Saturday, November 1, 2014

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပြုတ်ကျခြင်းကြောင့် ဒဏ်ရာရသူ ၁၅ ဦးတွင် လေးဦးမှာ ပြင်းထန်


မီးလောင်ဒဏ်ရာများနှင့် သေဆုံးသွားသူတစ်ဦးကို သယ်ယူနေစဉ် (ဓာတ်ပုံ − တောင်ကြီးလူငယ်အဖွဲ့)

တောင်ကြီးတန်ဆောင် တိုင်ပွဲ ဒုတိယညတွင် ပရိသတ် များအတွင်းသို့ မီးပုံးပျံတစ်လုံး ပြုတ်ကျကာ လူ ၁၅ ဦး မီးလောင် ဒဏ်ရာများရခဲ့ပြီး လေးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သတင်း ရရှိသည်။နိုဝင်ဘာ ၁ ရက် နံနက်အ စောက ‘‘ခွန်တန်မီး’’ဟု နာမည်ပေးထားသည့် မီးပုံးပျံပွဲခင်းအတွင်း ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် တောင်ကြီး၊ ညောင်ရွှေဒေသခံ ၁၁ ဦးနှင့် ရန်ကုန်မြို့ဒေသခံလေးဦး မီးလောင်ဒဏ်ရာရခဲ့ကာ တောင်ကြီးစ၀်စံထွန်းဆေး ရုံနှင့် ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် ကုသနေရကြောင်း တောင်ကြီးမြို့ လူငယ်အဖွဲ့မှ ကိုရဲဝင်းနိုင်ကပြောသည်။

‘‘ဒဏ်ရာရတဲ့သူတွေ အား လုံး ဆေးရုံမှာ ကုနေရတယ်။ သူ တို့ကို အစိုးရအဖွဲ့ကလည်း ငွေ ကြေး ထောက်ပံ့ပေးတာမျိုး လုပ် ပေးတယ်။ စိုးရိမ်စရာ လူနာလေး ယောက်ရှိတာ မှန်ပါတယ်’’ ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့တာဝန် ရှိသူတစ်ဦးက ပြောသည်။

ဒဏ်ရာရသူများနှင့် ပတ် သက်၍ ရှမ်းပြည်နယ် အစိုးရအ ဖွဲ့က တိတိကျကျ မပြောသော် လည်း တစ်ကိုယ်လုံး မီးလောင် ဒဏ်ရာများ ရခဲ့ခြင်းဖြစ်သော ကြောင့် အသက်အန္တရာယ် စိုးရိမ် ရသော အခြေအနေတွင် ရှိနေ ကြောင်း ဒေသခံကိုစိုင်းက ပြော သည်။ ဒဏ်ရာ အပြင်းထန်ဆုံး အမျိုးသမီးတစ်ဦးကို စ၀်စံ ထွန်းဆေးရုံမှတစ်ဆင့် ပတ္တမြား ပုဂ္ဂလိက ဆေးရုံသို့ ပြောင်းရွှေ့ ကုသနေရကြောင်း သတင်းရရှိ သည်။

‘‘ခွန်တန်မီး’’ မီးပုံးပျံသည် တောင်ကြီးမြို့ ဦးကြီးခမ်းရပ် ကွက် အဖွဲ့က လွှတ်တင်ခြင်းဖြစ် ပြီး ယမ်းပိဿာချိန် ၄၀ ခန့်ရှိ ကာ အမြင့် ၂၄ ပေခန့် ရှိသည့် ညမီးကျီး အမျိုးအစားဖြစ်ကြောင်း သတင်းရရှိသည်။ စတင်လွှတ် လိုက်ပြီး ပေ ၂၀၀ ခန့်အမြင့်အ ရောက်တွင် ပွဲခင်းအတွင်းသို့ ပြန်ပြုတ်ကျကာ လူ ၁၅ ဦးအထိ ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။ ပွဲခင်း အတွင်းသို့ မီးသတ်ကား သုံးစီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့က ပြောသည်။

တောင်ကြီး လူငယ်အဖွဲ့မှ ကိုစိုင်းရန်နောင်က ‘‘တန်ဆောင် တိုင်ပွဲ လာကြည့်တဲ့သူတွေကို အဝေးကပဲ ကြည့်စေချင်တယ်။ ဖြစ်နိုင်ရင် နယ်ခံတစ်ယောက် လောက်ပါရင် ပိုကောင်းမယ်။ မီး ပုံးပျံက လေကြောင်းအလိုက် ပြောင်းလဲတတ်တာမို့ ရှောင်ဖို့ လမ်းတွေ လွတ်တဲ့နေရာက ကြည့်စေချင်တယ်။ ပြီးတော့ ကွင်းထဲမှာ တချို့တွေက အိပ် ရင်းကြည့်နေကြတယ်။ အဲဒီလို အိပ်ပြီး မကြည့်ဖို့လည်း အကြံ ပေးချင်တယ်’’ ဟု ဆိုသည်။

မီးပုံးပျံပြုတ်ကျရာ နေရာ တွင် ပွဲခင်းအတွင်း လဲလျောင်း၍ ကြည့်နေသူများအပေါ်သို့ကျခဲ့ပြီး မီးပုံးပျံ ပြုတ်ကျသည့် မတော်တဆမှုမှာ ပိုမိုဆိုးရွားသွားခြင်းဖြစ်ကြောင်း ကိုစိုင်းရန်နောင်က ပြောသည်။


7Day Daily

0 comments:

Post a Comment