Tuesday, January 1, 2019

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့အား AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်



ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း ရသေ့တောင်-ဘူးသီးတောင်သွား ကားလမ်း တစ်လျှောက်ရှိ ကျေးရွာများတွင် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်လျက်ရှိနေသည့် အမှတ်(၈)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ စစ်ကြောင်းဌာနချုပ်နှင့် တပ်ခွဲ (၁)ခွဲသည် ကားလမ်းပေါ်ရှိ စေတောင်ရွာအတွင်း ဘုန်းကြီးကျောင်း၌ ခေတ္တအခြေပြုနေစဉ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ခေါင်းဆောင်စိစစ်ဆဲ AA အဖွဲ့ အင်အား (၃၀)ခန့်မှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ (၁၀) မိနစ်ခန့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး AA အဖွဲ့သည် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာသွား ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲတပ်သား တစ်ဦး ယာဘက်ရင်အုံအပေါ်ပိုင်း လက်နက်ငယ် ကျည်ဆံဖောက်ဝင်ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ ပစ်ခတ်မှုဖြစ်ချိန်တွင် ကျေးရွာအတွင်း၌လည်း ရွာသူ/ရွာသားများ ရှိနေပြီး ရဲတပ်ဖွဲ့၏ စနစ်တကျထိန်းသိမ်းကြပ်မတ်မှုကြောင့် ရွာသူ/ ရွာသားများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ဆုတ်ခွာသွားသည့် AA အဖွဲ့အား တပ်မတော်စစ်ကြောင်းများမှ ပိတ်ဆို့ရှင်းလင်း လျက်ရှိကြောင်း သတင်းရရှိသည်။


(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment