Saturday, September 5, 2020

KTV ၊ Bar ၊ အနှိပ်ခန်း များနှင့် လူ ၂၀၀ ကျော်ကို ဖမ်းဆီး

တိုင်းဒေသကြီး၊ ပြည်နယ် ၉ ခု၊ မြို့နယ် ၁၈ မြို့နယ်တို့မှ KTV၊ Bar ၁၀ ဆိုင်၊ အနှိပ်ခန်း ၈ ခန်း၊ ပြည့်တန်ဆာအိမ် ၂ အိမ်နှင့် တရားခံ ၂၀၅ ဦးတို့အား ဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်များ၌ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း ပြည်ထဲရေးက ထုတ်ပြန်ထားချက်အရ သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရန် အတွက် KTV၊ Bar၊ အနှိပ်ခန်းများ ဖွင့်လှစ် လုပ်ကိုင်ခြင်း မပြုရန် ထုတ်ပြန်ထားသော်လည်း တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း၌ လိုက်နာခြင်း မရှိဘဲ တရားမဝင် ဖွင့်လှစ် လုပ်ကိုင်နေသည့် နေအိမ်၊ဆိုင်များကို စက်တင်ဘာလ ၂ ရက်နှင့် ၃ ရက်တို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင် ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ ရှောင်တခင် ဝင်ရောက်ရှာဖွေ စစ်ဆေး ဖော်ထုတ်ခြင်းများ ပြုလုပ်ခဲ့ရာ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့မှ KTV ဆိုင် ၁ ဆိုင်၊ ပြည့်တန်ဆာအိမ် ၂ အိမ်တို့မှ ပိုင်ရှင်၊ မန်နေဂျာ၊ လုပ်ကိုင်သူအမျိုးသမီးများနှင့် ဧည့်သည် စုစုပေါင်း ၁၃ ဦးနှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ KTV ဆိုင် ၁ ဆိုင်မှ ပိုင်ရှင်၊ ဆိုင်ဝန်ထမ်း စုစုပေါင်း ၄ ဦးတို့ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်း တိုင်းဒေသကြီး၊ ကောလင်းမြို့ရှိ KTV ဆိုင် ၁ ဆိုင်မှ မန်နေဂျာ၊ ဆိုင်ဝန်ထမ်း၊ လာရောက်သီဆိုသူနှင့် အကူသီဆိုသူ စုစုပေါင်း ၁၆ ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နှင့် တောင်ငူမြို့တို့ရှိ တရားမဝင် အနှိပ်ခန်း ၂ ခန်းမှ ပိုင်ရှင်၊ အနှိပ်သမ များနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း ၂၀ ဦး၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နှင့် ဆောမြို့တို့ရှိ တရားမဝင်အနှိပ်ခန်း ၂ ခန်းမှ ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ်သမများနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း ၃၁ ဦး၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်၊ အမရပူရမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့ရှိ တရားမဝင် အနှိပ်ခန်း ၃ ခန်းမှ ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ်သမများနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း ၃၂ ဦးတို့ကို ဖမ်းဆီးအရေးယူခဲ့သည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ KTV ဆိုင် ၁ ဆိုင်မှ ပိုင်ရှင် ၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီးရှိ ဗဟန်းမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်နှင့် တာမွေမြို့နယ် တို့မှ KTV/Bar ဆိုင် ၂ ဆိုင်၊ တရားမဝင်အနှိပ်ခန်း ၁ ခန်းတို့မှ ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ်သမများ၊ ဧည့်သည်နှင့် အကူ သီဆိုသူ စုစုပေါင်း ၅၂ ဦး၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ လားရှိုးမြို့နှင့် တာချီလိတ် မြို့တို့ရှိ KTV/Bar ဆိုင် ၄ ဆိုင်မှ ပိုင်ရှင်၊ မန်နေဂျာ၊ အကူသီဆိုသူနှင့် လာရောက် သီဆိုသူ စုစုပေါင်း ၃၆ ဦးတို့ကို အသီးသီး အရေးယူခဲ့ကြောင်း ပြည်ထဲရေးက ထုတ်ပြန်ထားချက်အရ သိရသည်။
>zawgyi<
KTV ၊ Bar ၊ အနှိပ်ခန်း များနှင့် လူ ၂၀၀ ကျော်ကို ဖမ်းဆီး
Saturday, September 5, 2020
တိုင်းဒေသကြီး၊ ပြည်နယ် ၉ ခု၊ မြို့နယ် ၁၈ မြို့နယ်တို့မှ KTV၊ Bar ၁၀ ဆိုင်၊ အနှိပ်ခန်း ၈ ခန်း၊ ပြည့်တန်ဆာအိမ် ၂ အိမ်နှင့် တရားခံ ၂၀၅ ဦးတို့အား ဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်များ၌ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက် ထားကြောင်း ပြည်ထဲရေးက ထုတ်ပြန်ထားချက်အရ သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရန် အတွက် KTV၊ Bar၊ အနှိပ်ခန်းများ ဖွင့်လှစ် လုပ်ကိုင်ခြင်း မပြုရန် ထုတ်ပြန်ထားသော်လည်း တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း၌ လိုက်နာခြင်း မရှိဘဲ တရားမဝင် ဖွင့်လှစ် လုပ်ကိုင်နေသည့် နေအိမ်၊ဆိုင်များကို စက်တင်ဘာလ ၂ ရက်နှင့် ၃ ရက်တို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင် ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ ရှောင်တခင် ဝင်ရောက်ရှာဖွေ စစ်ဆေး ဖော်ထုတ်ခြင်းများ ပြုလုပ်ခဲ့ရာ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့မှ KTV ဆိုင် ၁ ဆိုင်၊ ပြည့်တန်ဆာအိမ် ၂ အိမ်တို့မှ ပိုင်ရှင်၊ မန်နေဂျာ၊ လုပ်ကိုင်သူအမျိုးသမီးများနှင့် ဧည့်သည် စုစုပေါင်း ၁၃ ဦးနှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ KTV ဆိုင် ၁ ဆိုင်မှ ပိုင်ရှင်၊ ဆိုင်ဝန်ထမ်း စုစုပေါင်း ၄ ဦးတို့ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်း တိုင်းဒေသကြီး၊ ကောလင်းမြို့ရှိ KTV ဆိုင် ၁ ဆိုင်မှ မန်နေဂျာ၊ ဆိုင်ဝန်ထမ်း၊ လာရောက်သီဆိုသူနှင့် အကူသီဆိုသူ စုစုပေါင်း ၁၆ ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နှင့် တောင်ငူမြို့တို့ရှိ တရားမဝင် အနှိပ်ခန်း ၂ ခန်းမှ ပိုင်ရှင်၊ အနှိပ်သမများနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း ၂၀ ဦး၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နှင့် ဆောမြို့တို့ရှိ တရားမဝင်အနှိပ်ခန်း ၂ ခန်းမှ ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ်သမများနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း ၃၁ ဦး၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်၊ အမရပူရမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့ရှိ တရားမဝင် အနှိပ်ခန်း ၃ ခန်းမှ ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ်သမများနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း ၃၂ ဦးတို့ကို ဖမ်းဆီးအရေးယူခဲ့သည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ KTV ဆိုင် ၁ ဆိုင်မှ ပိုင်ရှင် ၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီးရှိ ဗဟန်းမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်နှင့် တာမွေမြို့နယ် တို့မှ KTV/Bar ဆိုင် ၂ ဆိုင်၊ တရားမဝင်အနှိပ်ခန်း ၁ ခန်းတို့မှ ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ်သမများ၊ ဧည့်သည်နှင့် အကူ သီဆိုသူ စုစုပေါင်း ၅၂ ဦး၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ လားရှိုးမြို့နှင့် တာချီလိတ် မြို့တို့ရှိ KTV/Bar ဆိုင် ၄ ဆိုင်မှ ပိုင်ရှင်၊ မန်နေဂျာ၊ အကူသီဆိုသူနှင့် လာရောက် သီဆိုသူ စုစုပေါင်း ၃၆ ဦးတို့ကို အသီးသီး အရေးယူခဲ့ကြောင်း ပြည်ထဲရေးက ထုတ်ပြန်ထားချက်အရ သိရသည်။

0 comments:

Post a Comment