ကနေဒါ စစ်ဘက်ရဟတ်ယာဉ်တစ်စင်း ဗုဒ္ဓဟူးနေ့က ဂရိကမ်းလွန် မြေထဲပင်လယ်မှာ ပျက်ကျခဲ့ပြီး ရုပ်အလောင်းတစ်လောင်း ရှာဖွေတွေ့ရှိထားကာ ငါးဦးကတော့ ပျောက်ဆုံးနေတယ်လို့ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးက ကြာသပတေးနေ့မှာ ပြောဆိုခဲ့ပါတယ်။
ဗဟိုနဲ့ အရှေ့ဥရောပ လုံခြုံရေး အားကောင်းစေရေး ရည်ရွယ်တဲ့ နေတိုးအဖွဲ့ရဲ့ Operation Reassurance မစ်ရှင်မှာ ပါ၀င်တဲ့ HMCS Fredericton ရဟတ်ယာဉ်ဟာ လေ့ကျင့်မှုလုပ်နေစဉ်အတွင်း CH-148 Cyclone ရဟတ်ယာဉ်နဲ့ အဆက်အသွယ် ပြတ်သွားခဲ့တယ်လို့ဆိုပါတယ်။
သူတို့အားလုံးက သူရဲကောင်းတွေပါ၊ တစ်ယောက်ချင်းစီးက အစားထိုးလို့ မရသူတွေဖြစ်ပါတယ်လို့ ထရူးဒိုး က သတင်းစာကွန်ဖရင့်မှာ ပြောဆိုခဲ့ပါတယ်။ ယခုအချိန်မှာတော့ ရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းကို မသိရသေးဘူးလို့ ကာကွယ်ရေးဝန်ကြီး ဟာဂျစ် ဆာဂျန်က ပြောဆိုခဲ့ပြီး ရဟတ်ယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းတင် ကိရိယာ၊ အသံမှတ်တမ်းတင် ကိရိယာ(black box) တွေကို ရှာတွေ့ခဲ့ပြီလို့လည်း ဆိုခဲ့ပါတယ်။
Ref ; AKonthi
<zawgyi>
ကနေဒါ စစ်ဘက်ရဟတ်ယာဉ်တစ်စင်း ဂရိကမ်းလွန်မှာ ပျက်ကျ တစ်ဦးသေဆုံးခဲ့ကာ ငါးဦးပျောက်ဆုံးနေ
Friday, May 1, 2020
ကနေဒါ စစ်ဘက်ရဟတ်ယာဉ်တစ်စင်း ဗုဒ္ဓဟူးနေ့က ဂရိကမ်းလွန် မြေထဲပင်လယ်မှာ ပျက်ကျခဲ့ပြီး ရုပ်အလောင်းတစ်လောင်း ရှာဖွေတွေ့ရှိထားကာ ငါးဦးကတော့ ပျောက်ဆုံးနေတယ်လို့ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးက ကြာသပတေးနေ့မှာ ပြောဆိုခဲ့ပါတယ်။
ဗဟိုနဲ့ အရှေ့ဥရောပ လုံခြုံရေး အားကောင်းစေရေး ရည်ရွယ်တဲ့ နေတိုးအဖွဲ့ရဲ့ Operation Reassurance မစ်ရှင်မှာ ပါဝင်တဲ့ HMCS Fredericton ရဟတ်ယာဉ်ဟာ လေ့ကျင့်မှုလုပ်နေစဉ်အတွင်း CH-148 Cyclone ရဟတ်ယာဉ်နဲ့ အဆက်အသွယ် ပြတ်သွားခဲ့တယ်လို့ဆိုပါတယ်။
သူတို့အားလုံးက သူရဲကောင်းတွေပါ၊ တစ်ယောက်ချင်းစီးက အစားထိုးလို့ မရသူတွေဖြစ်ပါတယ်လို့ ထရူးဒိုး က သတင်းစာကွန်ဖရင့်မှာ ပြောဆိုခဲ့ပါတယ်။ ယခုအချိန်မှာတော့ ရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းကို မသိရသေးဘူးလို့ ကာကွယ်ရေးဝန်ကြီး ဟာဂျစ် ဆာဂျန်က ပြောဆိုခဲ့ပြီး ရဟတ်ယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းတင် ကိရိယာ၊ အသံမှတ်တမ်းတင် ကိရိယာ(black box) တွေကို ရှာတွေ့ခဲ့ပြီလို့လည်း ဆိုခဲ့ပါတယ်။
Ref ; AKonthi
0 comments:
Post a Comment