Thursday, July 3, 2014

ကမ္ဘာပေါ်တွင် ဆွဲဆောင်မှု အပြည့်ဝဆုံး နပန်းအားကစားမယ်များ



သာမန်အားဖြင့် နပန်းအားကစားသည် ကြမ်းကြမ်းတမ်းတမ်း ခက်ခက်ထန်ထန် အမျိုးသားများအတွက်သာ သင့်လျော်သည်ဟု ယူဆစရာ ရှိသည်။ သို့သော် အမျိုးသမီးများတွင်လည်း အမျိုးသားများနည်းတူ နပန်းအားကစားနှင့် ပတ်သက်၍ ပါရမီ ပြည့်ဝထက်သန်သူများ ရှိနေသည်။

အမျိုးသမီး နပန်းသမားများအနက်မှ အချို့ကမူ သူမတို့ ရွေးချယ်သည့် အားကစားနှင့် မလိုက်ဖက်အောင် ချောမောလှပသူ၊ ဆွဲဆောင်မှု ပြည့်ဝလွန်းသူများ ဖြစ်နေတတ်ပြန်သည်။ကြိုးစားအားထုတ်မှု၊ ပင်ကိုစွမ်းရည်တို့ ပြည့်ဝသည့်အပြင် လှပခြင်း ဂုဏ်ရည်နှင့်ပါ ပြည့်စုံသည့် ကမ္ဘာ့ ဆွဲဆောင်မှု အပြည့်ဝဆုံး နပန်းမယ် ၁၀ ဦးကို ရွေးချယ် ဖော်ပြအပ်ပါသည်။

၁၀။ ဆီလက်စ်တီ ဘာရီလ်ဘိုနင်


အမေရိကန် နိုင်ငံသူ ဘိုနင်သည် WWE နပန်းပွဲများတွင် Kaitlynဆိုသော အမည်ဖြင့် ပါဝင်ယှဉ်ပြိုင်ရင်း တစ်ကမ္ဘာလုံး၌ ပရိသတ်များစွာ ရရှိထားသည်။

အသက်(၂၇)နှစ်ရှိ အားကစားမယ်သည် အမေရိကန်တွင် မော်ဒယ်တစ်ဦး၊ ကာယကြံ့ခိုင်ရေး သင်တန်းဆရာမ တစ်ဦးအဖြစ်လည်း လူသိများသူဖြစ်သည်။

၉။ အိဗ်တောရက်စ်


အိဗ်တောရက်စ်၏ ပရော်ဖက်ရှင်နယ် အသက်မွေး အလုပ်အကိုင်များတွင် အကမယ်၊ မော်ဒယ် စသည့် နယ်ပယ်များလည်း ပါဝင်သည်။ သို့သော်လည်း နပန်းမယ် တစ်ဦးအဖြစ် ပရိသတ် အားပေးမှုကို အများဆုံး ရရှိထားသည်။

WWE နပန်းပြိုင်ပွဲများတွင် သူမသည် နာမည်ရင်းဖြစ်သည့် Eveအနေဖြင့်ပင် ယှဉ်ပြိုင်လေ့ရှိသည်။

၈။ ဂျေမီလင်းဇန်ထရီ


အမေရိကန် နပန်းမယ် တစ်ဦးဖြစ်ပြီး Toronto Nonstop Action Wrestling (TNA)နှင့် လက်မှတ်ရေးထိုးထားသည့် ပရော်ဖက်ရှင်နယ် တစ်ဦးဖြစ်သည်။

ကြိုးဝိုင်းထဲတွင် ဇန်ထရီကို Velvet Sky ဆိုသော အမည်ဖြင့် လူသိများသည်။ ကမ္ဘာပေါ်တွင် နပန်းဝါသနာရှင် အမြောက်အမြား၏ အားပေးမှုကို ရရှိထားသူလည်း ဖြစ်သည်။

၇။ ဆာရာဘက်ခ်မန်း


ကမ္ဘာပေါ်တွင် အတော်ဆုံး၊ အထက်ဆုံး နပန်းမယ် တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ခံထားရသည့် ဘက်ခ်မန်းသည် ဆွီဒင်နိုင်ငံသူ တစ်ဦးဖြစ်သည်။

အသက်(၂၂)နှစ်သာ ရှိသေးပြီး ၂၀၁၂ ခုနှစ်က နပန်းနယ်ပယ်တွင် စတင်အခြေချလာခဲ့သည်။ နောက်တစ်နှစ် အကြာတွင် WWEပြိုင်ပွဲများ၌ သူမ၏ မူရင်းအမည်ဖြင့်ပင် ပါဝင်ယှဉ်ပြိုင်လာခဲ့သည်။ ဆွီဒင်တွင် ရိုက်ကူးသည့် ရုပ်မြင်သံကြား အစီအစဉ် တစ်ခုတွင်မူ ဘက်ခ်မန်းက Spiritဆိုသော အမည်ကို အသုံးပြုခဲ့သည်။

၆။ သီယာထရီနီဒက်


ထရီနီဒက်သည် အမေရိကန် ပရော်ဖက်ရှင်နယ် နပန်းအားကစားမယ် တစ်ဦးဖြစ်ပြီး Velvet Skyကဲ့သို့ပင် TNAနှင့် စာချုပ်ချုပ်ထားသူဖြစ်သည်။

အသက်(၂၃)နှစ် အရွယ်ရှိ ထရီနီဒက်၏ ကြိုးဝိုင်းတွင်း လူသိများသော အမည်မှာ Divina Flyဖြစ်သည်။ ၎င်းသည် FWE Promotion အစီအစဉ်တွင် Rostinaဆိုသည့် အမည်ကို ခံယူအသုံးပြုခဲ့သည်။

၅။ ဘရွတ်ခ်အဒမ်စ်


နပန်းပရိသတ် မြောက်မြားစွာတို့က အဒမ်စ်သည် နပန်းပညာ အထူးချွန်ဆုံးနှင့် အလှဆုံး အားကစားမယ် တစ်ဦးအဖြစ် သတ်မှတ်ထားခဲ့သည်။

အသက်(၃၀)အရွယ်ရှိ အဒမ်စ်သည် Brookeဆိုသည့် အမည်ရင်းဖြင့်ပင် ကြိုးဝိုင်းများအတွင်း ယှဉ်ပြိုင်လေ့ရှိသည်။ သူမသည် အမေရိကန်တွင် ပရိသတ် လက်ခံသည့် မော်ဒယ်တစ်ဦးလည်း ဖြစ်သည်။

၎။ မေဒီဆန်ရိုင်းန်


TNAနှင့် စာချုပ်ချုပ်ထားသည့် ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီး နပန်းပညာရှင် တစ်ဦးအဖြစ် ရိုင်းန်ကို ညွှန်းဆိုလေ့ရှိသည်။ သူမ၏ ပညာဂုဏ်ရော၊ အလှဂုဏ်ကြောင့်ပါ ကမ္ဘာအနှံ့မှ ပရိသတ် အများအပြား ရရှိထားသူ ဖြစ်သည်။

နပန်းကြိုးဝိုင်းများထဲတွင် Amber Lively၊ Ashley Lane၊ Lexi Laneဆိုသော အမည်များအပြင် သူမ၏ အမည်ရင်းနှင့်ပါ ယှဉ်ပြိုင်ခဲ့ဖူးသည်။

၃။ ဆာရာယာဂျိတ်ဘီဗစ်


အသက်(၂၁)နှစ်ရှိ ဗြိတိသျှ နပန်းမယ်သည် WWE ကြိုးဝိုင်းများထဲတွင် Paigeဆိုသော အမည်ဖြင့် ယှဉ်ပြိုင်လျက်ရှိသည်။

သူမအတွက် အသုံးများသည့် အခြားအမည်မှာ Britani Knightဖြစ်သည်။ အသတ်အပုတ် ကျွမ်းကျင်သည့်အပြင် ငယ်ဂုဏ်ရော၊ လှဂုဏ်ကြောင့်ပါ ပရိသတ် အမြောက်အမြား ရရှိထားသည်။

၂။ မာရီယာကနဲလစ်


အခြားသော နပန်းမယ်အားလုံးထက် ကနဲလစ်က ပိုမို၍ အနုပညာဆန်သည်ဟု ဆိုရမည် ဖြစ်သည်။ သူမသည် မော်ဒယ်တစ်ဦး၊ သရုပ်ဆောင်တစ်ဦးအပြင် အဆိုတော်၊ တေးရေးဆရာမ တစ်ဦးလည်း ဖြစ်နေပြန်သည်။

ကြိုးဝိုင်းထဲတွင် Mariaအဖြစ် ပရိသတ်များ သိရှိထားသည့် အမေရိကန် နပန်းမယ်သည် ယခုအခါ အသက်(၃၂)နှစ် ရှိနေပြီဖြစ်သည်။

၁။ ဘာဘရာဂျင်းဘလန့်ခ်


WWE ပြိုင်ပွဲများတွင် ဘလန့်ခ်ကို ကြိုးဝိုင်းအတွင်းမှ နာမည်ဖြစ်သော Kelly Kelly အနေဖြင့် လူသိများသည်။ ကမ္ဘာပေါ်တွင် အလှဆုံး နပန်းမယ်အဖြစ် ညွှန်းဆိုရမည့် Kelly Kellyသည် ယခုအခါ အသက်(၂၇)နှစ် ရှိနေပြီ ဖြစ်သည်။

မော်ဒယ်တစ်ဦးအနေဖြင့်လည်း အသက်မွေးနေသည့် Kelly Kellyသည် မိန်းမလှလေး တစ်ဦးအနေဖြင့်လည်း အမျိုးသား နပန်းပရိသတ်များ၏ အာရုံကို ညှို့ငင်နိုင်သူ တစ်ဦးဖြစ်ပြီး ယခုစာရင်း၏ နံပါတ်(၁) နေရာအတွက် ထိုက်တန်သည်ဟု ဆိုနိုင်သည်။


7Day Daily

0 comments:

Post a Comment