ တင္သြင္းဖို႔အတြက္ သုေတသနစာတမ္း (၂၄)ေစာင္ရရွိထားျပီးျဖစ္တယ္လို႔လည္း ေဒါက္တာမ်ဳိးသိမ္းၾကီးက ဆိုပါတယ္။
အဆိုပါ လုပ္ငန္းညိွႏိႈင္းအစည္းအေဝးကို အလုပ္ရံုေဆြးေႏြးပြဲက်င္းပေရး နာယကအဖြဲ႔ဝင္ေတြျဖစ္တဲ့ သူရဦးေအာင္ကို၊ ေဒါက္တာမ်ဳိးသိမ္းႀကီးနဲ႔ ရန္ကုန္တိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးျဖိဳးမင္းသိန္းတို႔ အပါအဝင္ တာဝန္ရွိသူေတြ တက္ေရာက္ခဲ့ေၾကာင္း သိရွိရပါတယ္။
<<unicode>>
ရွှေတိဂုံစေတီတော်တွင် ရွှေသင်္ကန်းကပ်ရာ၌ သုံးသည့်ကော် အရည်အသွေးမမီ
Monday, September 30, 2019

စက်တင်ဘာ(၂၉)ရက်ကပြုလုပ်တဲ့ ရွှေတိဂုံစေတီတော်ရွှေသင်္ကန်းတော်ကပ်လှူခြင်းဆိုင်ရာ နည်းပညာအလုပ်ရုံဆွေးနွေးပွဲကျင်းပဖို့ နာယကနဲ့ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ရွှေတိဂုံစေတီကို ရွှေသင်္ကန်းကပ်လှူပူဇော်ရာမှာ အသုံးပြုတဲ့ကော်ဟာ အရည်အသွေးမမီတဲ့အတွက် လေလွင့်ဆုံးရှုံးမှုတွေဖြစ်နေရတယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးသူရဦးအောင်ကိုက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ရွှေတိဂုံစေတီတော်ကို (၁၉၈၀-၁၉၈၁)ခုနှစ်က စတင်ပြီး (၅)နှစ်တစ်ကြိမ် ရွှေသင်္ကန်းတော်ကပ်လှူခဲ့ကာ ပြီးခဲ့တဲ့ (၂၀၁၈-၂၀၁၉)ခုနှစ်က ရွှေစင်၊ ရွှေပြားစုစုပေါင်းတန်ဖိုး ကျပ်(၃၄.၇၉)ဘီလီယံ ကပ်လှူခဲ့ပြီး မျက်ပါးရွှေတန်ဖိုး ကျပ်သန်းပေါင်း(၈၄၀)ကျော် ကပ်လှူပူဇော်ခဲ့တယ်လို့ သိရပါတယ်။
ရွှေသင်္ကန်းကို (၁၀)နှစ်တစ်ကြိမ် ဒါမှမဟုတ်( ၁၅)နှစ်တစ်ကြိမ် ပူဇော်နိုင်မယ်ဆိုရင် ငါးနှစ်တစ်ကြိမ်ကပ်လှူနေတဲ့ ကုန်ကျစားရိတ် ကျပ်ငွေ (၃၅)ဘီလီယံကျော် သက်သာမှာဖြစ်ပြီး ဒီဘဏ္ဍာငွေတွေကို အခြားနေရာတွေမှာ ပြောင်းလဲ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။
ရွှေသင်္ကန်းကပ်လှူရာမှာ အသုံးပြုမယ့်နည်းပညာတွေကို ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးဆောင်ရွက်မှာဖြစ်တယ်လို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုတက်ရောက်လာတဲ့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကတော့ ပြောပါတယ်။ လက်ရှိ အလုပ်ရုံဆွေးနွေးပွဲမှာ တင်သွင်းဖို့အတွက် သုတေသနစာတမ်း (၂၄)စောင်ရရှိထားပြီးဖြစ်တယ်လို့လည်း ဒေါက်တာမျိုးသိမ်းကြီးက ဆိုပါတယ်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အလုပ်ရုံဆွေးနွေးပွဲကျင်းပရေး နာယကအဖွဲ့ဝင်တွေဖြစ်တဲ့ သူရဦးအောင်ကို၊ ဒေါက်တာမျိုးသိမ်းကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ အပါအဝင် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။
#Myanmar_Online_News #shwedagon

0 comments:

Post a Comment