Saturday, November 1, 2014

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် အမျိုးသားဗန်းကိုင်များခေါ်ယူ


ပြီးခဲ့သည့်နှစ် အကယ်ဒမီပေးပွဲတွင်တွေ့ရသည့် ဗန်းကိုင်အမျိုးသမီးများ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးသည့် သက်တမ်းတစ်လျှောက် တွင် ထူးချွန်ဆုချီးမြှင့်သည့်နေရာ ၌ ပါဝင်ကူညီရန် အမျိုးသမီးများ ကိုသာ ခေါ်ယူလေ့ရှိသော်လည်း ယခုနှစ်တွင်မူ ပထမဆုံးအကြိမ် အမျိုးသားများကိုပါ ခေါ်ယူသွားရန် အစီအစဉ်ရှိကြောင်း သတင်းရရှိသည်။
‘‘ဒီနှစ်က မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးကစလုပ်တဲ့ နှစ်ဆို တော့ ခါတိုင်းပုံစံတွေထဲကနေ ခွဲ ထွက်ချင်တယ်။ တစ်ချိန်လုံးဒီပုံစံ ကြီးထဲမှာ မနေချင်ဘူး။ အဲဒါ ကြောင့် ခုနှစ်မှာ နည်းနည်းလေး ဆန်းသွားအောင် ယောက်ျားလေး တွေပါ ရွေးမယ်’’ဟု အကယ်ဒမီ ပံ့ပိုးမှုကော်မတီမှ ဒါရိုက်တာ အိအိခိုင်က ပြောသည်။

ယခင်နှစ်များတွင် ဗန်းကိုင် အမျိုးသမီးရှစ်ဦး ရွေးချယ်လေ့ရှိ သော်လည်း ယခုနှစ်တွင်မူ ထူးချွန်ဆုချီးမြှင့်သည့် နေရာ၌ ပါဝင်ကူ ညီနိုင်ရန် အမျိုးသား၊ အမျိုးသမီး စုံတွဲ ငါးတွဲ စုစုပေါင်း ဆယ်ဦးရွေးချယ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘တက်သစ်စ ကလေးတွေအ တွက်လည်း ဒီနေရာကနေ အခွင့် အရေးတွေရသွားမယ်။ အများအ မြင်မှာလည်း မျက်စိပသာဒဖြစ် စေချင်တယ်။ နှစ်တိုင်း မိန်းက လေးတွေချည်းပဲဆိုတာထက် ယောက်ျားလေးတွေလည်း ထည့် မယ်ဆိုတဲ့ အိုင်ဒီယာနဲ့ လုပ်ဖြစ် သွားတာပါ’’ဟု ဒေါ်အိအိခိုင်က ပြောသည်။

အကယ်ဒမီဗန်းကိုင် လျှောက်လွှာများကို နိုဝင်ဘာ ၄ ရက်မှစ တင်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးတွင် ထုတ်ယူနိုင်မည်ဖြစ်ပြီး နိုဝင်ဘာ ၂၈ ရက်နောက်ဆုံး လျှောက်ထားရမည်ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးက သတင်း ထုတ်ပြန်ထားသည်။

ဗန်းကိုင်ဆိုသည့် အသုံးအ နှုန်းကိုလည်း ပြောင်းလဲသွားရန် အစီအစဉ်ရှိပြီး လက်ရှိတွင် အ တည်တကျမဖြစ်သေးဘဲ စဉ်းစား သည့် အဆင့်တွင်သာ ရှိသေး ကြောင်း သတင်းရရှိသည်။


7Day Daily

0 comments:

Post a Comment