Saturday, November 1, 2014

အရှေ့ဥရောပနိုင်ငံများသို့ သွားရောက်ရန် ကာကွယ်ရေးဦးစီးချုပ်ထွက်ခွာ


ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(ဓာတ်ပုံ - လင်းဘိုဘို/အီးပီအေ )

တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် နိုဝင်ဘာ ၁ရက် တွင် ဘီလာရုစ်နိုင်ငံအပါအ၀င် အရှေ့ဥရောပနိုင်ငံအချို့သို့ အလည် အပတ်သွားရောက်ရန် ထွက်ခွာ သွားပြီဖြစ်ကြောင်း သတင်းရရှိ သည်။ ကာကွယ်ရေးဦးစီးချုပ်၏အ ရှေ့ဥရောပနိုင်ငံများသို့ ခရီးစဉ်ကို ကာကွယ်ရေးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အောင်ရဲ ၀င်းက အတည်ပြုပြောသည်။ဘီလာရုစ်နိုင်ငံသည် လက်နက်ကြီးများ ရောင်းဝယ်ရာတွင် နာမည်ကြီးသော နိုင်ငံဖြစ်ကြောင်းစစ်ရေးလေ့လာသူများက ဆိုသည်။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ်သည် ပြည်ပခရီးစဉ်များအ ဖြစ် တောင်ကိုရီးယား၊ ဂျပန်၊ တ ရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊မလေး ရှား၊ ထိုင်း၊ စင်ကာပူနှင့် ရုရှားနိုင် ငံများသို့ သွားရောက်လည်ပတ်ပြီးဖြစ်သည်

7Day Daily

0 comments:

Post a Comment