Tuesday, July 1, 2014

ပါကစ္စတန် မိန်းကလေး (၁) ဦး ဓာတ်ဆီလောင်း မီးရှို့သတ်ဖြတ်ခံရ


ပါကစ္စတန် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးသည် ၎င်းအား လူတစ်ဦးက လက်ထပ်ခွင့် တောင်းသည်ကို ငြင်းပယ်ခဲ့သည့် အတွက် ဓာတ်ဆီဖြင့် လောင်းကာ မီးတင်ရှို့ ခံခဲ့ရကြောင်း သိရသည်။
ယခုအမှုမှာ ပန်ဂျပ်ပြည်နယ်အတွင်း ရက်အနည်းငယ်အတွင်း ထပ်ဖြစ်ခဲ့သည့် ဒုတိယမြောက် ရက်စက်စွာ သတ်ဖြတ်မှု လည်းဖြစ်သည်။ ဖြစ်စဉ်မှာ စနေနေ့က ပြည်နယ်အတွင်းရှိ တိုဘာတက်ဆင်းဂ်မြို့မှ ရွာတစ်ရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ မိန်းကလေး မှာ အသက် (၁၈) နှစ်အရွယ် ဖြစ်ပြီး ဆစ်ဒရာရှော်ခက်ဟု အမည်ရကာ နေအိမ်တွင် မိဘများမရှိခိုက် ဖေယတ်အာ ဆလမ် (၂၂) နှစ်ဆိုသူက အတင်း ၀င်ရောက်လာခဲ့ပြီး၊ ၎င်းကို ဓာတ်ဆီဖြင့်လောင်းကာ မီးတင်ရှို့ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဖြစ်စဉ်ကို အေအက်ဖ်ပီ သတင်းဌာနသို့ ပြောဆိုသည်။ ““သူ့ကို ဒေသခံဆေးရုံကို ခေါ်သွားခဲ့ ပါတယ်။ အဲဒီဆေးရုံက ပင်မဆေးရုံကြီးကို ထပ်လွှဲလိုက်ပါတယ်။ ဒါပေမဲ့ ဆေးရုံကြီးကို မရောက်ခင် သေဆုံးသွားခဲ့ရတာပါ””ဟု ရဲတပ်ဖွဲ့အရာရှိတစ်ဦး ဖြစ်သူ မိုဟမ္မဒ် အက်ကရမ်က ပြောသည်။ ၎င်းက လူငယ်ဖြစ်သူ အာဆလမ်သည် ရှော်ခက် မိန်းကလေးကို ချစ်ခွင့်ပန်ပြီး လက်ထပ်ခွင့် တောင်းခဲ့သော် လည်း မိန်းကလေး၏ မိသားစုက ငြင်းပယ်ခြင်း ခံခဲ့ရကြောင်းဆိုသည်။ ယခုအခါ ရဲတပ်ဖွဲ့က အာဆလမ်ကို လူသတ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်း ထားပြီးဖြစ်သည်။

ပန်ဂျပ်ပြည်နယ်တွင် ပြီးခဲ့သော ကြာသပတေးနေ့ကလည်း ဆယ်ကျော်သက် မိန်းကလေး တစ်ဦးဖြစ်သူ မာဖီယာဘီဘီ (၁၇) နှစ်နှင့် သူမ၏ ခင်ပွန်းသည် ဖြစ်သူ မူဟမ်မက်ဆာဂျတ် (၃၁) နှစ် တို့သည် မိဘများဆန္ဒကို ဆန့်ကျင်ကာ လက်ထပ် ထိမ်းမြားခဲ့မှုဖြင့် ဒတ်စကာမြို့တွင် ညပိုင်း၌ ဘီဘီ၏ ဦးလေးနှစ်ဦး၊ အဘိုး ဖြစ်သူနှင့် အမေဖြစ်သူတို့၏ ၀ိုင်းဝန်း သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

Messenger News Journal

0 comments:

Post a Comment