မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲ လဆန်း (၅) ရက်နေ့မှ မြန်မာနှစ်ဆန်း (၁) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိရာဘုရားပွဲတော်ကာလအတွင်း ဆင်စခန်း ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘုရားဖူးခရီးသည်များ ဆင်စီး၍ သဘာဝရှုခင်းများ လည်ပတ်ကြည့်ရှုနိုင်စေရန် ရည်ရွယ်သည်ဟု သိရသည်။
“ကျွန်တော်တို့အနေနဲ့ ဆင်စခန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနဲ့၂၀၁၉ ခုနှစ် မန်းရွှေစက်တော် ဘုရားပွဲတော်ကာလ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး ကနဦး ခန့်မှန်းကုန်ကျငွေ (၃၀၄၄၇၂၀၀) ကျပ်ခန့် သုံးစွဲကာ ယခုလက်ရှိ ဆင်အကောင်ရေ ၈ ကောင် ရောက်ရှိနေပြီး နောက်ထပ် ဆင်အကောင်ရေ ၇ ကောင်နဲ့ စုစုပေါင်း ၁၅ ကောင်နဲ့ ဆောင်ရွက်သွားမှာပါ၊ ဆင်စီးချိန်ကိုတော့ နံနက် ၈ နာရီမှ နေ့လည် ၁၁ နာရီထိ သတ်မှတ်ထားပြီး ဆင်စီးခအဖြစ် တစ်ဦးလျှင် ကျပ် ၅၀၀၀ သတ်မှတ်ထားပါတယ်” ဟု ဆင်စခန်းတာဝန်ခံဦးလှသန်းက ပြောသည်။
အဆိုပါ ဆင်စခန်းဖွင့်လှစ်ရန် ဧက (၆၀) ကြိုးဝိုင်းပြင်ဆင်ကာကွယ်တော(၅၀)ဧက စုစုပေါင်း (၁၁၀) ဧကနှင့် ဆင်စားကျက်မြေ (၇၀၀) ဧကတို့အား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။
အဆိုပါ ဆင်စခန်းသည် မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ သွားသည့် ၈ မိုင်ကားလမ်းဘေး၊ မန်းရွှေစက်တော်ရာဘုရားနှင့် (၃) မိုင်ခန့်အကွာတွင် တည်ရှိကြောင်း သိရသည်။
ဆင် ၁၅ ကောင်ဖြင့် နံနက် ၈ နာရီမှ နေ့လည် ၁၁ နာရီအထိ ဆင်စီးချိန် သတ်မှတ်ထားပြီး ဆင်စီးခအဖြစ် တစ်ဦးလျှင် ကျပ် ၅၀၀၀ သတ်မှတ်ထားသည်။
Mizzima - News in Burmese
0 comments:
Post a Comment