Sunday, November 2, 2014

ကိုယ့်ချစ်သူနဲ့ ချိန်းတွေ့တဲ့အခါ ရုပ်ရှင်ဇာတ်လမ်းတွေမှာ ပါဝင်နေကျ နည်းလမ်းတွေအတိုင်း မလုပ်ဆောင်သင့်



ရုပ်ရှင်ထဲက အချစ်ဇာတ်လမ်းတွေအရ အတုယူစရာ အကောင်းဆုံး စံနှုန်းတစ်ခုအဖြစ် သတ်မှတ်ထားတဲ့ ချိန်းတွေ့ခြင်းက ညစာအတူစားတာ၊ ရုပ်ရှင်ကြည့်တာတွေပေါ့။ ထပ်ပြီး ရုပ်ရှင်အချစ်ဇာတ်လမ်းတွေအရ ကိုယ်ချစ်မိသွားတဲ့ ကောင်မလေးကို ပြတင်းပေါက်အပြင်ဘက်မှ စောင့်နေပြီး သူ့အိပ်တဲ့အချိန် ထိုင်စောင့်ပေးနေတာတွေက လက်ခံချင်စရာအချက်ဖြစ်ပေမယ့် အဲဒီနည်းဟာ အနှောက်အယှက် ဒုက္ခပေးရာလည်း ရောက်ပါတယ်။ အဲဒီလိုဆိုပေမဲ့ တကယ့်အပြင်လက်တွေ့ကျတော့ အမျိုးသမီးတစ်ယောက်ကို messages တွေ မတရားပို့မိပါက ဖုန်းတောင်ပိတ်ပစ်လိုက်ပါလိမ့်မယ်။ နောက်ပြီး သူညအိပ်နေတဲ့အချိန် သူအခန်းပြတင်းပေါက်အပြင်ဘက်က သစ်ပင်တစ်ပင်အောက်တွင် စောင့်ကြည့်နေပါက ကိုယ့်ကိုယ်ကို အချုပ်ခန်းထဲ မရောက် ရောက်အောင် ပို့နေသလိုဖြစ်ချင်ဖြစ်နေတတ်တယ်။

ဂုဏ်ရည်အေးကျော်
















ဖြစ်လာနိုင်သည့် ရွေးကောက်ပွဲ စနစ်သစ်အတွက် အသင့်ပြင်ထားဟု ရွေးကောက်ပွဲကော်မရှင်ပြော

လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူကလွှတ်တော်၌ မည်သည့်စနစ်ကျင့်သုံး သည်ဖြစ်စေ နည်းဥပဒေများဆွဲရန်၊ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ထားသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အသင့်ပြင်ထားသည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။



၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရေတွက်နေသည့် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် မဲရုံတစ်ရုံကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)
ရွေးကောက်ပွဲ စနစ်ပြောင်းရန် လွှတ်တော်များ၌ ဆွေးနွေးနေကြသည်။

အိန္ဒိယ ပါကစ္စတန်နယ်စပ် ဗုံးခွဲမှု ၅၀ ကျော်သေဆုံး

ပါကစ္စတန်မှာ ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသွားသူတွေ ကျန်ရစ်သူမိသားစုဝင်တွေက ကွယ်လွန်သူတွေကို အတည်ပြုဖို့ လာရောက်စုရုံးကြည့်ရှုစဉ်။ (နိုဝင်ဘာ ၂၊ ၂၀၁၄)

ပါကစ္စတန်နိုင်ငံ၊ လာဟိုးက ဗုံးခွဲတိုက်ခိုက်မှုတခုအတွင်း အနည်းဆုံး ၅၅ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံနဲ့ နယ်စပ် Wagah နယ်စပ်ဂိတ်အနီး ညနေခင်း အလံချအခမ်းအနား ကျင်းပရာမှာ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

အခမ်းအနားကိုတော့ နေမ၀င်ခင်မှာ စတင်ခဲ့ပြီး အခမ်းအနားကို ကြည့်ရှုဖို့ နိုင်ငံခြားသားခရီးသွားတွေအပါအ၀င် ရာပေါင်းများစွာသောသူတွေဟာ နှစ်နိုင်ငံနယ်စပ် တဘက်တချက်မှာ စုဝေးလေ့ရှိကြပါတယ်။

ဂျမတ် အယ်လ် အာရား ('Jamaat ul Ahrar') လို့ခေါ်တဲ့ ပါကစ္စတန် စစ်သွေးကြွအဖွဲ့တဖွဲ့ကတော့ အီးမေလ်ကနေတဆင့် သတင်းမီဒီယာဆီ ပေးပို့တဲ့ ကြေညာချက်ထဲမှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။ မြောက်ပိုင်း ၀ါဇီရစ်စတန် လူမျိုးစုဒေသမှာ သူပုန်တွေ အပေါ် အစိုးရရဲ့ တန်ပြန်စစ်ဆင်ရေးအတွင်း ပါကစ္စတန်စစ်တပ်ရဲ့ လက်ချက်ကြောင့် သေဆုံးမှုတွေအတွက် လက်စားချေတာဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

ပန်ဂျပ်ပြည်နယ် ရဲမှူးချုပ် မူစတတ် စူကီရာ ကတော့ - အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်လိမ့်မယ်လို့ ဘယ်သူကမှ မမျှော်လင့်ခဲ့တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ တနင်္ဂနွေနေ့က အကြမ်းဖက်တိုက်ခိုက်မှုဟာဆိုရင် ၁၉၅၉ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တဲ့ အလံချအခမ်းအနားအနီးမှာ ပထမဆုံး အကြိမ် ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

VOA

မြန်မာ့အပြောင်းအလဲ နဲ့ အမေရိကန်သံအမတ်ကြီးရဲ့  အမြင်

VOA မြန်မာပိုင်း ရန်ကုန်ရုံးခွဲက ဒေါ်ခင်စိုးဝင်းက အမေရိကန်သံအမတ်ကြီး Derek Mitchell ကို သီးသန့်တွေ့ဆုံမေးမြန်းခန်း။

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာ့ပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံရေးနဲ့ စီးပွားရေး အထိုက်အလျောက် ပြောင်းလဲလာပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ကိစ္စ၊ မြေယာပိုင်ဆိုင်ခွင့် ကိစ္စတွေကို မဖြေရှင်းသရွေ့၊ ဖွဲ့စည်းပုံမှာ ဒီမိုကရေစီစနစ်အတွက် လိုအပ်တဲ့ အချက်တွေ မပြည့်စုံသေးသရွေ့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲဟာ ရှေရည်ခံတဲ့ အပြောင်းအလဲ ဖြစ်ပါ့မလား၊ စစ်မှန်ရဲ့လားဆိုတာကို ပြည်တွင်းကရော ပြည်ပကပါ စောင့်ကြည့် သုံးသပ်ကြမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ကပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အပြောင်းအလဲကို သမ္မတ Barack Obama နေပြည်တော်ကိုလာတဲ့အခါမှာ သူကိုယ်တိုင် ဆန်းစစ်လိမ့်မယ်လို့ သံအမတ်ကြီး Mitchell က VOA မြန်မာပိုင်းနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောကြားသွားပါတယ်၊ သံအမတ်ကြီး Derek Mitchell ကို ရန်ကုန်ရုံးက အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။

အဆိုတော် လိမ္မော်သီးက ကောလာဟလ ထုတ်လွှင့်သူကို တစ်ပတ်အတွင်း တောင်းပန်ရန် နိုင်ငံပိုင် သတင်းစာမှ သတိပေး

ရန်ကုန်၊ နိုဝင်ဘာ ၂ ရက်။ နာမည်ရ အမျိုးသား အိမ်ထောင်ရှိ အမျိုးသား အဆိုတော် တစ်ဦးနှင့် ပတ်သက်နေသည်ဟု ကောလာဟလ ထွက်ပေါ် ခဲ့မှုနှင့် ပတ်သက်ပြီး အဆိုတော် လိမ္မော်သီး (ခေါ်) ဂျူနိုက ယင်းကောလာဟလ ထုတ်လွှင့်သူကို တစ်ပတ်အတွင်း တောင်းပန်ရန် သတိပေးစာ တစ်ရပ်ကို နိုဝင်ဘာ ၁ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ထည့်သွင်း သတိပေး ခဲ့သည်။



ကောလာဟလ ထုတ်လွှင့်သူကို တရားဥပဒေဖြင့် ရင်ဆိုင်တော့မည့် အဆိုတော် လိမ္မော်သီး။

အဆိုပါ သတိပေး ကြော်ငြာချက်တွင် ကောလာဟလ ထုတ်လွှင့်သူ သက်ကိုကို (ခ) သမီးဆိုးသည် ယင်းသတင်း ပါရှိပြီး တစ်ပတ် အတွင်း၌ မတောင်းပန်ပါက ပြစ်မှုကြောင်း နှင့်တရားမကြောင်း အရ ပုဒ်မ တစ်ခုခုဖြင့် တရားစွဲ သွားမည်ဟု ဖော်ပြထားသည်။

Saturday, November 1, 2014

မြန်မာပြည် နေရာအနှံ့မှာ ရှိနေတဲ့ တစ္ဆေသရဲများ



ဟစ်ပ်ဟော့ပွဲတစ်ပွဲက အ၀င်ဝမှာ လက်မှတ်သိမ်းနေသူ တစ်ဦးဟာ အမျိုးသမီးငယ်တစ်ဦး
လက်မှတ်မပြဘဲ ဖြတ်ဝင်သွားတာကို သတိထားလိုက်မိပါတယ်။

လက်မှတ်တောင်းဖို့ လှည့်ပတ်ကြည့်လိုက်တော့ သူ့ရှေ့မှာတင် ကောင်မလေး ပျောက်သွားပါ
တယ်။

အပေးအယူလုပ်ဖို့ လိုအပ်နေတဲ့ ၄၃၆ ပြင်ဆင်ရေး

လွှတ်တော်အတွင်းရှိ တပ်မတော်သား ကိုယ်စားလှယ်အချို့ကို စက်တင်ဘာလ အတွင်းက တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပြည်သူတွေရဲ့ ကြီးမားတဲ့ မျှော်လင့်ချက်
ကတော့ အငြင်းပွားဖွယ်ရာတွေ ပြည့်နှက်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရေး
ပါပဲ။

လူငယ်တစ်ဦးကို ကိုယ်လုံးတီးချွတ်၍ အမှုစစ်သည့်ကိစ္စ ခုံရုံးဖွဲ့စစ်ဆေးမည်


ကိုယ်လုံးတီးချွတ် စစ်ဆေးနေစဉ်

ရွှေပြည်သာမြို့နယ်နေလူငယ်တစ်ဦးကိုအ၀တ်အစား များချွတ်ကာ ကိုယ်လုံးတီးဖြင့် ရဲ တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တို့ကစစ်ဆေးခြင်းနှင့် ပတ် သက်၍ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စည်းကာ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း ပြည်ထဲရေးဝန် ကြီးဌာနက ထုတ်ပြန်သည်။

ရုပ်ရှင် အကြိုခံစားခြင်း



မိသားစုနဲ့ ပျော်ပျော်ပါးပါးလေးကြည့်နိုင်မယ့် အမေရိကန်ဟာသ ဒရာမာဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဘရွတ်ကလင်းကို အိမ်ပြောင်းလာတဲ့မက်ဂီဟာ (၁၂) နှစ်အရွယ်သားလေး အိုလီဗာကို အိမ်နီးချင်းဖြစ်တဲ့ ပင်စင်စားစစ်ပြန်ကြီးဗင်းဆင့်ကို အပ်ထားခဲ့ရင်း ကြုံတွေ့ရတဲ့အဖြစ်အပျက်လေးတွေကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် အမျိုးသားဗန်းကိုင်များခေါ်ယူ


ပြီးခဲ့သည့်နှစ် အကယ်ဒမီပေးပွဲတွင်တွေ့ရသည့် ဗန်းကိုင်အမျိုးသမီးများ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးသည့် သက်တမ်းတစ်လျှောက် တွင် ထူးချွန်ဆုချီးမြှင့်သည့်နေရာ ၌ ပါဝင်ကူညီရန် အမျိုးသမီးများ ကိုသာ ခေါ်ယူလေ့ရှိသော်လည်း ယခုနှစ်တွင်မူ ပထမဆုံးအကြိမ် အမျိုးသားများကိုပါ ခေါ်ယူသွားရန် အစီအစဉ်ရှိကြောင်း သတင်းရရှိသည်။

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပြုတ်ကျခြင်းကြောင့် ဒဏ်ရာရသူ ၁၅ ဦးတွင် လေးဦးမှာ ပြင်းထန်


မီးလောင်ဒဏ်ရာများနှင့် သေဆုံးသွားသူတစ်ဦးကို သယ်ယူနေစဉ် (ဓာတ်ပုံ − တောင်ကြီးလူငယ်အဖွဲ့)

တောင်ကြီးတန်ဆောင် တိုင်ပွဲ ဒုတိယညတွင် ပရိသတ် များအတွင်းသို့ မီးပုံးပျံတစ်လုံး ပြုတ်ကျကာ လူ ၁၅ ဦး မီးလောင် ဒဏ်ရာများရခဲ့ပြီး လေးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သတင်း ရရှိသည်။

ယူ-၁၉ အသင်း ဂုဏ်ပြုဆုငွေ ကျပ်သိန်းလေးထောင်ကျော် ရရှိ


ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ယူ−၁၉ ဘောလုံးအသင်း အောင်ပွဲခံနေစဉ် (ဓာတ်ပုံ − နစ်ကီ)

၂၀၁၅ ကမ္ဘာ့ဖလားယူ- ၂၀ ပြိုင်ပွဲဝင်ခွင့်ရရှိခဲ့သည့် မြန်မာ့ လက်ရွေးစင်ယူ-၁၉ဘောလုံးအ သင်းအားဂုဏ်ပြုပွဲအခမ်းအနား တွင် အလှူရှင်များက ကျပ်သိန်း လေးထောင်ကျော် ချီးမြှင့်ခဲ့ ကြောင်း သတင်းရရှိသည်။

အရှေ့ဥရောပနိုင်ငံများသို့ သွားရောက်ရန် ကာကွယ်ရေးဦးစီးချုပ်ထွက်ခွာ


ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(ဓာတ်ပုံ - လင်းဘိုဘို/အီးပီအေ )

တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် နိုဝင်ဘာ ၁ရက် တွင် ဘီလာရုစ်နိုင်ငံအပါအ၀င် အရှေ့ဥရောပနိုင်ငံအချို့သို့ အလည် အပတ်သွားရောက်ရန် ထွက်ခွာ သွားပြီဖြစ်ကြောင်း သတင်းရရှိ သည်။ ကာကွယ်ရေးဦးစီးချုပ်၏အ ရှေ့ဥရောပနိုင်ငံများသို့ ခရီးစဉ်ကို ကာကွယ်ရေးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အောင်ရဲ ၀င်းက အတည်ပြုပြောသည်။

ပင်ကီကို



















Photo-Fashion Myanmar

တောင်ကြီး မီးပုံးပျံ ပြိုင်ပွဲဝင် မီးပုံးတစ်လုံးပျက်ကျ ၁၂ ဦးဒဏ်ရာရ

တောင်ကြီး တန်ဆောင်တိုင်ပြိုင်ပွဲဝင် ဦးကြီးခမ်းရပ်ကွက် ကိုယ်စားပြုပြိုင်သည့် ခွန်တန်မီးအဖွဲ့၏ ညမီးကြီး မီးပုံးတစ်လုံး နိုဝင်ဘာ ၁ရက် နံနက် ၁နာရီ ၁၈မိနစ်ခန့်က လွတ်တင်စဉ် ပေ ၂၀၀ ခန့်အရောက်၌ ပြန်လည်ပျက်ကျကာ မီးပုံပျံကွင်းအတွင်း လာကြည့်ရှုသည့် ပရိတ်သတ် ၁၂ ဦးပေါ်သို့ ယမ်းများထိမှန်ကာ မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်ဟု အဝေရာကွင်းအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။



(ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း)

"လူသေဆုံးမှုမရှိပါဘူး၊ အမျိုးသား ရှစ်ဦးနဲ့ အမျိုးသမီး လေးဦး ယမ်းလောင်ကျွမ်းတဲ့ ဒဏ်ရာတွေရရှိခဲ့ပါတယ်၊ အန္တရာယ်များတဲ့အတွက် အနီးကပ်သွားကြည့်တာမျိုးမလုပ်ဖို့ အနယ်နယ်အရပ်ရပ်က ပွဲလာသူတွေကို သတိပြုဆင်ခြင်စေချင်ပါတယ်” ဟု အဆိုပါ ရဲအရာရှိက ပြောသည်။