Sunday, November 2, 2014

ကိုယ့်ချစ်သူနဲ့ ချိန်းတွေ့တဲ့အခါ ရုပ်ရှင်ဇာတ်လမ်းတွေမှာ ပါဝင်နေကျ နည်းလမ်းတွေအတိုင်း မလုပ်ဆောင်သင့်



ရုပ်ရှင်ထဲက အချစ်ဇာတ်လမ်းတွေအရ အတုယူစရာ အကောင်းဆုံး စံနှုန်းတစ်ခုအဖြစ် သတ်မှတ်ထားတဲ့ ချိန်းတွေ့ခြင်းက ညစာအတူစားတာ၊ ရုပ်ရှင်ကြည့်တာတွေပေါ့။ ထပ်ပြီး ရုပ်ရှင်အချစ်ဇာတ်လမ်းတွေအရ ကိုယ်ချစ်မိသွားတဲ့ ကောင်မလေးကို ပြတင်းပေါက်အပြင်ဘက်မှ စောင့်နေပြီး သူ့အိပ်တဲ့အချိန် ထိုင်စောင့်ပေးနေတာတွေက လက်ခံချင်စရာအချက်ဖြစ်ပေမယ့် အဲဒီနည်းဟာ အနှောက်အယှက် ဒုက္ခပေးရာလည်း ရောက်ပါတယ်။ အဲဒီလိုဆိုပေမဲ့ တကယ့်အပြင်လက်တွေ့ကျတော့ အမျိုးသမီးတစ်ယောက်ကို messages တွေ မတရားပို့မိပါက ဖုန်းတောင်ပိတ်ပစ်လိုက်ပါလိမ့်မယ်။ နောက်ပြီး သူညအိပ်နေတဲ့အချိန် သူအခန်းပြတင်းပေါက်အပြင်ဘက်က သစ်ပင်တစ်ပင်အောက်တွင် စောင့်ကြည့်နေပါက ကိုယ့်ကိုယ်ကို အချုပ်ခန်းထဲ မရောက် ရောက်အောင် ပို့နေသလိုဖြစ်ချင်ဖြစ်နေတတ်တယ်။ဆိုတော့ ကောင်မလေးတစ်ယောက်ကို ညစားအတူစားဖို့ ၊ ရုပ်ရှင်အတူကြည့်ဖို့ ခေါ်သွားမယ်ဆိုရင် ငွေကျကြေးကျများပြီး အဆုံးမှာ ဘယ်မှမသွားလိုက်ပဲ အချိန်ကုန်သွားဖို့ သာရှိတယ်။ Conor ဆိုသူ ကတော့ ကောင်မလေးတွေကို သူကြိုက်နှစ်သက်တဲ့ အရက်ဆိုင်ကို ခေါ်သွားတာ သဘောကျတယ်တဲ့။ တချို့ကျတော့ ပျော်ပွဲစားအတူထွက်တာ ကြိုက်နှစ်သက်ကြပြီး ငွေကုန်ကြေးကျမများပဲ ပြီးသွားပါတယ်တဲ့။

လုပ်သင့်တယ်ထင်တဲ့ အရာမဟုတ်ဘဲ လုပ်ချင်တဲ့အရာကိုသာ လုပ်ဆောင်တယ်။ ဘာကြောင့်လဲဆိုတော့ လုပ်သင့်တယ်ထင်တဲ့ အရာက အလုပ်မဖြစ်တာတွေ ဖြစ်နေတတ်လို့ပါ။

Source: Smartlife

Trend Myanmar

0 comments:

Post a Comment