Monday, September 30, 2019

(၅၅) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

Image may contain: one or more people and indoorImage may contain: 10 people, indoor

အောက်တိုဘာ(၁)ရက် နံနက်ပိုင်းတွင် (၅၅) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို နေပြည်တော်မှာ ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို (၁၉၆၄)ခုနှစ် အောက်တိုဘာ(၁)ရက်က ပြည်သူ့ရဲတပ်ဖွဲ့ အမည်နဲ့ စတင်ဖွဲ့စည်း ခဲ့တာဖြစ်ပါတယ်။စတင်ဖွဲ့စည်းခဲ့တဲ့ အောက်တိုဘာ(၁)ရက်ကို ရဲတပ်ဖွဲ့နေ့အဖြစ်သတ်မှတ်ခဲ့ပြီး (၁၉၉၅) ခုနှစ် အောက်တိုဘာ(၁)ရက်မှာတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လို့ အမည်ပြောင်းလဲ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ယခု (၅၅) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးတချို့တို့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ အငြိမ်းစား ရဲအရာရှိကြီးတွေတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
Image may contain: one or more people and indoor
<<Zawgyi>>
Tuesday, October 1, 2019


0 comments:

Post a Comment