WHO က ဝန်ထမ်းတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာနဲ့ ပတ်သတ်ပြီး AA အကြမ်းဖက်အဖွဲ့က ပစ်တာ ရှင်းရှင်းလင်းလင်း ဖြစ်ပေမယ့် ကုလသမ္မဂက နိုင်ငံတကာ ဝန်ထမ်းတစ်ယောက်လည်း ဖြစ်တဲ့အတွက် သက်ဆိုင်ရာနိုင်ငံက ရှင်းရှင်းလင်းလင်း ဖြစ်အောင် စုံစမ်းစစ်ဆေးမှု ပြုလုပ်တာ ဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က မေလ(၁)ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
နိုင်ငံတကာ စံနှုန်းတွေ ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဆောင်ရွက်ဖို့ စုံစမ်းစစ်ဆေးမယ့် လုပ်ငန်းတာဝန်မှာ ထည့်သွင်းထားတယ်လို့လည်း ဆိုပါတယ်။ ဧပြီလ (၂၀) ရက်နေ့ ညနေပိုင်းမှာ ရခိုင်ပြည်နယ်က ကိုဗစ်နိုင်တင်း ဓါတ်ခွဲနမူနာတွေကို စစ်တွေမြို့ကနေ ရန်ကုန်သို့ ပို့ဆောင်ရန် ကုလသမဂ္ဂ UN တံဆိပ်ပါကားမောင်းနှင်လာတဲ့ WHOရဲ့ ဒေသခံဝန်ထမ်းနှစ်ဦးဟာ မင်းပြားမြို့ နယ် ရာမောင်တံတားအလွန်မှာ ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးခဲ့တာ ဖြစ်ပါတယ်။
Source - DVB
<zawgyi>
WHO က ဝန်ထမ်းသေဆုံးမှုဟာ AA အကြမ်းဖက်အဖွဲ့က ပစ်တာရှင်းရှင်းလင်းလင်းဖြစ်ပေမယ့် သက်ဆိုင်ရာနိုင်ငံကအလုံးစုံသိစေရန် စုံစမ်းစစ်ဆေးမှုပြုလုပ်ကြောင်း ဦးဇော်ဌေးပြော
Friday, May 1, 2020
WHO က ဝန်ထမ်းတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာနဲ့ ပတ်သတ်ပြီး AA အကြမ်းဖက်အဖွဲ့က ပစ်တာ ရှင်းရှင်းလင်းလင်း ဖြစ်ပေမယ့် ကုလသမ္မဂက နိုင်ငံတကာ ဝန်ထမ်းတစ်ယောက်လည်း ဖြစ်တဲ့အတွက် သက်ဆိုင်ရာနိုင်ငံက ရှင်းရှင်းလင်းလင်း ဖြစ်အောင် စုံစမ်းစစ်ဆေးမှု ပြုလုပ်တာ ဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က မေလ(၁)ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
နိုင်ငံတကာ စံနှုန်းတွေ ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဆောင်ရွက်ဖို့ စုံစမ်းစစ်ဆေးမယ့် လုပ်ငန်းတာဝန်မှာ ထည့်သွင်းထားတယ်လို့လည်း ဆိုပါတယ်။ ဧပြီလ (၂၀) ရက်နေ့ ညနေပိုင်းမှာ ရခိုင်ပြည်နယ်က ကိုဗစ်နိုင်တင်း ဓါတ်ခွဲနမူနာတွေကို စစ်တွေမြို့ကနေ ရန်ကုန်သို့ ပို့ဆောင်ရန် ကုလသမဂ္ဂ UN တံဆိပ်ပါကားမောင်းနှင်လာတဲ့ WHOရဲ့ ဒေသခံဝန်ထမ်းနှစ်ဦးဟာ မင်းပြားမြို့ နယ် ရာမောင်တံတားအလွန်မှာ ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးခဲ့တာ ဖြစ်ပါတယ်။
Source - DVB
0 comments:
Post a Comment