စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာမှ စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော်မှ ဗုဒ္ဓဘာသာကို အလေးပြု၍ အခြားသောဘာသာကိုးကွယ်မှုများကို ခွဲခြားဆက်ဆံမှုမပြုရန် ၂၀၁၉ ခုနှစ် နှစ်သစ်ဆုတောင်းနှင့်အတူ ပြောကြားလိုက်သည်။
ယင်းနှစ်သစ်ဆုတောင်းစာလွှာကို IBEC သတင်းပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာ၌ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
ဆရာတော်၏ ၂၀၁၉ ခုနှစ် နှစ်သစ်ဆုတောင်းစကားသံတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှစ်မများအားလုံး အပြစ်ကင်းသောချစ်ခြင်းတရားများဖြင့် ယုံကြည်မှုတည်ဆောက်၍ ငြိမ်းချမ်းသောနိုင်ငံတော်ကြီးအဖြစ် ပူးပေါင်းတည်ဆောက်ကြရန်၊ မတူညီကွဲပြားမှုကို ခွန်းအားဖြစ်အသုံးချကာ ကျဉ်းမြောင်းသော အယူဝါဒကို စွန့်လွှတ်ပြီး တိုးတက်ကြီးပွားသော နိုင်ငံတော်ကြီးဖြစ်အောင်ဆောင်ရွက်ကြရန်၊ မြန်မာနိုင်ငံသား အများစု ကိုးကွယ်တန်ဖိုးထားရသည့် ဗုဒ္ဓဘာသာဖြစ်သဖြင့် လူအများစုတန်ဖိုးထားသော ဗုဒ္ဓဘာသာကို အလေးဂစုပြု အခြားဘာသာကိုးကွယ်မှုများကိုလည်း ခွဲခြားဆက်ဆံမှုမပြုရန် ပါရှိသည်။
ထို့အပြင် နိုင်ငံတကာဖိအားများကို အချင်းချင်းညီညွှတ်မှု တည်ဆောက်ပြီး ဗဟုယဉ်ကျေးမှုနယ်မြေမှာ လိမ္မာပါးနပ်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် ကမ္ဘာသူကမ္ဘာသားများအားလုံး နှစ်သစ်မှာ နှလုံးစိတ်အေးချမ်းလျက် ငြိမ်းချမ်းသော ကမ္ဘာကြီးအဖြစ် တည်ဆောက်နိုင်ကြရန်ပါရှိကြောင်း သိရသည်။
IBEC ဆရာတော်သည် ၂ဝ၁၈ ခုနှစ် ဇွန်လ၌ စတော့ဟုမ်းငြိမ်းချမ်းရေးဆုကို လည်းကောင်း၊ စက်တင်ဘာလတွင် ဒေါက်တာအမ်ဘေဒကာအင်တာနေရှင်နယ်ဆုကိုလည်းကောင်း ရရှိခဲ့သည်။
ပြီးခဲ့သည့်လဒီဇင်ဘာ ၁ ရက်နေ့၊ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တွင် ကျင်းပသည့် Asia-Pacific Summit 2018 အစည်း အဝေးတွင် နီပေါနိုင်ငံအစိုးရ၏ အထူးဧည့်သည်တော်အဖြစ်တက်ရောက်ရန် ဖိတ်ကြားခံရကာ ဒီဇင်ဘာ ၈ ရက်နေ့၌ ထိုင်းနိုင်ငံ International Naga Award 2018 ဆုကိုလည်း ရရှိခဲ့သောဆရာတော်တစ်ပါး ဖြစ်သည်။
Mizzima - News in Burmese
0 comments:
Post a Comment