၂၀၁၈ ခုနှစ်အတွင်း နိုင်ငံခြားငွေလဲနှုန်း သမိုင်းတစ်လျှောက်အမြင့်ဆုံးနှုန်းအ ဖြစ် တစ်ဒေါ်လာ ကျပ် ၁၆၅၀ အထိရောက်ရှိခဲ့ပြီး သုံးလကျော်အတွင်း ကျပ်ငွေတန်ဖိုး ၂၄ ရာခိုင်နှုန်းကျော် ကျဆင်းကာ စီးပွားရေး ပတ်ဝန်းကျင်တစ်ခုလုံးအပေါ် ရိုက်ခတ်မှုများဖြစ်ခဲ့ခြင်းကြောင့် ၂၀၁၈ ခုနှစ်အတွင်း ထင်ရှားသည့် စီးပွားရေးဖြစ်စဉ်တစ်ခုအနေဖြင့် ဖော်ပြအပ်ပါသည်။

























