ချောက်မြို့၊ မြို့ဦးစေတီမှာ အလှူခံပုံးဖောက်ပြီး ဘုရားဝေရာဝစ္စ လုပ်ကိုင်နေထိုင်သူ အသတ်ခံရမှုနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကို မနေ့က ဖမ်းဆီးမိပြီလို့ သိရပါတယ်။
ချောက်မြို့အမှတ် ၁၀ ရပ်ကွက် အေးစေတီရပ်ရှိ မီးရထားဘူတာအနီး အရဟံ မြို့ဦးစေတီ လေးမျက်နှာဘုရားမှာ အလှူခံပုံးအဖောက်ခံခဲ့ရပြီး ဘုရားဝေရာဝစ္စ ဘုရားဝေရာဝစ္စ လုပ်ကိုင်နေတဲ့ အသက် ၅၇ အရွယ် ဦးမြင့်ကိုကို ဦးခေါင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့ ညနေပိုင်းက တွေ့ရှိခဲ့တာပါ။
တရားစွဲဆိုခံရသူ မျိုးလွင် အသက် (၃၉) နှစ်က ပြည်မြို့ဇာတိဖြစ်ပြီး သက်သေခံပစ္စည်း အပြည့်အစုံ သိမ်းဆည်းထားတယ်လို့ သိရပါတယ်။ မျိုးလွင်အား ချောက်မြို့မရဲစခန်းမှာ လူသတ်မှု ရာဇသတ်ကြီးပုဒ်မနဲ့ အရေးယူထားကာ ဥပဒေအကြံပြုချက်အတိုင်း ပုဒ်မပြောင်းလဲမှာဖြစ်ပြီး လူသတ်မှုပုဒ်မထက်လည်း ပိုလာနိုင်တယ်လို့ ချောက်မြို့မ ရဲစခန်းတာဝန်ရှိသူက ဆိုပါတယ်။
Ref; DVB
#Myanmar_Online_News
>>zawgyi<<
ချောက်မြို့ မြို့ဦးစေတီ အလှူခံပုံးဖောက် လူသတ်မှု ကျူးလွန်သူကို ဖမ်းဆီးရမိ
Friday, May 1, 2020
ချောက်မြို့၊ မြို့ဦးစေတီမှာ အလှူခံပုံးဖောက်ပြီး ဘုရားဝေရာဝစ္စ လုပ်ကိုင်နေထိုင်သူ အသတ်ခံရမှုနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကို မနေ့က ဖမ်းဆီးမိပြီလို့ သိရပါတယ်။
ချောက်မြို့အမှတ် ၁၀ ရပ်ကွက် အေးစေတီရပ်ရှိ မီးရထားဘူတာအနီး အရဟံ မြို့ဦးစေတီ လေးမျက်နှာဘုရားမှာ အလှူခံပုံးအဖောက်ခံခဲ့ရပြီး ဘုရားဝေရာဝစ္စ ဘုရားဝေရာဝစ္စ လုပ်ကိုင်နေတဲ့ အသက် ၅၇ အရွယ် ဦးမြင့်ကိုကို ဦးခေါင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့ ညနေပိုင်းက တွေ့ရှိခဲ့တာပါ။
တရားစွဲဆိုခံရသူ မျိုးလွင် အသက် (၃၉) နှစ်က ပြည်မြို့ဇာတိဖြစ်ပြီး သက်သေခံပစ္စည်း အပြည့်အစုံ သိမ်းဆည်းထားတယ်လို့ သိရပါတယ်။ မျိုးလွင်အား ချောက်မြို့မရဲစခန်းမှာ လူသတ်မှု ရာဇသတ်ကြီးပုဒ်မနဲ့ အရေးယူထားကာ ဥပဒေအကြံပြုချက်အတိုင်း ပုဒ်မပြောင်းလဲမှာဖြစ်ပြီး လူသတ်မှုပုဒ်မထက်လည်း ပိုလာနိုင်တယ်လို့ ချောက်မြို့မ ရဲစခန်းတာဝန်ရှိသူက ဆိုပါတယ်။
Ref; DVB
0 comments:
Post a Comment