Friday, May 1, 2020

သုံးရက်အတွင်းဖြစ်‌ ပေါ်လာမည့်မုန်တိုင်းငယ်တစ်ခု မြန်မာ့ကမ်းရိုးတမ်းသို့ဦးတည်ရွေ့လျားနိုင်

Image may contain: text
မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြာမှုဦးစီးဌာနက လာမည့်သုံးရက်အတွင်းတွင် မုန်တိုင်းငယ်တစ်ခု မြန်မာ့ကမ်းရိုးတမ်းသို့ဦးတည်ရွေ့လျားနို​​င်ကြောင်း မေ ၁ရက်တွင်ထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် ယနေ့မြန်မာစံ တော်ချိန် ၉နာရီ၃၀အချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းတို့တွင် နောက် ၁၂ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ (နောက် ၆၀ နာရီအတွင်း) မေ၃ရက်ခန့်တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်ဟုရေးသားထားသည်။
အဆိုပါ မုန်တိုင်းငယ်သည် ကနဦးတွင် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ နောက်ပိုင်းတွင် မြောက်-အရှေ့ မြောက်ဘက်သို့ကွေ့ကာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည် ရွေ့လျားမည်ဟု ခန့်မှန်းရကြောင်း မိုးဇလကထုတ်ပြန်ထားသည်။
No photo description available.
No photo description available.

0 comments:

Post a Comment