Monday, September 30, 2019

၀င္းႏွင့္ေဇာ္တို႔အတြက္ ထုိင္းဘုရင္မင္းျမတ္ထံ အသနားခံစာတင္ျပရာတြင္ ရဲစခန္းႏွင့္ရပ္ကြက္ေထာက္ခံစာမ်ား ပူးတြဲတင္ျပမည္

Image may contain: 2 people

ထုိင္းဘုရင္မင္းျမတ္ထံ လိပ္ကၽြန္းလူသတ္မႈႏွင့္ပတ္သက္ၿပီး အယူခံဝင္ရာတြင္ ပူးတြဲတင္ျပႏုိင္ရန္အတြက္ ရဲစခန္းႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမ်ားမွ ေထာက္ခံစာမ်ားေတာင္းယူထားေၾကာင္း သိရသည္။

လက္ရွိတြင္ ထုိင္းဘုရင္မင္းျမတ္ထံအယူခံတင္ႏုိင္ရန္ ျမန္မာသံအမတ္ႀကီးဦးေဆာင္ကာ ထုိင္းေရွ႕ေနမ်ား ေကာင္စီႏွင့္ ေဆြးေႏြးညိွႏိႈင္းေဆာင္ရြက္ေနေၾကာင္း သိရသည္။
“ အခုကေတာ့ ရခုိင္က ရဲစခန္း၊ နယ္ေျမခံရဲစခန္းနဲ႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရုံးကအက်င့္စာရိတၱ ေကာင္းမြန္ေၾကာင္းေထာက္ခံစာ၊ ရာဇဝတ္မႈကင္းရွင္းေၾကာင္း ေထာက္ခံစာေတြေတာင္းထားပါတယ္။ ေရွ႕အပတ္ထဲမွာပဲ ထုိင္းကိုေရာက္ပါတယ္။ အဲဒါေတြကအသနားခံစာတင္တဲ့အခါမွာ ပူးတြဲတင္ျပရမွာ ျဖစ္ပါတယ္” ဟု ဦးေအာင္မ်ိဳးသန္႔က ေျပာသည္။
အဆိုပါ အမႈမွာ ထိုင္းႏိုင္ငံေတာင္ပိုင္း၊ ဆူရတ္ဌာနီခရိုင္ရွိခိုေတာင္ကၽြန္း (လိပ္ကၽြန္း)တြင္ ၂၀၁၄ ခုႏွစ္ ကုန္ပိုင္းက ၿဗိတိန္ႏိုင္ငံသားႏွစ္ဦးျဖစ္သည့္ ေဒးဗစ္ေမလာႏွင့္ ဟန္နာဝစ္သာရစ္ဂ်္တို႔ႏွစ္ဦး သတ္ျဖတ္ခံရသည့္ လိပ္ကြၽန္းလူသတ္မႈႏွင့္ ပတ္သက္၍ ကိုဝင္းေဇာ္ထြန္းႏွင့္ ကိုေဇာ္လင္းတို႔ကို လူသတ္မႈ၊ ပစၥည္းလုယူမႈ၊ အဓမၼက်င့္မႈ စသည့္အမႈခုနစ္မႈတို႔ျဖင့္ ထိုင္းႏိုင္ငံေတာင္ပိုင္း ေကာ့စေမြတရား႐ုံးက ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာ ၂၄ ရက္တြင္ ေသဒဏ္ခ်မွတ္ခဲ့ျခင္း ျဖစ္သည္။ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ (၂၁) ရက္တြင္ ေကာ့စေမြတရားရံုးမွတစ္ဆင့္ အဆင့္ျမင့္ထုိင္းအယူခံတရားရံုးသို႔ ေနာက္ဆံုး အယူခံတင္ခဲ့ၿပီးေနာက္ ၂၀၁၈ ခုႏွစ္၊ မတ္လ (၂၃) ရက္၌ ထိုင္းအဆင့္ျမင့္တရားရံုးသို႔ ေနာက္ဆံုးအယူခံတင္သြင္းခဲ့ျပီး ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ႏြန္ထဘုရီခရုိင္တရားရံုး၌ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ ၂၉ ရက္တြင္ ေဇာ္လင္းႏွင့္ဝင္းေဇာ္ထြန္းတို႔အား မူလျပစ္ဒဏ္ျဖစ္သည့္ေသဒဏ္သာထပ္မံခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
Image may contain: 2 people, people smiling, closeup

<Unicode>
၀င်းနှင့်ဇော်တို့အတွက် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်ပြရာတွင် ရဲစခန်းနှင့်ရပ်ကွက်ထောက်ခံစာများ ပူးတွဲတင်ပြမည်
Tuesday, October 1, 2019

ထိုင်းဘုရင်မင်းမြတ်ထံ လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်ပြီး အယူခံဝင်ရာတွင် ပူးတွဲတင်ပြနိုင်ရန်အတွက် ရဲစခန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှ ထောက်ခံစာများတောင်းယူထားကြောင်း သိရသည်။
လက်ရှိတွင် ထိုင်းဘုရင်မင်းမြတ်ထံအယူခံတင်နိုင်ရန် မြန်မာသံအမတ်ကြီးဦးဆောင်ကာ ထိုင်းရှေ့နေများ ကောင်စီနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။
“ အခုကတော့ ရခိုင်က ရဲစခန်း၊ နယ်မြေခံရဲစခန်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကအကျင့်စာရိတ္တ ကောင်းမွန်ကြောင်းထောက်ခံစာ၊ ရာဇဝတ်မှုကင်းရှင်းကြောင်း ထောက်ခံစာတွေတောင်းထားပါတယ်။ ရှေ့အပတ်ထဲမှာပဲ ထိုင်းကိုရောက်ပါတယ်။ အဲဒါတွေကအသနားခံစာတင်တဲ့အခါမှာ ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်” ဟု ဦးအောင်မျိုးသန့်က ပြောသည်။
အဆိုပါ အမှုမှာ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင်ရှိခိုတောင်ကျွန်း (လိပ်ကျွန်း)တွင် ၂၀၁၄ ခုနှစ် ကုန်ပိုင်းက ဗြိတိန်နိုင်ငံသားနှစ်ဦးဖြစ်သည့် ဒေးဗစ်မေလာနှင့် ဟန်နာဝစ်သာရစ်ဂျ်တို့နှစ်ဦး သတ်ဖြတ်ခံရသည့် လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ကို လူသတ်မှု၊ ပစ္စည်းလုယူမှု၊ အဓမ္မကျင့်မှု စသည့်အမှုခုနစ်မှုတို့ဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေတရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်တွင် ကော့စမွေတရားရုံးမှတစ်ဆင့် အဆင့်မြင့်ထိုင်းအယူခံတရားရုံးသို့ နောက်ဆုံး အယူခံတင်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်၊ မတ်လ (၂၃) ရက်၌ ထိုင်းအဆင့်မြင့်တရားရုံးသို့ နောက်ဆုံးအယူခံတင်သွင်းခဲ့ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နွန်ထဘုရီခရိုင်တရားရုံး၌ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်တွင် ဇော်လင်းနှင့်ဝင်းဇော်ထွန်းတို့အား မူလပြစ်ဒဏ်ဖြစ်သည့်သေဒဏ်သာထပ်မံချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#ဝင်းနှင့်ဇော် #justice_for_win_and_zaw
#Myanmar_Online_News

0 comments:

Post a Comment