Saturday, September 5, 2020

တောင်ကြီး တက္ကသိုလ်မှာ Quarantine ဝင်နေတဲ့ အမျိုးသမီး ၁ ဦး သေဆုံး

ရှမ်းပြည်နယ် တောင်ကြီးတက္ကသိုလ်မှာ ဒီကနေ့မနက် အစောပိုင်းက Quarantine ဝင်နေသူ ၁ ဦး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
တောင်ကြီး တက္ကသိုလ်မှာ Quarantineဝင် နေတဲ့ ဒေါ်နန်းအေးဟွမ် ၃၃ နှစ်၊ (ဘ) ဦးကာလိန္န၊ ရှမ်း/ဗုဒ္ဓ၊ သီပေါမြို့နယ်၊ ဘော်ကြိုအုပ်စု၊ ဟိုမော်စာ ကျေးရွာ နေသူဟာ စဝ်စံထွန်းဆေးရုံမှာ ဆေးကုသမှု ခံယူနေစဉ် စက်တင်ဘာလ ၄ ရက် ညပိုင်းအချိန်က အဖျား တက်လာတဲ့ အတွက် တောင်ကြီး စဝ်စံထွန်း ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေစဉ် သေဆုံး သွားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ Quarantine ဝင်ရောက်နေစဉ် သေဆုံးမှု အနေနဲ့ အခု လူနာက ဒုတိယ ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် တခုလုံးမှာ COVID-19 ရောဂါ သံသယဖြင့် Quarantine ဝင်နေသူ စက်တင်ဘာ ၂ ရက်နေ့အထိ ၃၀၉၆ ဦး ရှိကြောင်း ထုတ်ပြန်ချက်များ အရ သိရပါတယ်။
>zawgyi<
တောင်ကြီး တက္ကသိုလ်မှာ Quarantine ဝင်နေတဲ့ အမျိုးသမီး ၁ ဦး သေဆုံး
Saturday, September 5, 2020
ရှမ်းပြည်နယ် တောင်ကြီး တက္ကသိုလ်မှာ ဒီကနေ့မနက် အစောပိုင်းက Quarantine ဝင်နေသူ ၁ ဦး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
တောင်ကြီး တက္ကသိုလ်မှာ Quarantineဝင် နေတဲ့ ဒေါ်နန်းအေးဟွမ် ၃၃ နှစ်၊ (ဘ) ဦးကာလိန္န၊ ရှမ်း/ဗုဒ္ဓ၊ သီပေါမြို့နယ်၊ ဘော်ကြိုအုပ်စု၊ ဟိုမော်စာ ကျေးရွာ နေသူဟာ စဝ်စံထွန်းဆေးရုံမှာ ဆေးကုသမှု ခံယူနေစဉ် စက်တင်ဘာလ ၄ ရက် ညပိုင်းအချိန်က အဖျား တက်လာတဲ့ အတွက် တောင်ကြီး စဝ်စံထွန်း ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေစဉ် သေဆုံး သွားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ Quarantine ဝင်ရောက်နေစဉ် သေဆုံးမှု အနေနဲ့ အခု လူနာက ဒုတိယ ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် တခုလုံးမှာ COVID-19 ရောဂါ သံသယဖြင့် Quarantine ဝင်နေသူ စက်တင်ဘာ ၂ ရက်နေ့အထိ ၃၀၉၆ ဦး ရှိကြောင်း ထုတ်ပြန်ချက်များ အရ သိရပါတယ်။

0 comments:

Post a Comment