Monday, September 30, 2019

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော် လာမည့်ရုံးချိန်းတွင် ထားဝယ်လေယာဉ်ကွင်း ချုံရှင်းသည့်လုပ်ငန်း လုပ်ကိုင်ခဲ့သည့် F-22 Sunny ကုမ္ပဏီ MD ကို စစ်ဆေးမည်


စက်တင်ဘာ ၃၀ ရက်တွင် တိုင်းဒေသကြီး တရားလွှတ်တော်ရုံး၌ အဂတိလိုက်စားမှုဖြင့် တရားရင်ဆိုင်နေရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူ သုံးဦးတို့ကို ၃၁ ကြိမ်မြောက်အဖြစ် ရုံးထုတ်ခဲ့ပြီး လာမည့်ရုံးချိန်းတွင် ထားဝယ်လေယာဉ်ကွင်း ချုံရှင်းသည့် လုပ်ငန်း လုပ်ကိုင်ခဲ့သည့် F-22 Sunny ကုမ္ပဏီ MD ကို စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၃၀ ရက် ရုံးချိန်းတွင် တရားလိုပြ သက်သေ ထားဝယ်မြို့ CB ဘဏ်ခွဲ တာဝန်ခံ ဦးမျိုးဇင်နှင့် အောင်မိုးမြတ်ကုမ္ပဏီ ယခင် တာဝန်ခံ မန်နေဂျာ ဦးဇာနည်ထွန်းတို့ကို နှစ်ဖက်ရှေ့နေများက စစ်ဆေးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၃၀ ရက် ရုံးချိန်းတွင် မူလက တရားလိုပြ သက်သေ သုံးဦးကို စစ်ဆေးရန် ချိန်းဆိုထားသော်လည်း ရာဇဝတ်ကြီး အမှုအမှတ် (၄/၂၀၁၉) အမှုက တရားလိုပြသက်သေ ကော့သောင်းခရိုင်မြေစာရင်းဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးဝဏ္ဏထွန်းက ရုံးချိန်းလာရောက်နိုင်ခြင်း မရှိသောကြောင့် တရားလိုပြသက်သေ နှစ်ဦးကိုသာ စစ်ဆေးနိုင်ခဲ့ကြောင်း သိရသည်။
ရာဇဝတ်ကြီး အမှုအမှတ် (၃/၂၀၁၉) အတွက် တရားလိုပြ သက်သေ ထားဝယ်မြို့ CB ဘဏ်ခွဲ တာဝန်ခံ ဦးမျိုးဇင်ကို စစ်ဆေးရာတွင် GGS ကုမ္ပဏီဘက်မှအစိုးရသို့ သဘာဝဓာတ်ငွေ့ဖိုး ကျပ်သန်းပေါင်း ၈၀၀၀ ကျော်ကို ပေးသွင်းရန် ပျက်ကွက်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ CB ဘဏ်၌ ကုမ္ပဏီ၏ ငွေသွင်းငွေ ထုတ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို စစ်ဆေးခဲ့ကြောင်းနှင့် ရာဇဝတ်ကြီး အမှုအမှတ် (၄/ ၂၀၁၉) အမှုက တရားလိုပြသက်သေ အောင်မိုးမြတ်ကုမ္ပဏီ ယခင်တာဝန်ခံ မန်နေဂျာ ဦးဇာနည်ထွန်းအား ဒေါက်တာလဲ့လဲ့မော်၏ မိသားစု ပိုင်ဆိုင်သည့် သရက်ချောင်းမြို့နယ် မြို့မရပ် မြိတ်-ထားဝယ် ကားလမ်း၊ အိမ်အမှတ် (၆) ရှိ နှစ်ထပ် နေအိမ်နှင့် ဝိုင်းမြေကို ကာလတန်ဖိုး ကျပ် ၃၂၁ ဒသမ ၄ သိန်းခန့်သာ တန်ဖိုးရှိသော်လည်း GGS ကုမ္ပဏီသို့ ကျပ်သိန်း နှစ်ထောင်ဖြင့် ရောင်းချခဲ့ပြီး GGS ကုမ္ပဏီအား သရက်ချောင်း ငါးလေလံဈေး တည်ဆောက်ခြင်း၊ ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ပုလောမြို့ မြို့တော်ခန်းမ တည်ဆောက်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
<<Zawgyi>>
ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာ လဲ့လဲ့ေမာ္ လာမည့္႐ုံးခ်ိန္းတြင္ ထားဝယ္ေလယာဥ္ကြင္း ခ်ဳံရွင္းသည့္လုပ္ငန္း လုပ္ကိုင္ခဲ့သည့္ F-22 Sunny ကုမၸဏီ MD ကို စစ္ေဆးမည္
Tuesday, October 1, 2019

စက္တင္ဘာ ၃၀ ရက္တြင္ တိုင္းေဒသႀကီး တရားလႊတ္ေတာ္႐ုံး၌ အဂတိလိုက္စားမႈျဖင့္ တရားရင္ဆိုင္ေနရသည့္ ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာလဲ့လဲ့ေမာ္ႏွင့္ GGS ကုမၸဏီတာဝန္ရွိသူ သုံးဦးတို႔ကို ၃၁ ႀကိမ္ေျမာက္အျဖစ္ ႐ုံးထုတ္ခဲ့ၿပီး လာမည့္႐ုံးခ်ိန္းတြင္ ထားဝယ္ေလယာဥ္ကြင္း ခ်ဳံရွင္းသည့္ လုပ္ငန္း လုပ္ကိုင္ခဲ့သည့္ F-22 Sunny ကုမၸဏီ MD ကို စစ္ေဆးမည္ ျဖစ္ေၾကာင္း သိရသည္။
စက္တင္ဘာ ၃၀ ရက္ ႐ုံးခ်ိန္းတြင္ တရားလိုျပ သက္ေသ ထားဝယ္ၿမိဳ႕ CB ဘဏ္ခြဲ တာဝန္ခံ ဦးမ်ိဳးဇင္ႏွင့္ ေအာင္မိုးျမတ္ကုမၸဏီ ယခင္ တာဝန္ခံ မန္ေနဂ်ာ ဦးဇာနည္ထြန္းတို႔ကို ႏွစ္ဖက္ေရွ႕ေနမ်ားက စစ္ေဆးခဲ့ေၾကာင္း သိရသည္။
စက္တင္ဘာ ၃၀ ရက္ ႐ုံးခ်ိန္းတြင္ မူလက တရားလိုျပ သက္ေသ သုံးဦးကို စစ္ေဆးရန္ ခ်ိန္းဆိုထားေသာ္လည္း ရာဇဝတ္​ႀကီး အမႈအမွတ္ ​(၄/၂၀၁၉) အမႈက တရားလိုျပသက္​​ေသ ​ေကာ့​ေသာင္​းခ႐ိုင္​​ေျမစာရင္​းဦးစီးဌာန ဒုတိယ ဦးစီးမႉး ဦးဝဏၰထြန္​းက ႐ုံးခ်ိန္းလာေရာက္ႏိုင္ျခင္း မရွိေသာေၾကာင့္ တရားလိုျပသက္ေသ ႏွစ္ဦးကိုသာ စစ္ေဆးႏိုင္ခဲ့ေၾကာင္း သိရသည္။
ရာဇဝတ္ႀကီး အမႈအမွတ္ (၃/၂၀၁၉) အတြက္ တရားလိုျပ သက္ေသ ထားဝယ္ၿမိဳ႕ CB ဘဏ္ခြဲ တာဝန္ခံ ဦးမ်ိဳးဇင္ကို စစ္ေဆးရာတြင္ GGS ကုမၸဏီဘက္မွအစိုးရသို ့ သဘာဝဓာတ္ေငြ႕ဖိုး က်ပ္သန္းေပါင္း ၈၀၀၀ ေက်ာ္ကို ေပးသြင္းရန္ ပ်က္ကြက္ခဲ့သည့္ကိစၥႏွင့္ ပတ္သက္၍ CB ဘဏ္၌ ကုမၸဏီ၏ ေငြသြင္းေငြ ထုတ္ျခင္းဆိုင္ရာ ကိစၥရပ္မ်ားကို စစ္ေဆးခဲ့ေၾကာင္းႏွင့္ ရာဇဝတ္ႀကီး အမႈအမွတ္ (၄/ ၂၀၁၉) အမႈက တရားလိုျပသက္ေသ ေအာင္မိုးျမတ္ကုမၸဏီ ယခင္တာဝန္ခံ မန္ေနဂ်ာ ဦးဇာနည္ထြန္းအား ေဒါက္တာလဲ့လဲ့ေမာ္၏ မိသားစု ပိုင္ဆိုင္သည့္ သရက္ေခ်ာင္းၿမိဳ႕နယ္ ၿမိဳ႕မရပ္ ၿမိတ္-ထားဝယ္ ကားလမ္း၊ အိမ္အမွတ္ (၆) ရွိ ႏွစ္ထပ္ ေနအိမ္ႏွင့္ ၀ိုင္းေျမကို ကာလတန္ဖိုး က်ပ္ ၃၂၁ ဒသမ ၄ သိန္းခန႔္သာ တန္ဖိုးရွိေသာ္လည္း GGS ကုမၸဏီသို႔ က်ပ္သိန္း ႏွစ္ေထာင္ျဖင့္ ေရာင္းခ်ခဲ့ၿပီး GGS ကုမၸဏီအား သရက္ေခ်ာင္း ငါးေလလံေစ်း တည္ေဆာက္ျခင္း၊ ထားဝယ္ခ႐ိုင္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ျဖန႔္ျဖဴးျခင္း၊ ပုေလာၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမ တည္ေဆာက္ျခင္း လုပ္ငန္းမ်ားကို လုပ္ကိုင္ခြင့္ျပဳခဲ့သည့္ ကိစၥမ်ားႏွင့္ ပတ္သက္၍ စစ္ေဆးခဲ့ေၾကာင္း သိရွိရသည္။
#Myanmar_Online_News #ေဒါက္တာလဲ့လဲ့ေမာ္ #F_22_Sunny #GGS

0 comments:

Post a Comment