Thursday, July 3, 2014

မန္တလေးတွင် ပုဒ်မ ၁၄၄ ထုတ်ပြီ


ဇူလိုင် ၃ ရက်က မန္တလေးမြို့တွင် မွတ်ဆလင်များနေထိုင်ရာ ရပ်ကွက်တစ်ခုကို စောင့်ကြပ်နေသော ရဲတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ − စိုးဇေယျာထွန်း/ရိုက်တာ)

ဘာသာရေး လူမျိုးရေးပဋိပက္ခအသွင် အုပ်စုဖွဲ့အကြမ်းဖက်မှုများ ဖြစ်ပွားနေသော မန္တလေးမြို့တွင် ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း ညမထွက်ရအမိန့် ပုဒ်မ-၁၄၄ ကို မန္တလေးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဇူလိုင် ၃ ရက် (ယနေ့)ညနေပိုင်းက ထုတ်ပြန်လိုက်သည်။ပုဒ်မ -၁၄၄ အမိန့်သည် မန္တလေးခရိုင် ခုနစ်မြို့နယ်ရှိသည့်အနက် ပုသိမ်ကြီးမြို့နယ် မပါဝင်ဘဲ မန္တလေးစည်ပင်သာယာနယ်နိမိတ်ဖြစ်သည့် မြို့နယ်ခြောက်မြို့နယ်တွင် ယနေ့ညမှ စတင်ကာ အာဏာသက်ရောက်မည် ဖြစ်သည်။

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ဈေးချိုတော်အနီးတစ်ဝိုက် ဒေသများတွင် ဇူလိုင် ၁ ရက် ညမှ စတင်ကာ အုပ်စုဖွဲ့အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ယမန်နေ့ညက အမျိုးသားနှစ်ဦး အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည်။


7Day Daily

0 comments:

Post a Comment