COVID-19 ကြောင့် အလုပ်ကနေထုတ်ပယ်ခံရတဲ့လုပ်သားတွေကို ဥရောပသမဂ္ဂက ကူညီထောက်ပံပေးမယ့် အရေးပေါ်ရန်ပုံငွေ-မြန်ကူထဲကနေ ပထမအသုတ်အဖြစ် ဒီနေ့အလုပ်သမားနေ့မှာ လွှဲပြောင်းပေးသွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ မြန်ကူ ဆိုတာကတော့ ဥရောပသမဂ္ဂကနေ ယူရို(၅)သန်း မြန်မာနိုင်ငံက လုပ်သားတွေကိုထောက်ပံတဲ့ အစီအစဉ်ပါ။ ပထမအသုတ်အဖြစ် ငွေလွှဲပြောင်း ထောက်ပံ့မှုမှာတော့ ဖေဖော်ဝါရီလနဲ့ မတ်လကတည်းက စက်ရုံ(၆)ရုံကနေ အလုပ်ဆိုင်းငံ့ခံခဲ့ရတဲ့ အလုပ်သမားတွေပါဝင်ပါတယ်။
အလုပ်သမားတွေဟာ အနည်းဆုံး ကျပ်(၇၅၀၀၀)ကနေ ကျပ်(၁၂၅၀၀၀) အထိ ရရှိမှာဖြစ်ပါတယ်။ မြန်ကူအနေနဲ့ အခုမေလထဲမှာ အလုပ်သမား (၉၀,၀၀၀)လောက်ကို ထောက်ပံ့ပေးမယ်လို့လည်း သိရပါတယ်။အလုပ်က ဆိုင်းငံ့တာ၊ ထုတ်ပယ်တာခံရတဲ့ အလုပ်သမားတွေအနေနဲ့ မြန်ကူကနေ ထောက်ပံကြေးရဖို့ အွန်လိုင်း ကနေ စာရင်းပေးသွင်းနိုင်သလို ၀၉-၇၅၀၂၀၈၈၈၇ ကို တနင်္လာနေ့ကနေ သောကြာနေ့၊ မနက်(၈)နာရီမှ ည(၈) နာရီ အချိန်အတွင်း ကိုယ်တိုင်ဖုန်းခေါ်ဆိုပြီး တိုက်ရိုက်လျှောက်ထား နိုင်တယ်လို့ သိရပါတယ်။
Ref; O Media
#Myanmar_Online_News
>>zawgyi<<
COVID-19 ကြောင့် အလုပ်ထုတ်ပယ်ခံရသူများကို အရေးပေါ်ရန်ပုံငွေထဲကနေ ကူညီထောက်ပံ့ပေး
Friday, May 1, 2020
COVID-19 ကြောင့် အလုပ်ကနေထုတ်ပယ်ခံရတဲ့လုပ်သားတွေကို ဥရောပသမဂ္ဂက ကူညီထောက်ပံပေးမယ့် အရေးပေါ်ရန်ပုံငွေ-မြန်ကူထဲကနေ ပထမအသုတ်အဖြစ် ဒီနေ့အလုပ်သမားနေ့မှာ လွှဲပြောင်းပေးသွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ မြန်ကူ ဆိုတာကတော့ ဥရောပသမဂ္ဂကနေ ယူရို(၅)သန်း မြန်မာနိုင်ငံက လုပ်သားတွေကိုထောက်ပံတဲ့ အစီအစဉ်ပါ။ ပထမအသုတ်အဖြစ် ငွေလွှဲပြောင်း ထောက်ပံ့မှုမှာတော့ ဖေဖော်ဝါရီလနဲ့ မတ်လကတည်းက စက်ရုံ(၆)ရုံကနေ အလုပ်ဆိုင်းငံ့ခံခဲ့ရတဲ့ အလုပ်သမားတွေပါဝင်ပါတယ်။
အလုပ်သမားတွေဟာ အနည်းဆုံး ကျပ်(၇၅၀၀၀)ကနေ ကျပ်(၁၂၅၀၀၀) အထိ ရရှိမှာဖြစ်ပါတယ်။ မြန်ကူအနေနဲ့ အခုမေလထဲမှာ အလုပ်သမား (၉၀,၀၀၀)လောက်ကို ထောက်ပံ့ပေးမယ်လို့လည်း သိရပါတယ်။အလုပ်က ဆိုင်းငံ့တာ၊ ထုတ်ပယ်တာခံရတဲ့ အလုပ်သမားတွေအနေနဲ့ မြန်ကူကနေ ထောက်ပံကြေးရဖို့ အွန်လိုင်း ကနေ စာရင်းပေးသွင်းနိုင်သလို ၀၉-၇၅၀၂၀၈၈၈၇ ကို တနင်္လာနေ့ကနေ သောကြာနေ့၊ မနက်(၈)နာရီမှ ည(၈) နာရီ အချိန်အတွင်း ကိုယ်တိုင်ဖုန်းခေါ်ဆိုပြီး တိုက်ရိုက်လျှောက်ထား နိုင်တယ်လို့ သိရပါတယ်။
Ref; O Media
0 comments:
Post a Comment