Thursday, July 3, 2014

ထိုင်းအွန်လိုင်းမှာ နာမည်ကြီးနေတဲ့ မယ်သီလရှင်

ထိုင်း နိုင်ငံ အွန်လိုင်း လောကမှာ နာမည်ကြီးနေတဲ့ သန်းကြွယ်သူဋ္ဌေး မယ်သီလရှင် တဦးပါ။ သူ့နာမည်က မယ်သီလရှင် ချယ်ရီတဲ့။



ဓာတ်ပုံ- Khaosod
လူတွေက မယ်သီလရှင် ချယ်ရီကို သတိထားမိသွားတာကတော့ အွန်လိုင်းမှာ တနေ့က ဘတ်ငွေ သန်းချီ တန် တဲ့ Porche ကား အကောင်းစားကို ကိုယ်တိုင်းလာတဲ့ ဓာတ်ပုံတွေ တက်လာပြီး နောက်ပိုင်း မှာ ပါဘဲ။ ဒီ ဓာတ်ပုံတွေက ထိုင်းနိုင်ငံသားတွေကြားမှာ အမြင်စိမ်းပြီး ထူးခြားနေတာပေါ့။

ကမ္ဘာပေါ်တွင် ဆွဲဆောင်မှု အပြည့်ဝဆုံး နပန်းအားကစားမယ်များ



သာမန်အားဖြင့် နပန်းအားကစားသည် ကြမ်းကြမ်းတမ်းတမ်း ခက်ခက်ထန်ထန် အမျိုးသားများအတွက်သာ သင့်လျော်သည်ဟု ယူဆစရာ ရှိသည်။ သို့သော် အမျိုးသမီးများတွင်လည်း အမျိုးသားများနည်းတူ နပန်းအားကစားနှင့် ပတ်သက်၍ ပါရမီ ပြည့်ဝထက်သန်သူများ ရှိနေသည်။

အမျိုးသမီး နပန်းသမားများအနက်မှ အချို့ကမူ သူမတို့ ရွေးချယ်သည့် အားကစားနှင့် မလိုက်ဖက်အောင် ချောမောလှပသူ၊ ဆွဲဆောင်မှု ပြည့်ဝလွန်းသူများ ဖြစ်နေတတ်ပြန်သည်။

မန္တလေးတွင် ပုဒ်မ ၁၄၄ ထုတ်ပြီ


ဇူလိုင် ၃ ရက်က မန္တလေးမြို့တွင် မွတ်ဆလင်များနေထိုင်ရာ ရပ်ကွက်တစ်ခုကို စောင့်ကြပ်နေသော ရဲတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ − စိုးဇေယျာထွန်း/ရိုက်တာ)

ဘာသာရေး လူမျိုးရေးပဋိပက္ခအသွင် အုပ်စုဖွဲ့အကြမ်းဖက်မှုများ ဖြစ်ပွားနေသော မန္တလေးမြို့တွင် ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း ညမထွက်ရအမိန့် ပုဒ်မ-၁၄၄ ကို မန္တလေးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဇူလိုင် ၃ ရက် (ယနေ့)ညနေပိုင်းက ထုတ်ပြန်လိုက်သည်။

Wednesday, July 2, 2014

ကိုလံဘီယာနှင့်ပွဲတွင် ရိုဒရီဂွတ်ဇ်ကို ဘရာဇီး ထိန်းချုပ်ထားနိုင်ရန် နေမာမျှော်လင့်



ကိုလံဘီယာနှင့် ကစားမည့် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွင် ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ကို မလှုပ်နိုင်အောင် ထိန်းချုပ်ထားရန် ကြိုးစားရမည်ဟု ဘရာဇီး တိုက်စစ်မှူး နေမာက ဝန်ခံပြောကြားခဲ့သည်။

ကိုလံဘီယာ အသင်း၏ တောင်ပံတိုက်စစ်သမားသည် ကမ္ဘာ့ဖလားတွင် အကောင်းဆုံး ခြေစွမ်းရနေပြီး ပွဲတိုင်းဂိုးသွင်းကာ စုစုပေါင်း (၅)ဂိုးထိ ရရှိထားသည်။ အိမ်ရှင်ဘရာဇီး အသင်း၏ ကြယ်ပွင့် ကစားသမား နေမာကမူ လက်ရှိအချိန်တွင် (၄)ဂိုး သွင်းယူထားပြီး ဖြစ်သည်။

ကမ္ဘာ့ဖလားမှ ထွက်ခွာခဲ့ရသော်လည်း အမေရိကန်အသင်း၏ အားထုတ်မှုကို သမ္မတအိုဘားမား ဂုဏ်ပြု


ဓာတ်ပုံ- အမေရိကန်နှင့် ဘယ်လ်ဂျီယံပွဲကို အိမ်ဖြူတော် ဝန်ထမ်းများနှင့်အတူ တက်တက်ကြွကြွ အားပေးနေသည့် အိုဘားမား (Daily Mail)

ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ရှုံးနိမ့်ထွက်ခွာခဲ့သော်လည်း အကောင်းဆုံး ကစားခဲ့သည့် အမေရိကန် အသင်းကို သမ္မတ ဘာရတ်အိုဘားမားက ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

အမေရိကန်သည် ဘယ်လ်ဂျီယံကို အချိန်ပိုတွင် (၂-၁)ဖြင့် အရေးနိမ့်ပြီး ကမ္ဘာ့ဖလား (၁၆)သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရသော်လည်း အမေရိကန် တစ်နိုင်ငံလုံးက မိမိတို့၏ လက်ရွေးစင်အသင်း လုပ်ဆောင်နိုင်ခဲ့သမျှအတွက် ဂုဏ်ယူ အားပေးခဲ့ကြသည်။ဇူလိုင်လ (၂)ရက်နေ့က အိမ်ဖြူတော်၏ သတင်းပြန်ကြားရေး ဌာနက အမေရိကန်၏ ဝါရင့် ကစားသမားကြီး နှစ်ဦးဖြစ်သော ကွင်းလယ်လူ ကလင့်ဒမ့်ဆေးနှင့် ဂိုးသမား တင်ဟောင်းဝပ်တို့ အပါအဝင် အသင်းသားများကို သမ္မတက ဂုဏ်ပြုခဲ့ကြောင်း ဖော်ပြခဲ့သည်။

ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရေမွှေးများ



ရေမွှေးများသည် အလှအပနှင့် ဖက်ရှင်ဆိုင်ရာ အသုံးအဆောင် တစ်ခုအဖြစ်သာမကဘဲ လူ့အဆင့်အတန်းကို တိုင်းတာသည့် အဆောင်အယောင် တစ်ခုအဖြစ်လည်း မှတ်ယူနိုင်မည် ဖြစ်သည်။

ချမ်းသာကြွယ်ဝသူများက တန်ဖိုးကြီး ရေမွှေးအမှတ်တံဆိပ်များကို ဂုဏ်ယူစွာ ဝယ်ယူအသုံးပြုလေ့ရှိကြသည်။ ပမာဏ အနည်းငယ်မျှသာ ပါဝင်သည့် ရေမွှေးပုလင်းလေးများကို ငွေကြေးအမြောက်အမြားဖြင့် ဝယ်ယူပြီး ဂုဏ်သရေ၊ စိတ်ခံစားချက်တို့၏ ပြယုဂ်သဖွယ် ဆွတ်ဖျန်းကြသည်။

နိုင်ငံတော်သမ္မတကြီး ဘုရားပေါ် ဖိနပ်စီးသည်ဟု ဖြန့်ချိနေခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းချက်



● ဇွန် ၃၀ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟေနန် ပြည်နယ် လော့ယန်မြို့ မြင်းဖြူကျောင်းတော်မှာရှိတဲ့ မဟာစိနပဘာ ရွှေတိဂုံပုံတူ စေတီတော် ရွှေထီးတော်တင် မဟာမင်္ဂလာအခမ်းအနားနဲ့ သာသနိက အဆောက်အအုံများ ဖွင့်ပွဲ အခမ်းအနားများကို ကျင်းပခဲ့ရာမှာ နိုင်ငံတော်သမ္မတကြီးနဲ့ မြန်မာနိုင်ငံအစိုးရ ကိုယ်စားလှယ်တွေ တက်ရောက်ကြည်ညိုခဲ့ကြပါတယ်။

ဘရာဇီး ကမ်းလွန်မှ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေပွေးများ နေထိုင်ရာကျွန်း



ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုမြို့၏ ကမ်းလွန်ပင်လယ်ပြင်ရှိ ကျွန်းတစ်ကျွန်းကို အစိုးရက လူအများ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံး မြွေမျိုးစိတ်များ ရှင်သန်ပေါက်ဖွားနေခြင်းကြောင့် ဖြစ်သည်။

ဆော်ပေါ်လို ကမ်းလွန်မှ မိုင်(၂၀)မျှ ကွာဝေးသော နေရာတွင် တည်ရှိသည့် အီလ်ဟာဒီ ကွီမာဒါ ဂရန်ဒီကျွန်းကို မြွေကျွန်းဟုလည်း တင်စားခေါ်ဝေါ်လေ့ ရှိသည်။ စတုရန်းပေ (၄၆၃၀)မျှသာ ကျယ်ဝန်းသည့် ကျွန်းလေးသည် ကမ္ဘာပေါ်တွင် Golden Lancehead Viper (ရွှေလှံဖျားမြွေပွေး)များ ရှင်သန်ပေါက်ဖွားသည့် တစ်ခုတည်းသော နေရာလည်း ဖြစ်သည်။

တယ်လီနော၊ အော်ရီဒူးနှင့် မမြင်နိုင်သော လက်နက်ပုန်း ဖုန်းဘေလ်များ

မြန်မာ့ဆက်သွယ်ရေး ဆိုတဲ့ MPT ကို လူအများ ကျိန်ဆဲနေတာ ကြာပေါ့ဗျာ။ အဝိုင်း လည်နေတာနဲ့ပဲ ဖုန်းဘေလ်ကုန်လို့ ဆိုတာကိုး။ အရင်ကတော့ ကျွန်တော့်စာတွေကို ပုံနဲ့တွဲသုံးသဗျ။ နောက်ပိုင်း ကျွန်တော့်မြန်မာပြည်က မိတ်ဆွေ စာဖတ်ပရိသတ်ကို အားနာလာတော့ များသောအားဖြင့် ပုံသိပ်မထည့်ဘဲ စာတွေရေးပါတယ်။ အခုနောက်ပိုင်း စက်တင်ဘာလမှာ တယ်လီနောက ဖုန်းကတ်တွေ ရောင်းပေးမယ်ဆိုတော့ မြန်မာနိုင်ငံက မိတ်ဆွေများ ပျော်ကြလေသည်ပေါ့။ သို့ပေမယ့် အလေးထား ဂရုစိုက်ရမယ့် အချက်တွေ အများကြီး ရှိနေပါလျက်နဲ့ ကုလားပိုင်လို့၊ တရုတ်ပိုင်လို့ မသုံးဘူး အော်နေကြတာတွေကို တွေ့ရပါတယ်။ အထူးအလေးထားသင့်တဲ့ အချက်တွေကို သတိမပြုကြလေတော့ သတိပေးချင်တာလေး တွေကို ရေးသားတင်ဆက် လိုက်ရပါတယ်ဗျာ။

Tuesday, July 1, 2014

10 Most Beautiful Women in Sports

10. Caroline Wozniacki



9. Anastasia Luppova



8. Michelle Wie



7. Becky Hammon


6. Anna Rawson



5. Ana Ivanovic



4. Alicia Sacramone


3. Alex Morgan


2. Alana Blanchard



1. Brittney Palmer



Photo-WondersList

၄၃၆ ပြင်ဆင်ရေး ပြည်သူလူထု သဘောထားလက်မှတ် ကောက်ယူရာတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အရေအတွက် ၏ လေးပုံတစ် ပုံခန့်သာရရှိသေးသည့်အတွက် အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် တိုက်တွန်း

ရန်ကုန်၊ ဇူလိုင် ၁- ရန်ကုန်တိုင်းဒေ သကြီးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၃၆ပြင်ဆင်ရေးပြည်သူလူထု သဘောထား လက်မှတ်ကောက်ယူ ရာတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအရေအတွက် ၏ လေးပုံတစ်ပုံခန့်သာရ ရှိသေးသည့် အတွက် အရှိန်အဟုန်မြှင့်လုပ်ဆောင် ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး၊ အလုပ်အမှု ဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဋ္ဌေးက တိုက်တွန်းပြောကြားလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် လူ ဦးရေခြောက်သန်းခွဲရှိသည့်အနက် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ လေးသန်း ကျော်ရှိပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင် ဆင်ရေးပြည်သူ လူထုလက်မှတ် ကောက်ယူရရှိမှုမှာ ခုနစ်သိန်း ကိုး သောင်းကျော် ကောက်ခံ ရရှိပြီးဖြစ် ကြောင်း သိရသည်။

ဘယ်လ်ဂျီယံနှင့် အာဂျင်တီးနားတို့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်တက်



ဇူလိုင်လ (၁)ရက်နေ့ညက ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလား (၁၆)သင်း ရှုံးထွက်အဆင့် ပွဲစဉ်များတွင် အချိန်ပိုထိ ကစားပြီးမှ အာဂျင်တီးနားနှင့် ဘယ်လ်ဂျီယံတို့ ကွာတားဖိုင်နယ် အဆင့်သို့ အသီးသီး တက်ရောက်သွားခဲ့သည်။



အာဂျင်တီးနား ၀ - ၀ ဆွစ်ဇာလန် (အချိန်ပိုတွင် ၁-၀ ဖြင့် အာဂျင်တီးနား အနိုင်ရ)

အာဂျင်တီးနား အသင်းသည် လူစုံတက်စုံ ပွဲထွက်လာပြီး ဆွစ်ဇာလန် အသင်းကို ရင်ဆိုင်ခဲ့သော်လည်း ဥရောပ အသင်း၏ စနစ်တကျ တုံ့ပြန်မှုများကြောင့် မိနစ်(၉၀)လုံးလုံး ဂိုးမသွင်းနိုင်ဘဲ ရုန်းကန်ခဲ့ရသည်။ အချိန်ပို မိနစ်(၃၀) ကစားရာတွင်လည်း (၂၈)မိနစ် ကြာမြင့်သည်အထိ ဆွစ်ဇာလန်၏ စနစ်တကျ ပိတ်ဆို့ထားသည့် ခံစစ်ကို ဖြိုခွဲရန် အာဂျင်တီးနား အဖြေရှာ မတွေ့ခဲ့ချေ။ သို့သော်လည်း အချိန်ပို ပြီးဆုံးရန် (၂)မိနစ် အလိုတွင် ကွင်းလယ်ကြောမှ မက်ဆီ ဆွဲယူလာပြီး ညာခြမ်းရှိ ဒီမာရီယာထံ သပ်သပ်ရပ်ရပ် ဘောလုံးထုတ်ပေးလိုက်ရာ ဒီမာရီယာက အနိမ့်ထောင့်ဖြတ် ကန်သွင်းပြီး အာဂျင်တီးနားတို့ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ရှေးခေတ်ထိုင်းစစ်သားတွေရဲ့ ခေတ်သစ်လက်နက်တွေ ဖယ်ရှားခံရ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Wat Chedi Luang လို့ ခေါ်တဲ့ ဘုန်းကြီးကျောင်းရှိ နံရံဆေးရေးပန်းချီကားများပေါ်က ရှေးခေတ် ထိုင်း စစ်သည်တော်တို့ ကိုင်စွဲထားတဲ့ ခေတ်သစ်လက်နက်တွေကို ဖယ်ရှားပစ်ခဲ့ရပါတယ်။



ဓာတ်ပုံ- ဘန်ကောက်ပို့စ်
နံရံဆေးရေးပန်းချီတွေမှာ ရှေးခေတ်ထိုင်း စစ်သားတွေက M79 လောင်ချာတွေ၊ M 16 မောင်းပြန်ရိုင်ဖယ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ ပစ္စတိုတွေ ကိုင်ဆောင်ထားကြပုံတွေက လူအများကို စိတ်ဝင်စားစေခဲ့ပါတယ်။

One More အဖွဲ့ သိန်းလေးထောင် လှူဒါန်းနိုင်ခဲ့ပြီ

One More အဖွဲ့ တည်ထောင်ပြီး လူ ၁ ဦး၊ ၁ လ၊ ၁,ဝဝဝ နှုန်း စုဆောင်း လှူဒါန်းနေတာ ဘယ်လောက်အထိ ခရီးရောက်နေပြီလဲ။



One More ရဲ့တပ်မှူးတဦးဖြစ်တဲ့ ကိုမောင်မောင်စိုး
သုံးနှစ်ပြည့်တော့မယ့်အချိန်မှာ သိန်း ၄,ဝဝဝ လှူဒါန်းနိုင်ခဲ့ပြီလို့ သိရပါတယ်။

ကမ္ဘာကျော် သရုပ်ဆောင် ဂျက်လီရဲ့ One Foundation က ၁ ဦး၊ ၁ ယွမ် ထည့်ဝင် လှူဒါန်းတဲ့ အစီအစဉ်ကိုကြည့်ပြီး One More အဖွဲ့ တည်ထောင်ခဲ့တာပါ။

ကယားပြည်နယ်မှ ကရင်နီပြည်နယ်သို့ ပြောင်းလဲရန် ဒေသခံအများစု သဘောတူ



ကယားပြည်နယ်မှာ ကယား၊ ကယန်း၊ ကယော၊ဂေဘား၊ ယင်း တလဲ စသည့်လူမျိုးများ အများဆုံးနေထိုင်ကြသော ပြည်နယ်ကြီး တစ်ခုဖြစ်ပြီး ယခုအခါကယား ပြည်နယ်မှ ကရင်နီပြည်နယ်သို့ ပြောင်းရန်ဒေသခံအများစု သဘောတူညီကြသည်ဟု သိရ သည်။

“ပါတီတစ်ခုအနေနဲ့ရော၊ ပုဂိ္ဂုလ်အနေနဲ့ပါကရင်နီပြည်နယ် လို့ ပြန်ခေါ်မယ်ဆိုရင် သဘောတူပါတယ်။ ကယားပြည်နယ်ပဲ ဆက်ခေါ်မယ်ဆိုရင်ကယားလူ မျိုးစုတစ်ခုတည်း ဦးစားပေးတာဖြစ်သွားနိုင်တယ်။ ကယားပြည် နယ်ရဲ့မူရင်းအမည်ကလည်း ကရင်နီပြည်နယ်ပါပဲ။ ကရင်နီလို့သာ ခေါ်မယ်ဆိုရင် လူမျိုးစုတစ်ခု တည်းမဟုတ်ဘဲကယန်း၊ ကယား၊ ကယော၊ ဂေဘားစတဲ့ လူမျိုးတွေအားလုံးကိုခေါ်တာပါပဲ။ ဒါမှ ဒီ လူမျိုးတွေကငါတို့ပြည်နယ်လို့ ခံစားချက်ရှိမယ်”ဟု ကယန်းပါတီ (KNP) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခွန်ကလဲမင်းက ပြောသည်။

ရိုးရာအမွေ မြန်မာ့ သနပ်ခါး


မြန်မာ့သနပ်ခါးဟု ဆိုလိုက်လျှင်ပင် အမျိုးသမီးများနှင့် ခွဲခြားမရပေ။ နိုင်ငံတော်၏ အပူဒဏ် အန္တရာယ် ကာကွယ်ရေး နှိုးဆော်ချက်တွင်လည်း နံပါတ် (၁၁)တွင် မိတ်ဖု၊ ယားနာများ ထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါး လိမ်းခြင်းတို့ကို ပြုလုပ်ပါဟု ကျန်းမာရေး ဝန်ကြီး ဌာနက ကြေညာထားသည်။ (အပရန္တတိုင်း) တမ္ပဝတီတိုင်းတို့ ကောင်းစားစဉ်က တည်းကပင် သနပ်ခါးကို အမျိုးသမီးသာမက အမျိုးသားများပင် သုံးစွဲလာခဲ့သည်ဟု ရှေးဟောင်းကျမ်းဂန် များတွင် ဖော်ပြထားကြောင်း သိရသည်။

သူဟာ လိမ်ညာတတ်တဲ့သူ တစ်ယောက်လား



လေ့လာတွေ့ရှိချက်တွေအရတော့ လက်ထပ်ထားတဲ့သူ၊ စေ့စပ်ထားတဲ့သူတွေထဲက ၆၀ရာခိုင်နှုန်းဟာ အပြင်မှာ တခြားတစ်ယောက်နဲ့ တစ်ခါလောက်တော့ အိပ်ဖူးကြပါတယ်တဲ့။ သူတို့ရဲ့ဇနီးမယားတွေကတော့ ဒီအကြောင်းကို လုံးဝကို မသိလိုက်ရတဲ့အဖြစ်ပေါ့။ ကဲ ဒီတော့ အိမ်ရှင်မတွေ၊ အမျိုးသမီးတွေ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ့် အနေအထားလေးတွေ ရှိပါတယ်။ အဲ့ဒီအတွက် ကိုယ့်ခင်ပွန်းယောင်္ကျား ကိုယ့်အပေါ် ဘယ်လိုဆက်ဆံနေသလဲ၊ သူ့မှာ ဘယ်လိုအကျင့်စရိုက်ရှိသလဲ စတာလေးတွေ ကြည့်ပြီး သူတို့ကိုယ့်ကို လိမ်ညာနေသလားဆိုတာ ကြည့်ကြည့်ရအောင်။

အလုပ်ရှင် အလုပ်သမား ပြဿနာများ မဖြေရှင်းနိုင်ပါက ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးနိုင်ဟုဆို


ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၌ လုပ်ခလစာ အပါအဝင် အလုပ်ရှင်၊ အလုပ်သမား ပြဿနာများ ဖြစ်ပေါ်လျက်ရှိပြီး စက်မှုဇုန်များလည်း တိုးလာနေရာ အလုပ်ရှင်၊ အလုပ်သမား ပြဿနာများ မဖြေရှင်းနိုင်ပါက ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးနိုင်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးသန်းစိုးမြင့်က ပြောကြားသည်။

ဥရောပသား ဂျီဟတ်များ အမေရိကန်အတွက် အန္တရာယ်ရှိဟု အိုဘားမား သတိပေး


ဂျီဟတ် လုပ်ငန်းစဉ်များကို အားပေး ထောက်ခံသော ဥရောပသားများသည် ဆီးရီးယား နှင့် အီရတ်သို့ သွားရောက်ကာ တိုက်ပွဲများ ဆင်နွှဲပြီးနောက် ဥရောပသို့ ပြန်လာနေကြရာ ထိုသူများသည် ဥရောပ နိုင်ငံကူး လက်မှတ် ကိုင်ဆောင် ထားသူများ ဖြစ်သောကြောင့် အမေရိကန် နိုင်ငံတွင်းသို့လည်း ဗီဇာမလိုဘဲ ၀င်ရောက် နိုင်နေသဖြင့် အမေရိကန် အတွက်များစွာ အန္တရာယ် ကြီးလာကြောင်း အမေရိကန်သမ္မတ ဘားရက် အိုဘားမားက သတိပေး ပြောကြား လိုက်သည်။

ပါကစ္စတန် မိန်းကလေး (၁) ဦး ဓာတ်ဆီလောင်း မီးရှို့သတ်ဖြတ်ခံရ


ပါကစ္စတန် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးသည် ၎င်းအား လူတစ်ဦးက လက်ထပ်ခွင့် တောင်းသည်ကို ငြင်းပယ်ခဲ့သည့် အတွက် ဓာတ်ဆီဖြင့် လောင်းကာ မီးတင်ရှို့ ခံခဲ့ရကြောင်း သိရသည်။
ယခုအမှုမှာ ပန်ဂျပ်ပြည်နယ်အတွင်း ရက်အနည်းငယ်အတွင်း ထပ်ဖြစ်ခဲ့သည့် ဒုတိယမြောက် ရက်စက်စွာ သတ်ဖြတ်မှု လည်းဖြစ်သည်။ ဖြစ်စဉ်မှာ စနေနေ့က ပြည်နယ်အတွင်းရှိ တိုဘာတက်ဆင်းဂ်မြို့မှ ရွာတစ်ရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ မိန်းကလေး မှာ အသက် (၁၈) နှစ်အရွယ် ဖြစ်ပြီး ဆစ်ဒရာရှော်ခက်ဟု အမည်ရကာ နေအိမ်တွင် မိဘများမရှိခိုက် ဖေယတ်အာ ဆလမ် (၂၂) နှစ်ဆိုသူက အတင်း ၀င်ရောက်လာခဲ့ပြီး၊ ၎င်းကို ဓာတ်ဆီဖြင့်လောင်းကာ မီးတင်ရှို့ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဖြစ်စဉ်ကို အေအက်ဖ်ပီ သတင်းဌာနသို့ ပြောဆိုသည်။ ““သူ့ကို ဒေသခံဆေးရုံကို ခေါ်သွားခဲ့ ပါတယ်။