Friday, May 1, 2020

မိုင်းလားဒေသ၌ Quarantine ဝင်ရောက်ခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၅၆၆ ဦးတို့ကို နေရပ်ပြန်ရန် ပို့ဆောင်

Image may contain: tree, sky and outdoor

မိုင်းလားလက်နက်ကိုင် အဖွဲ့ (NDAA) အနေဖြင့် ၎င်းတို့ဒေသတွင်း၌ Quarantine ထားရှိသူများအနက် စောင့်ကြပ်ကြည့်ရှုမှုရက်စေ့၍ ပထမအကြိမ် နေရပ်ပြန်လည်စေလွှတ်သူ ၂၇၇ ဦးရှိရာ ၁၅ ဦးကို တရုတ်နိုင်ငံ၏ အကူအညီဖြင့် COVID-19 ရောဂါပိုးစစ်ဆေးခဲ့ကြောင်း မိုင်းယန်းပြည် နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှိုင်ခမ်းက ပြောသည်။

တရုတ်နိုင်ငံမှ ပြန်လည်စေလွှတ်လိုက်၍ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) NDAAနယ်မြေ၌ Quarantine ထားရှိသည့် မြန်မာနိုင်ငံသား ၃,၀၀၀ ကျော်ရှိရာ မိုင်းယန်းမြို့နယ် ဆီးလူးဒေသတွင် လူဦးရေ ၁,၀၀၀ ခန့်ရှိသည်ဟု ၎င်းက ဆိုသည်။ ဆီးလူးဒေသသည် မိုင်းယန်းမြို့နယ်အတွင်း၌ တည်ရှိသော်လည်း NDAA ထိန်းချုပ်နယ်မြေဖြစ်သည်။
အဆိုပါ ဆီလူးဒေသ၌ Qua-rantine ထားရှိသူများအနက် ၂၇၇ ဦးသည် စောင့်ကြပ်ကြည့်မှုရှုမှု ၂၁ ရက်ပြည့်၍ NDAA တာဝန်ရှိ သူများက ဧပြီလ ၂၈ ရက်တွင် မိုင်းယန်း လွှတ်တော်ကိုယ်စား လှယ်များ၊ မိုင်းယန်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့ မှူးတို့ထံ လွှဲပြောင်းပေးခဲ့သည်။ ၁၅ ဦးကို ရောဂါပိုးရှိ၊ မရှိ စစ်ဆေးခြင်းမှာ သံသယရှိ၍ မဟုတ်ဘဲ ၂၇၇ ဦးထဲမှ မဲနှိုက် စစ်ဆေးခြင်းဖြစ်သည်ဟု သိရပါတယ်။
မိုင်းလားဒေသ၌ ရောဂါကာကွယ်ထိန်းချုပ်ရေး ဆောင် ရွက်ရန် တရုတ်နိုင်ငံဘက်မှ ဆေးအဖွဲ့မှ လမ်းညွှန်ကူညီမှုများပေးသကဲ့သို့ နိုင်ငံတော်အစိုးရဘက်မှလည်း ထောက်ပံ့ကူညီမှုများရရှိကြောင်းသိရပါတယ်။
Ref; 7 Day
#Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment