Friday, May 1, 2020

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် နောက် (၉၆) နာရီတွင် မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိလာမည်


ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါလေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၉၆)နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ရောက်ရှိပြီး၊ မြောက်-အနောက်မြောက်ဘက်သို့ တစ်ဖြည်းဖြည်းရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အနည်း ငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

မလေးရှားနိုင်ငံ၏ စီးပွားရေးကဏ္ဍအားလုံးနီးပါးကို မေလ ၄ ရက်နေ့မှစတင်၍ ကျန်းမာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် Myhyiddin ပြောကြား

မလေးရှားနိုင်ငံ၏ စီးပွားရေးကဏ္ဍအများစုကို မေလ ၄ ရက်နေ့မှစတင်၍ ကျန်းမာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် Muhyiddin Yassin မှ အလုပ်သမားနေ့မိန့်ခွန်းတွင်ပြောကြားခဲ့ပါသည်။

ပြည်တော် ပြန်လည်ဝင်ရောက်လာသူများကို Facility Quarantine ဝင်ရန် ဘုန်းကြီးကျောင်းများနေရာများတွင်လည်း စီစဉ်ထား



Image may contain: people sitting
မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာကြမည့် ပြည်တော်ပြန်များအားFacility Quarantine ဝင်ရန်အတွက် ဘုန်းကြီးကျောင်းများအပါအဝင်နေရာ ၆ ခု စီစဥ်ထားကြောင်း သတင်းရရှိသည်။

ကနေဒါ စစ်ဘက်ရဟတ်ယာဉ်တစ်စင်း ဂရိကမ်းလွန်မှာ ပျက်ကျ တစ်ဦးသေဆုံးခဲ့ကာ ငါးဦးပျောက်ဆုံးနေ


ကနေဒါ စစ်ဘက်ရဟတ်ယာဉ်တစ်စင်း ဗုဒ္ဓဟူးနေ့က ဂရိကမ်းလွန် မြေထဲပင်လယ်မှာ ပျက်ကျခဲ့ပြီး ရုပ်အလောင်းတစ်လောင်း ရှာဖွေတွေ့ရှိထားကာ ငါးဦးကတော့ ပျောက်ဆုံးနေတယ်လို့ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးက ကြာသပတေးနေ့မှာ ပြောဆိုခဲ့ပါတယ်။

WHO က ဝန်ထမ်းသေဆုံးမှုဟာ AA အကြမ်းဖက်အဖွဲ့က ပစ်တာရှင်းရှင်းလင်းလင်းဖြစ်ပေမယ့် သက်ဆိုင်ရာနိုင်ငံကအလုံးစုံသိစေရန် စုံစမ်းစစ်ဆေးမှုပြုလုပ်ကြောင်း ဦးဇော်ဌေးပြော

Image may contain: 3 people, indoor

WHO က ဝန်ထမ်းတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာနဲ့ ပတ်သတ်ပြီး AA အကြမ်းဖက်အဖွဲ့က ပစ်တာ ရှင်းရှင်းလင်းလင်း ဖြစ်ပေမယ့် ကုလသမ္မဂက နိုင်ငံတကာ ဝန်ထမ်းတစ်ယောက်လည်း ဖြစ်တဲ့အတွက် သက်ဆိုင်ရာနိုင်ငံက ရှင်းရှင်းလင်းလင်း ဖြစ်အောင် စုံစမ်းစစ်ဆေးမှု ပြုလုပ်တာ ဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က မေလ(၁)ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဒေသတည်ငြိမ်ရေးကိုပျက်ပြားေစတာကြောင့် VOM အယ်ဒီတာချုပ်ကို အရေးယူရန် တိုင်ကြားခံရ

Image may contain: 1 person, closeup
မတရားအသင်းအဖြစ် သတ်မှတ်ထားသော ရက္ခိုင်စစ်တပ် (AA) ၏ သတင်းကို ဖော်ပြခဲ့သည့်အတွက် မန္တလေးအခြေစိုက် Voice of Myanmar သတင်းဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်းအား အရေးယူပေးရန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံ တိုင်ကြားထားကြောင်း သိရပါတယ်။

ချောက်မြို့ မြို့ဦးစေတီ အလှူခံပုံးဖောက် လူသတ်မှု ကျူးလွန်သူကို ဖမ်းဆီးရမိ

Image may contain: one or more people, people standing and outdoor

ချောက်မြို့၊ မြို့ဦးစေတီမှာ အလှူခံပုံးဖောက်ပြီး ဘုရားဝေရာဝစ္စ လုပ်ကိုင်နေထိုင်သူ အသတ်ခံရမှုနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကို မနေ့က ဖမ်းဆီးမိပြီလို့ သိရပါတယ်။

COVID-19 ဇစ်မြစ်နှင့် ပတ်သက်ပြီး အမေရိကန်ထောက်လှမ်းရေးအဖွဲ့အစည်း ထုတ်ပြန်ကြေညာချက်

Image may contain: text

“အမေရိကန် ထောက်လှမ်းရေး အဖွဲ့အစည်းသည် တရုတ်နိုင်ငံတွင် စတင်ပေါ်ပေါက်ဖြစ်ပွားသည့် COVID-19 ဗိုင်းရပ်စ်အား တုံ့ပြန်ဖြေရှင်းနေရသော အမေရိကန် မူဝါဒ ချမှတ်သူများသို့ အရေးပါသော ထောက်ပံ့မှုများကို စဉ်ဆက်မပြတ် ကူညီဖြည့်ဆည်းပေးလျက် ရှိသည်။ COVID-19 ဗိုင်းရပ်စ်သည် လူလုပ်ဗိုင်းရပ်စ်လည်း မဟုတ်သကဲ့သို့ မျိုးဗီဇပြုပြင်ထားသည့် ဗိုင်းရပ်စ်လည်း မဟုတ်ကြောင်းကို ကျယ်ပြန့်သည့် သိပ္ပံဆိုင်ရာ ကောက်ချက်များနှင့်အတူ ထောက်လှမ်းရေးအသိုင်းအဝိုင်းက တစ်သဘောတည်း လက်ခံထားသည်။

မွန်ပြည်နယ်အစိုးရက ခရီးသည်ယာဉ်များကို ယာဉ်စီးခ ၂ ဆတိုးမြှင့် ကောက်ခံခွင့်ပြု

Image may contain: sky, bus, cloud and outdoor

စက်သုံးဆီ စျေးနှုန်းတွေ ဆက်တိုက်ကျဆင်းနေချိန်မှာ မွန်ပြည်နယ်မှာ ခရီးသည်တင်ယာဉ်တွေကို ယာဉ်စီးခ နှစ်ဆတိုးမြှင့် ကောက်ခံခွင့်ပေးတဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

မင်္ဂလာနှစ်ပတ်လည်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတိုမှ သံဃာတော်များအား ဆွမ်းအလှူဖြင့်ကုသိုလ်ယူ🙏🙏🙏

ဆွမ်းကုသိုလ်ရှင်များဖြစ်ကြသော သာသနာ့ဒါယကာကြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုတို့မှ မင်္ဂလာနှစ်ပတ်လည် အချိန်အခါတွင် သံဃာတော်အရှင်သူမြတ်တို့၏ဂုဏ်တော်ကိုအာရုံပြုလျှက်နိဗ္ဗာန်ကို ရည်မှန်းကာ သဒ္ဓမ္မပါကျောင်းတိုက်သို့ အရပ်(၄) မျက်နှာမှဆွမ်းခံကြွကြသောသံဃာတော်အရှင်သူမြတ်တို့အားအရုဏ်ဆွမ်းကပ်လှူကြ၍ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်ဆွမ်းနှင့်ဆွမ်းဟင်းများလောင်းလှူကုသိုလ်ယူကြပါသည်။

နီပေါနိုင်ငံ ပေါက်ကွဲမှုဖြစ်စဉ်တွင် ကလေး ၄ ဦးသေဆုံး၊ စွန့်ပစ်ထားသော စစ်လက်နက်ဟောင်းများမှ ပေါက်ကွဲခဲ့သည်ဟု သံသယရှိ

Image may contain: one or more people, people standing and outdoor
နီပေါနိုင်ငံ၏ မြို့ပြင်တစ်နေရာတွင် ပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ကလေး ၄ ဦး သေဆုံးခဲ့ကာ အဆိုပါပေါက်ကွဲမှုသည်ဆယ်စုနှစ်တစ်ခုကြာMaoist သောင်းကျန်းသူများ၏ စစ်လက်နက်ဟောင်းများမှ ပေါက်ကွဲခဲ့သည်ဟု သံသယရှိကြောင်း ရဲတပ်ဖွဲ့မှ မေလ ၁ ရက်နေ့တွင်ပြောကြားခဲ့သည်။ အသက် ၅ နှစ် မှ ၁၃ နှစ် အရွယ်ကလေးများသည် ဧပြီလ ၃၀ ရက်နေ့က Rolpa ခရိုင် အနောက်မြောက်ဘက်ရှိ တောထဲသို့ နွား ကျောင်းသွားချိန်တွင် စစ်လက်နက် ဟောင်း တစ်ခုအား တွေ့ရှိခဲ့ပြီး ကစားစရာအထင်နှင့် ကစားခဲ့သော ကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ရဲအရာရှိ Shanta Kumar K.C. မှ ပြောကြားခဲ့သည်။

ပီရူးနိုင်ငံ လီမာမြို့ဈေးက ဈေးသည် ၁၅၀ ကျော် ကိုရိုနာ ကူးစက်ခံရ

Image may contain: one or more people, people standing, people on stage, people walking and outdoor
ပီရူးနိုင်ငံ လီမာမြို့ဈေးက ဈေးသည် အယောက် ၁၅၀ ကျော်မှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေး တွေ့ရှိတယ်လို့ သမ္မတ မာတင်ဗစ်ဇ်ကာရာက ဧပြီလ ၂၉ ရက်မှာ ကြေညာခဲ့ပါတယ်။

သုံးရက်အတွင်းဖြစ်‌ ပေါ်လာမည့်မုန်တိုင်းငယ်တစ်ခု မြန်မာ့ကမ်းရိုးတမ်းသို့ဦးတည်ရွေ့လျားနိုင်

Image may contain: text
မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြာမှုဦးစီးဌာနက လာမည့်သုံးရက်အတွင်းတွင် မုန်တိုင်းငယ်တစ်ခု မြန်မာ့ကမ်းရိုးတမ်းသို့ဦးတည်ရွေ့လျားနို​​င်ကြောင်း မေ ၁ရက်တွင်ထုတ်ပြန်ထားသည်။

ဒေါ်နယ်ထရန့်မှ COVID-19 တရုတ်ဓာတ်ခွဲခန်းမှ အစပြုထွက်ပေါ်လာသည်ကို ယုံကြည်ကြောင်း ပြောကြား


Image may contain: 1 person, suit and indoor
အမေရိကန်သမ္မတဒေါ်နယ်ထရန့်မှ ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်ဗိုင်းရပ်စ်ဓာတ်ခွဲခန်းမှ အစပြုထွက်ပေါ်လာသည်ကို ယုံကြည်ကြောင်း ဧပြီလ ၃၀ရက်နေ့က ပြောကြားခဲ့ပြီး သက်သေအထောက်အထားပြရန် ငြင်းဆိုခဲ့သည်။ ကမ္ဘာတစ်ဝှမ်း သေဆုံးမှုများပြားနေသောရောဂါ ရင်းမြစ်အတွက် အမေရိကန်နှင့်တရုတ် တင်းမာမှု အရှိန်သည် မြှင့်တက်လျက်ရှိသည်။

စင်ကာပူတွင် COVID-19 ပိုးတွေ့လူနာ တစ်ရက်အတွင်း ၉၃၂ ဦး တွေ့ရှိ

Image may contain: grass, tree and outdoor
ယနေ့ မေလ (၁) ရက်စင်ကာပူတွင် COVID-19 ဗိုင်းရတ် ကူးစက်ခံရသူ ထပ်တိုးရောဂါသည် (932) ဦး တွေ့ရှိကြောင်းသိရပြီး ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း (17,101) ဦး ရှိသွားပြီဖြစ်သည်။

COVID-19 ကြောင့် ပိတ်သိမ်းသွားသော စက်ရုံများမှ အလုပ်သမားများအတွက် အလုပ်လက်မဲ့ဖြစ်သူများကို တစ်နှစ်ထောက်ပံ့ရန် စီမံထားဟု သမ္မတပြော


Image may contain: 1 person, sitting
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ပိတ်သိမ်းသွားသော အလုပ်ဌာနများမှ လူမှုဖူလုံရေး အာမခံကြေး ထည့်ဝင်ထားသော အလုပ်သမားများအတွက် တစ်နှစ်တာ ထောက်ပံ့ရေး စီမံထားကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။ အဆိုပါ အလုပ်သမားများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးဖိုး၊ ခရီးစရိတ်များကို အလုပ်လက်မဲ့ဖြစ်သည့် နေ့မှ စ၍ တစ်နှစ်အထိ တိုးမြှင့်ခံစားနိုင်ရန် စီမံကြောင်း ယနေ့ ကျရောက်သော အလုပ်သမားနေ့(မေလ ၁ ရက်-မေဒေးနေ့)တွင် ပြောသော မိန့်ခွန်းတွင် သမ္မတဦးဝင်းမြင့်က ပြောသည်။

မိုင်းလားဒေသ၌ Quarantine ဝင်ရောက်ခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၅၆၆ ဦးတို့ကို နေရပ်ပြန်ရန် ပို့ဆောင်

Image may contain: tree, sky and outdoor

မိုင်းလားလက်နက်ကိုင် အဖွဲ့ (NDAA) အနေဖြင့် ၎င်းတို့ဒေသတွင်း၌ Quarantine ထားရှိသူများအနက် စောင့်ကြပ်ကြည့်ရှုမှုရက်စေ့၍ ပထမအကြိမ် နေရပ်ပြန်လည်စေလွှတ်သူ ၂၇၇ ဦးရှိရာ ၁၅ ဦးကို တရုတ်နိုင်ငံ၏ အကူအညီဖြင့် COVID-19 ရောဂါပိုးစစ်ဆေးခဲ့ကြောင်း မိုင်းယန်းပြည် နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှိုင်ခမ်းက ပြောသည်။

COVID-19 ကြောင့် အလုပ်ထုတ်ပယ်ခံရသူများကို အရေးပေါ်ရန်ပုံငွေထဲကနေ ကူညီထောက်ပံ့ပေး


COVID-19 ကြောင့် အလုပ်ကနေထုတ်ပယ်ခံရတဲ့လုပ်သားတွေကို ဥရောပသမဂ္ဂက ကူညီထောက်ပံပေးမယ့် အရေးပေါ်ရန်ပုံငွေ-မြန်ကူထဲကနေ ပထမအသုတ်အဖြစ် ဒီနေ့အလုပ်သမားနေ့မှာ လွှဲပြောင်းပေးသွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ မြန်ကူ ဆိုတာကတော့ ဥရောပသမဂ္ဂကနေ ယူရို(၅)သန်း မြန်မာနိုင်ငံက လုပ်သားတွေကိုထောက်ပံတဲ့ အစီအစဉ်ပါ။ ပထမအသုတ်အဖြစ် ငွေလွှဲပြောင်း ထောက်ပံ့မှုမှာတော့ ဖေဖော်ဝါရီလနဲ့ မတ်လကတည်းက စက်ရုံ(၆)ရုံကနေ အလုပ်ဆိုင်းငံ့ခံခဲ့ရတဲ့ အလုပ်သမားတွေပါဝင်ပါတယ်။

COVID-19 ကြောင့် ပြည်သူများအဆင်ပြေစေရန် မင်္ဂလာဒုံတပ်နယ်မှ တန်ဖိုးသင့် ဟင်းလျာများ ရောင်းချပေးနေမှု

Image may contain: one or more people and outdoor
COVID-19 ကူးစက်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အများပြည်သူများအဆင်ပြေစေရန်နှင့် တဖက်တလမ်းမှ အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် မင်္ဂလာဒုံတပ်နယ်အတွင်းရှိ အမှတ်(၃၂၃)ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းမှ ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံစျေးအနီးတွင် တန်ဖိုးသင့်ထမင်းနှင့် အရသာရှိ ဟင်းလျာများကို ရောင်းချပေးနေကြောင်း သိရပါတယ်။