Tuesday, July 1, 2014

ဥရောပသား ဂျီဟတ်များ အမေရိကန်အတွက် အန္တရာယ်ရှိဟု အိုဘားမား သတိပေး


ဂျီဟတ် လုပ်ငန်းစဉ်များကို အားပေး ထောက်ခံသော ဥရောပသားများသည် ဆီးရီးယား နှင့် အီရတ်သို့ သွားရောက်ကာ တိုက်ပွဲများ ဆင်နွှဲပြီးနောက် ဥရောပသို့ ပြန်လာနေကြရာ ထိုသူများသည် ဥရောပ နိုင်ငံကူး လက်မှတ် ကိုင်ဆောင် ထားသူများ ဖြစ်သောကြောင့် အမေရိကန် နိုင်ငံတွင်းသို့လည်း ဗီဇာမလိုဘဲ ၀င်ရောက် နိုင်နေသဖြင့် အမေရိကန် အတွက်များစွာ အန္တရာယ် ကြီးလာကြောင်း အမေရိကန်သမ္မတ ဘားရက် အိုဘားမားက သတိပေး ပြောကြား လိုက်သည်။ဆီးရီးယား ပြည်တွင်းစစ်တွင် ဂျီဟတ်များအဖြစ် သွားရောက်ကာ သူပုန်များထဲ ရောပါ တိုက်ပွဲဝင်နေသော ပြင်သစ် နိုင်ငံသား (၈၀၀)၊ ဘယ်လ်ဂျီယံ နိုင်ငံသား (၂၀၀) ၊ ဗြိတိန်နိုင်ငံသား (၄၀၀) ထိ ရှိနေကြောင်း သက်ဆိုင်ရာ နိုင်ငံများ၏ ထုတ်ပြန်ချက်များက ဖော်ပြနေသည်။

ဂျီဟတ်အဖြစ် ခံယူထားသော ဥရောပသားများ အမေရိကန်သို့ ၀င်ရောက်မလာနိုင် ရေးအတွက် ကြိုတင် ကာကွယ်မှုများ အရှိန်မြှင့် လုပ်ဆောင် နေကြောင်း မစ္စတာအိုဘားမားက အေဘီစီ သတင်းဌာနက ပြုလုပ်သည့် ယခုတစ်ပတ် ရုပ်သံ အစီအစဉ်တွင် ထည့်သွင်း ပြောကြားသွားသည်။

မေလ (၂၄) ရက်နေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ ဂျူးပြတိုက်တွင် လူလေးဦးကို သေနတ်သမား တစ်ဦးက ပစ်ခတ် သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။ ပစ်ခတ်သူသည် ပြင်သစ်-အယ်ဂျီးရီးယား နွယ်ဖွား မာဒီနမ်နိုချီဆို သူဖြစ်ပြီး ထိုသူသည် ဂျီဟတ် အဖြစ်ခံယူကာ ဆီးရီးယားတွင် သူပုန်များနှင့် ရောပြီး တစ်နှစ်နီးပါး တိုက်ပွဲဝင်ခဲ့ကာ စစ်အတွေ့အကြုံ ကောင်းကောင်း ရှိထားသူ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ရာ ဂျီဟတ် ဥရောပသားများ၏ အန္တရာယ်ကြီးမားပုံကို အနောက်နိုင်ငံများ အလေးထား စဉ်းစား အဖြေရှာလျက် ရှိနေသည်။

Messenger News Journal

0 comments:

Post a Comment