Saturday, September 5, 2020

နေပြည်တော်တွင် KTV ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်ခြင်း ရှိ၊မရှိ စစ်ဆေး

နေပြည်တော်ရှိ မြို့နယ်များ၌ COVID-19) ရောဂါဖြစ်ပွားနေသော ကာလအတွင်း ရောဂါကူးစက်မှုအား ထိန်းချုပ်တားဆီးနိုင်ရန်အတွက် KTV ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်ခြင်းမရှိစေရေး ရှောင်တခင်စစ် ဆေးခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုး သားအဆင့်ဗဟိုကော်မတီ ၏ KTV များဖွင့်လှစ်ခြင်းမပြုရန် အမိန့်နှင့်ညွှန်ကြားချက်အား လိုက်နာခြင်းမရှိဘဲ ဖွင့်လှစ်လုပ်ကိုင်ခြင်း မရှိစေရေး နေပြည်တော်ရဲတပ်ဖွဲ့၊ ဒုတိ ယတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်သော် ဦးစီး၍ တာဝန်ရှိသူများက စက်တင်ဘာ ၃ ရက် (၂၀၃၀) အချိန်မှစတင်ကာ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးရာတွင် ညွှန်ကြား ချက်များနှင့် အညီ ပိတ်သိမ်းထားရှိသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အမိန့်နှင့် ညွှန်ကြားချက်များအား လိုက်နာမှုမရှိဘဲဖွင့်လှစ်ခြင်းမပြုရန် အသိပေး ပြောကြားခဲ့ပြီး ညွှန်ကြားချက်များအတိုင်း လိုက်နာမှုမရှိဘဲ ဖွင့်လှစ် ကြောင်း စစ်ဆေး တွေ့ရှိပါက ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
>zawgyi<
နေပြည်တော်တွင် KTV ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်ခြင်း ရှိ၊မရှိ စစ်ဆေး
Saturday, September 5, 2020
နေပြည်တော်ရှိ မြို့နယ်များ၌ COVID-19) ရောဂါဖြစ်ပွားနေသော ကာလအတွင်း ရောဂါကူးစက်မှုအား ထိန်းချုပ်တားဆီးနိုင်ရန်အတွက် KTV ဆိုင်များ ဖွင့်လှစ် လုပ်ကိုင်ခြင်းမရှိစေရေး ရှောင်တခင်စစ် ဆေးခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုး သားအဆင့်ဗဟိုကော်မတီ ၏ KTV များဖွင့်လှစ်ခြင်းမပြုရန် အမိန့်နှင့်ညွှန်ကြားချက်အား လိုက်နာခြင်းမရှိဘဲ ဖွင့်လှစ်လုပ်ကိုင်ခြင်း မရှိစေရေး နေပြည်တော်ရဲတပ်ဖွဲ့၊ ဒုတိ ယတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်သော် ဦးစီး၍ တာဝန်ရှိသူများက စက်တင်ဘာ ၃ ရက် (၂၀၃၀) အချိန်မှစတင်ကာ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးရာတွင် ညွှန်ကြား ချက်များနှင့် အညီ ပိတ်သိမ်းထားရှိသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အမိန့်နှင့် ညွှန်ကြားချက်များအား လိုက်နာမှုမရှိဘဲဖွင့်လှစ်ခြင်းမပြုရန် အသိပေး ပြောကြားခဲ့ပြီး ညွှန်ကြားချက်များအတိုင်း လိုက်နာမှုမရှိဘဲ ဖွင့်လှစ် ကြောင်း စစ်ဆေး တွေ့ရှိပါက ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

0 comments:

Post a Comment