ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ပိတ်သိမ်းသွားသော အလုပ်ဌာနများမှ လူမှုဖူလုံရေး အာမခံကြေး ထည့်ဝင်ထားသော အလုပ်သမားများအတွက် တစ်နှစ်တာ ထောက်ပံ့ရေး စီမံထားကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။ အဆိုပါ အလုပ်သမားများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးဖိုး၊ ခရီးစရိတ်များကို အလုပ်လက်မဲ့ဖြစ်သည့် နေ့မှ စ၍ တစ်နှစ်အထိ တိုးမြှင့်ခံစားနိုင်ရန် စီမံကြောင်း ယနေ့ ကျရောက်သော အလုပ်သမားနေ့(မေလ ၁ ရက်-မေဒေးနေ့)တွင် ပြောသော မိန့်ခွန်းတွင် သမ္မတဦးဝင်းမြင့်က ပြောသည်။
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအထိ လူမှုဖူလုံရေး စီမံကိန်းအကျုံးဝင်သည့် အာမခံလုပ်သားအင်အား ၁ ဒသမ ၄၆ သန်း ကျော်ရှိကြောင်း၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေးအကျိုး ခံစားခွင့်များ ထိရောက် မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရန် သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍပြုပြင်ပြောင်းလ ဲခြင်း၊ကျန်းမာရေးကဏ္ဍပြု ပြင် ပြောင်းလဲခြင်း၊ စီမံခန့်ခွဲမှုပြုပြင်ပြောင ်းလဲခြင်း၊ ဥပဒေရေးရာကဏ္ဍပြု ပြင်ပြောင်းလဲခြင်းတို့ကို ILO နှင့် မိတ်ဖက်အဖွဲ့ အစည်းများ၏ နည်းပညာအကူအညီထောက်ပံ့မှုမျ ားဖြင့် ဆောင်ရွက်လျက်ရှိပါသည်ဟု သမ္မတဦးဝင်းမြင့်က ပြောပါတယ်။
ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် လတ်တလော ဖြစ်ပေါ်နေသည့် အခက်အခဲ အကြပ်အတည်းများကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများနှင့် ကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ ကျော်လွှားရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ဆိုးကို ကျော်လွှားရန် ပြည်သူများက တုံ့ပြန်ဆောင်ရွက်ချိန် အလုပ်သမားများ၏ ပူးပေါင်းပါဝင်မှုများကိုလည ်း အသိအမှတ်ပြုပါ ကြောင်း သမ္မတဦးဝင်းမြင့်က ပြောပါတယ်။
အလားတူ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်ရန် ဥပဒေဖြင့် မညီသော ဆူပူမှု၊ ဆန္ဒပြမှုများ မဖြစ်စေရန် သွေးထိုးလှုံ့ဆော်မှုများကိ ုလည်း သတိပြုရန် တိုက်တွန်းလိုက်ပြီး အလုပ်ရှင်၊ အလုပ်သမား ပူးပေါင်းဆောင်ရွက်ခြင်းဖြင ့် နိုင်ငံတော်ကို အကျိုးပြုရန်နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြ ည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က သမ္မတ၏ ကိုဗစ်-၁၉ ကြောင့် အလုပ်လက်မဲ့ ဖြစ်ရသူများအတွက် တစ်နှစ်တာ ထောက်ပံ့ရေး အစီအမံကို သေသေချာချာ မသိရသေးဘူးဟု ဆိုသည်။
သမ္မတဦးဝင်းမြင့်က အလုပ်သမားများ လုပ်သလောက် အကျိုးခံစားခွင့်ရ၍ သင့်တင့်သော လူနေမှုဘဝကို ပိုင်ဆိုင်ကာ နောင်ရေး ပူပန်စရာမလိုသောအဆင့်မျိုးဖ ြစ်အောင် နိုင်ငံတော်မှ ကြိုးစား ဖော်ဆောင်ပေးမည်ဟု ဂတိပေးကြောင်း ပြောခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံပေါင်း ၆၀၀ နီးပါးခန့်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် အထည်ချုပ်စက်ရုံ ၄၀ ရာခိုင်နှုန်းခန့် စီးပွားရေးအရ ထိခိုက်နစ်နာ ဆုံးရှုံးမှုများရှိကာ မတ်လနှောင်းပိုင်းတွင် စက်ရုံပေါင်း ၄၀ ကျော်မှ အလုပ် သမားပေါင်း ၂၅၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်ခဲ့သည်။
ခန့်မှန်းခြေ အမျိုးသမီး လုပ်သားပေါင်း ခုနှစ်သိန်းခန့်ဖြင့် လည်ပတ် လုပ်ကိုင်လျက်ရှိသည့် မြန်မာ့အထည်ချုပ် လုပ်ငန်း ကဏ္ဍတွင် လုပ်သားပေါင်း သုံးသိန်းခွဲခန့်သည် လက်ရှိတွင် လစာမဲ့ ဆိုင်းငံ့ခံရခြင်းနှင့် အလုပ်အကိုင်များကို ရပ်စဲခံရခြင်း စသည့် ထိခိုက်နစ်နာမှုများ ကြုံတွေ့လျက်ရှိနေသည်ဟု သိရသည်။
#Ref;Mizzima
#Myanmar_Online_News
>>zawgyi<<
COVID-19 ကြောင့် ပိတ်သိမ်းသွားသော စက်ရုံများမှ အလုပ်သမားများအတွက် အလုပ်လက်မဲ့ဖြစ်သူများကို တစ်နှစ်ထောက်ပံ့ရန် စီမံထားဟု သမ္မတပြော
Friday, May 1, 2020
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ပိတ်သိမ်းသွားသော အလုပ်ဌာနများမှ လူမှုဖူလုံရေး အာမခံကြေး ထည့်ဝင်ထားသော အလုပ်သမားများအတွက် တစ်နှစ်တာ ထောက်ပံ့ရေး စီမံထားကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။ အဆိုပါ အလုပ်သမားများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးဖိုး၊ ခရီးစရိတ်များကို အလုပ်လက်မဲ့ဖြစ်သည့် နေ့မှ စ၍ တစ်နှစ်အထိ တိုးမြှင့်ခံစားနိုင်ရန် စီမံကြောင်း ယနေ့ ကျရောက်သော အလုပ်သမားနေ့(မေလ ၁ ရက်-မေဒေးနေ့)တွင် ပြောသော မိန့်ခွန်းတွင် သမ္မတဦးဝင်းမြင့်က ပြောသည်။
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအထိ လူမှုဖူလုံရေး စီမံကိန်းအကျုံးဝင်သည့် အာမခံလုပ်သားအင်အား ၁ ဒသမ ၄၆ သန်း ကျော်ရှိကြောင်း၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေးအကျိုး ခံစားခွင့်များ ထိရောက် မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရန် သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍပြုပြင်ပြောင်းလြဲ ခင်း၊ကျန်းမာရေးကဏ္ဍပြု ပြင် ပြောင်းလဲခြင်း၊ စီမံခန့်ခွဲမှုပြုပြင်ပြောင် းလဲခြင်း၊ ဥပဒေရေးရာကဏ္ဍပြု ပြင်ပြောင်းလဲခြင်းတို့ကို ILO နှင့် မိတ်ဖက်အဖွဲ့ အစည်းများ၏ နည်းပညာအကူအညီထောက်ပံ့မှုမျာ းဖြင့် ဆောင်ရွက်လျက်ရှိပါသည်ဟု သမ္မတဦးဝင်းမြင့်က ပြောပါတယ်။
ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် လတ်တလော ဖြစ်ပေါ်နေသည့် အခက်အခဲ အကြပ်အတည်းများကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများနှင့် ကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ ကျော်လွှားရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ဆိုးကို ကျော်လွှားရန် ပြည်သူများက တုံ့ပြန်ဆောင်ရွက်ချိန် အလုပ်သမားများ၏ ပူးပေါင်းပါဝင်မှုများကိုလည် း အသိအမှတ်ပြုပါ ကြောင်း သမ္မတဦးဝင်းမြင့်က ပြောပါတယ်။
အလားတူ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်ရန် ဥပဒေဖြင့် မညီသော ဆူပူမှု၊ ဆန္ဒပြမှုများ မဖြစ်စေရန် သွေးထိုးလှုံ့ဆော်မှုများကိုလ ည်း သတိပြုရန် တိုက်တွန်းလိုက်ပြီး အလုပ်ရှင်၊ အလုပ်သမား ပူးပေါင်းဆောင်ရွက်ခြင်းဖြင ့် နိုင်ငံတော်ကို အကျိုးပြုရန်နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည ်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က သမ္မတ၏ ကိုဗစ်-၁၉ ကြောင့် အလုပ်လက်မဲ့ ဖြစ်ရသူများအတွက် တစ်နှစ်တာ ထောက်ပံ့ရေး အစီအမံကို သေသေချာချာ မသိရသေးဘူးဟု ဆိုသည်။
သမ္မတဦးဝင်းမြင့်က အလုပ်သမားများ လုပ်သလောက် အကျိုးခံစားခွင့်ရ၍ သင့်တင့်သော လူနေမှုဘဝကို ပိုင်ဆိုင်ကာ နောင်ရေး ပူပန်စရာမလိုသောအဆင့်မျိုးြ ဖစ်အောင် နိုင်ငံတော်မှ ကြိုးစား ဖော်ဆောင်ပေးမည်ဟု ဂတိပေးကြောင်း ပြောခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံပေါင်း ၆၀၀ နီးပါးခန့်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် အထည်ချုပ်စက်ရုံ ၄၀ ရာခိုင်နှုန်းခန့် စီးပွားရေးအရ ထိခိုက်နစ်နာ ဆုံးရှုံးမှုများရှိကာ မတ်လနှောင်းပိုင်းတွင် စက်ရုံပေါင်း ၄၀ ကျော်မှ အလုပ် သမားပေါင်း ၂၅၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်ခဲ့သည်။
ခန့်မှန်းခြေ အမျိုးသမီး လုပ်သားပေါင်း ခုနှစ်သိန်းခန့်ဖြင့် လည်ပတ် လုပ်ကိုင်လျက်ရှိသည့် မြန်မာ့အထည်ချုပ် လုပ်ငန်း ကဏ္ဍတွင် လုပ်သားပေါင်း သုံးသိန်းခွဲခန့်သည် လက်ရှိတွင် လစာမဲ့ ဆိုင်းငံ့ခံရခြင်းနှင့် အလုပ်အကိုင်များကို ရပ်စဲခံရခြင်း စသည့် ထိခိုက်နစ်နာမှုများ ကြုံတွေ့လျက်ရှိနေသည်ဟု သိရသည်။
#Ref;Mizzima
0 comments:
Post a Comment