Tuesday, January 1, 2019

ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပသည့် နိုင်ငံ ၁၂ နိုင်ငံမှ သံဃာတော်များ နှင့် ပြည်သူများ၏ နှစ်သစ်အကြို ဆုတောင်းမေတ္တာပို့သခြင်း အခမ်းအနား


နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဆရာတော်ကြီး နှင့် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ ကြွရောက် ချီးမြှင့်ဆုတောင်းမေတ္တာပို့ ပေးသည့် နှစ်သစ်အကြို ဆုတောင်းမေတ္တာပို့သခြင်း အခမ်းအနား အား ထိုင်းနိုင်ငံ ဘန်ကောက်တွင် ဒီဇင်ဘာလ ၃၁ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 
ဆုတောင်းမေတ္တာပို့ ပွဲအား ထိုင်းနိုင်ငံ Sanam Luang Pavilion တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး The New Year's Eve Chanting & Meditation for Happiness in 2019 (ဗုဒ္ဓဘာသာဝင်များ၏ နှစ်သစ်အကြိုဆုတောင်းမေတ္တာပို့သခြင်းအခမ်းအနား) ဟု အမည်ပေးထားကာ နိုင်ငံ ၁၂ နိုင်ငံမှ သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင် ပြည်သူများမှ စုပေါင်းကျင်းပသည့် ပွဲ တစ်ပွဲဖြစ်သည်။ 

မြန်မာဘက်မှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို နှင့်မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်း ဗဟို (ဥက္ကဌ) ဒေါက်တာခင်ရွှေ တို့တက်ရောက်ခဲ့ကြသည့်အပြင် ဗုဒ္ဓဘာသာအား ကိုးကွယ်ယုံကြည်သည့် အိမ်ရှင် ထိုင်းနိုင်ငံ နှင့် သိရိလင်္ကာ၊ဘူတန်အစရှိသည့် နိုင်ငံပေါင်း ၁၂နိုင်ငံမှ သံဃာတော်များ၊အစိုးရအဖွဲ့တာဝန်ရှိသူ အချို့ တို့ တက်ရောက် ဆုတောင်းမေတ္တာပို့ခဲ့ကြသည်ဟု သိရသည်။ 









ဓါတ်ပုံ-ZKB
Popular News Journal 

0 comments:

Post a Comment