“အမေရိကန် ထောက်လှမ်းရေး အဖွဲ့အစည်းသည် တရုတ်နိုင်ငံတွင် စတင်ပေါ်ပေါက်ဖြစ်ပွားသည့် COVID-19 ဗိုင်းရပ်စ်အား တုံ့ပြန်ဖြေရှင်းနေရသော အမေရိကန် မူဝါဒ ချမှတ်သူများသို့ အရေးပါသော ထောက်ပံ့မှုများကို စဉ်ဆက်မပြတ် ကူညီဖြည့်ဆည်းပေးလျက် ရှိသည်။ COVID-19 ဗိုင်းရပ်စ်သည် လူလုပ်ဗိုင်းရပ်စ်လည်း မဟုတ်သကဲ့သို့ မျိုးဗီဇပြုပြင်ထားသည့် ဗိုင်းရပ်စ်လည်း မဟုတ်ကြောင်းကို ကျယ်ပြန့်သည့် သိပ္ပံဆိုင်ရာ ကောက်ချက်များနှင့်အတူ ထောက်လှမ်းရေးအသိုင်းအဝိုင်းက တစ်သဘောတည်း လက်ခံထားသည်။
“ကပ်ဘေးအတွင်း ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်နေသည်မှာ အမေရိကန် အမျိုးသားလုံခြုံရေးအတွက် အလွန်အရေးပါသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး အတိမ်းအစောင်းမခံသော ထောက်လှမ်းရေး သတင်းများ ပေးခြင်းနှင့် သတင်းရင်းမြစ်များ စုဆောင်းခြင်းဖြင့် ထောက်လှမ်းရေးအဖွဲ့အစည်းမှ ကျွမ်းကျင်သူများက တုံ့ပြန်ဆောင်ရွက်လျက် ရှိခြင်း ဖြစ်သည်။ ထောက်လှမ်းရေးအဖွဲ့အစည်းအနေဖြင့် ထွက်ပေါ်နေသော သတင်းအချက်အလက်များကို ဆက်လက်၍ စူးစူးစိုက်စိုက် ဆန်းစစ်သွားမည်ဖြစ်ပြီး ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုသည် ဗိုင်းရပ်စ်သယ်ဆောင် တိရစ္ဆာန်နှင့် ထိတွေ့မိခြင်းမှ စတင်ခြင်းလား သို့မဟုတ် ဝူဟန်ရှိ ဓာတ်ခွဲခန်းတစ်ခုတွင် မတော်တဆမှု ကြုံပြီး စတင် ကူးစက်ပျံ့နှံ့ခြင်းလားဆိုသည်ကို ဆက်လက်ထောက်လှမ်းသွားမည် ဖြစ်သည်။”
Ref ; Mizzima
<zawgyi>
COVID-19 ဇစ်မြစ်နှင့် ပတ်သက်ပြီး အမေရိကန်ထောက်လှမ်းရေးအဖွဲ့အစည်း ထုတ်ပြန်ကြေညာချက်
Friday, May 1, 2020
“အမေရိကန် ထောက်လှမ်းရေး အဖွဲ့အစည်းသည် တရုတ်နိုင်ငံတွင် စတင်ပေါ်ပေါက်ဖြစ်ပွားသည့် COVID-19 ဗိုင်းရပ်စ်အား တုံ့ပြန်ဖြေရှင်းနေရသော အမေရိကန် မူဝါဒ ချမှတ်သူများသို့ အရေးပါသော ထောက်ပံ့မှုများကို စဉ်ဆက်မပြတ် ကူညီဖြည့်ဆည်းပေးလျက် ရှိသည်။ COVID-19 ဗိုင်းရပ်စ်သည် လူလုပ်ဗိုင်းရပ်စ်လည်း မဟုတ်သကဲ့သို့ မျိုးဗီဇပြုပြင်ထားသည့် ဗိုင်းရပ်စ်လည်း မဟုတ်ကြောင်းကို ကျယ်ပြန့်သည့် သိပ္ပံဆိုင်ရာ ကောက်ချက်များနှင့်အတူ ထောက်လှမ်းရေးအသိုင်းအဝိုင်းက တစ်သဘောတည်း လက်ခံထား သည်။
“ကပ်ဘေးအတွင်း ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်နေသည်မှာ အမေရိကန် အမျိုးသားလုံခြုံရေးအတွက် အလွန်အရေးပါသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး အတိမ်းအစောင်းမခံသော ထောက်လှမ်းရေး သတင်းများ ပေးခြင်းနှင့် သတင်းရင်းမြစ်များ စုဆောင်းခြင်းဖြင့် ထောက်လှမ်းရေးအဖွဲ့အစည်းမှ ကျွမ်းကျင်သူများက တုံ့ပြန်ဆောင်ရွက်လျက် ရှိခြင်း ဖြစ်သည်။ ထောက်လှမ်းရေးအဖွဲ့အစည်းအနေဖြင့် ထွက်ပေါ်နေသော သတင်းအချက်အလက်များကို ဆက်လက်၍ စူးစူးစိုက်စိုက် ဆန်းစစ်သွားမည်ဖြစ်ပြီး ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုသည် ဗိုင်းရပ်စ်သယ်ဆောင် တိရစ္ဆာန်နှင့် ထိတွေ့မိခြင်းမှ စတင်ခြင်းလား သို့မဟုတ် ဝူဟန်ရှိ ဓာတ်ခွဲခန်းတစ်ခုတွင် မတော်တဆမှု ကြုံပြီး စတင် ကူးစက်ပျံ့နှံ့ခြင်းလားဆိုသည်ကို ဆက်လက်ထောက်လှမ်းသွားမည် ဖြစ်သည်။”
0 comments:
Post a Comment