Friday, August 30, 2013

မေယုကျွန်းပျက်စီးနေမှု အကြီးစားပြုပြင်ထိန်းသိမ်းရန် အရေးတကြီးလိုအပ်နေ

ရခိုင် ပြည်နယ် စစ်တွေမြို့နယ်အနီးရှိ မေယုကျွန်း ပျက်စီးနေမှုကို အ ကြီးစား ပြုပြင်ထိန်းသိမ်းရန် လို အပ်နေပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အခြေခံမျဉ်း များ ရေးဆွဲရာတွင် မြောက်ဘက် စွန်းအဖြစ် ၁၉၆၈ ခုနှစ် နိုဝင် ဘာ ၁၅ ရက်က ပြည်ထောင်စု မြန်မာနိုင်ငံတော် တော်လှန်ရေး ကောင်စီ အစိုးရလက်ထက်တွင် ထုတ်ပြန် သတ်မှတ်နိုင်ခဲ့သည့် စစ် တွေမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၂၁ မိုင်အကွာတွင် တည် ရှိသော မေယုကျွန်း(Oyster Island) တွင် ကာရံထားသည့် လှိုင်းကာနံရံများမှာ ထိန်းသိမ်း သူမရှိသဖြင့် ပျက်စီးယိုယွင်းလျက် ရှိကြောင်း သိရသည်။

မြန်မာ-အမေရိကန် စစ်ဘက်ဆက်ဆံရေး တိုးမြှင့်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချဲလ် တို့ ယမန်နေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ - မြန်မာ့အလင်း)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချဲလ် တို့ ယမန်နေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ – မြန်မာ့အလင်း)

မြန်မာ-အမေရိကန် ၂ နိုင်ငံ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ရန် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ် မစ်ချဲလ်တို့ ဆွေးနွေးကြသည်။

ရတနာ့ဂူပွဲတွင် ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော် လုံခြုံရေးချ

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ငယ်တိုး ရပ်ကွက်တွင် နှစ်စဉ် ကျင်းပ ပြုလုပ်သော ရတနာ့ဂူ ပွဲတော်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ အင်အား ၁၀၀ ကျော် ထားရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မန္တလေး နည်းပညာပြပွဲ တယ်လီနောနှင့် အော်ရီဒူး ဆက်သွယ်ရေး ကုမ္ပဏီ လာရောက် ပြသရန် ဖိတ်ကြား


မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်းနှင့် ကွန်ပျူတာ လုပ်ငန်းရှင် အသင်းတို့ ပူးပေါင်း၍ မန္တလေး မြို့တော်ခန်းမတွင် စက်တင်ဘာလ ၂၇၊ ၂၈၊ ၂၉ ရက်နေ့များတွင် ကျင်းပမည့် ကွန်ပျူတာ IT နည်းပညာ ပြပွဲနှင့် ICT Expo ပွဲသို့ ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့်ရ ပြည်ပ ကုမ္ပဏီ နှစ်ခုဖြစ်သော တယ်လီနောနှင့် အော်ရီဒူး ကုမ္ပဏီတို့ကို လာရောက် ပြသရန် ဖိတ်ကြားထားကြောင်း မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင် အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။

ရခိုင့်သယံဇာတများမှ အကျိုးခံစားခွင့်ရရှိရေး ဒေသခံများ၏လက်မှတ်ကို အောက်တိုဘာတွင်အပြီးကောက်ရန်စီစဉ်


ရခိုင်ပြည် နယ်မှထွက်ရှိသည့် သဘာဝသ ယံဇာတများမှ ဒေသအကျိုးခံစား ခွင့်ရရှိရေးအတွက် ဒေသခံများ ၏လက်မှတ်ကို အောက်တိုဘာ လတွင်အပြီး ကောက်ခံသွားမည် ဖြစ်ကြောင်း ရခိုင့်သယံဇာတများ အကျိုးခံစားခွင့်ရရှိရေးကော်မ တီမှတာဝန်ခံ ဦးခိုင်ပြည်စိုးက ပြောသည်။

မြို့နယ်အလိုက် မြေဈေးနှုန်းသတ်မှတ်ဟု ဆိုခြင်းကြောင့် အိမ်၊ ခြံ၊ မြေ ဈေးကွက်ငြိမ်ဟုဆို


အာရှတိုက်၏ မြေဈေးနှုန်းအမြင့်ဆုံး နိုင်ငံများတွင် ပါဝင်သည့် မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ လျော့ကျစေရန် ရည်ရွယ်၍ မြို့နယ်အလိုက် မြေဈေးနှုန်း သတ်မှတ်ထားကြောင်း အစိုးရက ပြောဆို လိုက်ခြင်းကြောင့် ရန်ကုန်အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ဝယ်ယူမှုများ လျော့ကျသွားပြီး ဈေးကွက်ငြိမ်နေကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

မိုးပျံကား ဖြန့်ချိရောင်းချတော့မည်

အမေရိကန်အခြေဆိုက် Terrafugia တို့ ကြိုးစားပန်းစား ဖန်တီးနေတဲ့ မိုးပျံကားကို ဈေးကွက်သို့ တက် ရောင်းချ နိုင်တော့မှာ ဖြစ်ပါတယ်။ဈးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၇၉၀၀၀ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၂သိန်း ၈ သောင်း နီးနီးပါ။

အောင်မြင်သူတို့ လမ်းစဉ်


Photo: အောင်မြင်သူတို့ လမ်းစဉ်
Friday, August 30, 2013

အင်တာဗျူးတစ်ခုမှာ ဘီလ်ဂိတ်ပြောတဲ့ စကားလေးပါ။ "ကျနော် ကျောင်း တက် တုန်းက ဘာသာရပ်အချို့  စာမေးပွဲကျပြီး သူငယ်ချင်းတွေ က အောင်မြင်တယ်။ သူတို့က မိုက်ခရိုဆော့ဖ်ကုမ္ပဏီရဲ့  ဝန်ထမ်းတွေ ဖြစ် သွားပြီး ကျနော်က မိုက်ဖရိုဆော့ဖ်ကုမ္ပဏီပိုင် ရှင် ဖြစ်လာတယ်"

တကယ့် လက်တွေ့ ကမ္ဘာ့ အိုင်တီလောကမှာလည်း ဒီတိုင်းပါပဲ။ မိန်းကလေး များက အတန်းထဲမှာ အမှတ်ပြည့်နဲ့ အိုင်တီမေဂျာ ကို အောင်မြင်ပြီး ယောင်္ကျားလေးများက ကျပါတယ်။ သို့ပေမယ့် ယင်း အမျိုးသားများက ကမ္ဘာ့ထိပ်တန်း ဆိုင်ဘာလုံခြုံရေး အဖွဲ့အစည်းတွေက အားကိုးရတဲ့ ဟက်ကာတွေ ဖြစ်ကုန်ပါတယ်။ တစ်ချို့ တစ်လေ ကို ပြောတာ ပါ။

ဒါကြောင့် စာမေးပွဲမှာ အမှတ်ပြည့်ရဖို့ ကြိုးစားနေခြင်းက အကန့်အသတ် ရှိပါတယ်။ တကယ့် လက်တွေ့ဘဝ အသုံးချဖို့ ရည်ရွယ်ရိုးမှန်ရင် ထားရမယ့်
target က တစ်မျိုးပြောင်းသွားပါပြီ။ ဘီလ်ဂိတ်တို့၊ စတိဗ်ဂျော့တို့ဆိုတာ တစ်ချိန်တုန်းက ကွန်ပြူတာကုဒ်တွေကို စာရွက်ပေး ချရေးလို့ ရောင်း စားပြီး ကျောင်းတက်ခဲ့တဲ့သူတွေပါ။ ဒီတော့ အထောက်အပံ့ပစ္စည်း မရှိတာတို့၊ အင်တာနက်လိုင်းမကောင်းတာတို့က ပြစရာ အကြောင်းပြချက် တစ်ခုမဖြစ်သင့်ပါဘူး။ လုပ်ချင်စိတ်၊ ဖြစ်ချင်စိတ်ကသာ အဓိက ကျတာပါ။

သာမန် လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လုပ်မယ်၊ လခစားဘဝမှာ တာဝန်ကျေရုံပဲ လုပ်မယ်ဆိုရင် တစ်သက်လုံး နောက်လိုက်ပဲ ဖြစ်မှာပါ။ လုပ်ငန်းရှင်ဖြစ်မလာပါဘူး။ ကိုယ့်လျှောက်မယ့် ပရော်ဖက်ရှင်တစ်ခုကို အတိအကျ ရွေးပြီး ခုကတည်းက အကောင်းဆုံး လုပ်သွားဖို့ အကြံပေး တိုက်တွန်း လိုက်ရ ပါတယ်။

www.facebook.com/TheWebshopMM
www.thewebshop-mm.com
The Webshop

http://www.myanmaronlinenews.net/

အင်တာဗျူးတစ်ခုမှာ ဘီလ်ဂိတ်ပြောတဲ့ စကားလေးပါ။ "ကျနော် ကျောင်း တက် တုန်းက ဘာသာရပ်အချို့  စာမေးပွဲကျပြီး သူငယ်ချင်းတွေ က အောင်မြင်တယ်။ သူတို့က မိုက်ခရိုဆော့ဖ်ကုမ္ပဏီရဲ့  ဝန်ထမ်းတွေ ဖြစ် သွားပြီး ကျနော်က မိုက်ဖရိုဆော့ဖ်ကုမ္ပဏီပိုင် ရှင် ဖြစ်လာတယ်"

တိုင်းနှင့်ပြည်နယ်များတွင် အထက်တန်းပြရာထူးတိုးများခေါ်ယူ

တိုင်းနှင့် ပြည်နယ်များတွင် အထက်တန်း ပြရာထူးအတွက် ရာထူးတိုးများ ခေါ်ယူလျက်ရှိကြောင်း အမှတ် (၂)အခြေခံပညာဦးစီးဌာနမှ သိရသည်။အဆိုပါရာထူးအတွက် လုပ် သက်အနည်းဆုံးနှစ်နှစ်ရှိသော အလယ်တန်းပြဆရာ၊ ဆရာမများ ကိုခေါ်ယူလျက်ရှိပြီး အထက်တန်း ကျောင်း(ခွဲ)နှင့် တွဲဖက်အထက် တန်းကျောင်းများ၏လစ်လပ်နေ ရာများတွင် အချိန်မီခန့်အပ်နိုင် ရန်ခေါ်ယူခြင်းဖြစ်ကြောင်း သိ ရသည်။

အာရှနိုင်ငံတကာ ကလေးများရုပ်ရှင်ပွဲတော်အတွက် လူငယ်ဒါရိုက်တာသုံးဦးရွေးချယ်

အာရှနိုင်ငံ တကာကလေးများ ရုပ်ရှင်ပွဲတော် သို့ မြန်မာနိုင်ငံမှတက်ရောက်နိုင် ရန်အတွက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ လူငယ်ဒါရိုက်တာ သုံးဦးအား ယနေ့ နေ့လယ်တွင် ရွေးချယ်လိုက်ကြောင်း မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရ သည်။

Thursday, August 29, 2013

ဂျပန်သိပ္ပံပညာရှင်တို့ တိရစ္ဆာန်သုက်ပိုးများ စုဆောင်းမှုပြု

ဂျပန်သိပ္ပံပညာရှင်တို့က အန္တရာယ်ရှိသော တိရစ္ဆာန်တို့၏ သုက်ပိုးကို အေးခဲခြောက်သွေ့ စေသော နည်းပညာအသုံးပြု ကာ စုဆောင်းလျက်ရှိကြောင်း သိရသည်။ ထိုသို့စုဆောင်းမှုပြု ခြင်းသည် တစ်နေ့တွင် လူသား တို့က အခြားသောဂြိုဟ်များပေါ် တွင် တိရစ္ဆာန်များကို ပြန်လည် ဖန်တီးရာတွင် အထောက်အကူ ပြုစေမည်ဟု မျှော်လင့်ကာ လုပ် ဆောင်ခြင်းလည်းဖြစ်သည်။

နော်ဝေးနိုင်ငံက မဟာဘွဲ့နှင့်ပါရဂူဘွဲ့သင်တန်းအတွက် မြန်မာကျောင်းသား ၆၀ ပညာသင်ဆုပေး မည်

ထိုင်းနိုင်ငံတွင် မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများ တက်ရောက်ရန် မြန်မာကျောင်းသား ၆၀ ဦးအား ပညာသင်ဆုထပ်မံပေးသွားမည်ဖြစ်ပြီး အစိုးရဝန်ထမ်းနှင့် ပြင်ပမှပုဂ္ဂိုလ်များ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အီရတ်တွင်နေရာအနှံ့အပြား ဗုံးကွဲမှုကြောင့် လူ ၈၆ ဦးသေဆုံး

အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက်တွင် အဆက်မပြတ်ဗုံးပေါက်ကွဲမှုများနှင့် တိုက်ခိုက်မှုများကြောင့်လူ ၈၆ ဦး သေဆုံးသွားခဲ့ပြီး၊ ၂၆၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲများကဆိုသည်ဟု သြဂုတ် ၂၉ ရက်ကရိုက်တာသတင်း ဌာနမှ ဖေါ်ပြထားသည်။

သိမှတ်ဖွယ်ရာလေးတွေပါ




၁။မိမိဘ၀ကိုမိမိကသာဖန်တီးယူရမှာ။ ဒါပေမဲ့ ဆုံးဖြတ်ချက်မမှားဖို့တော့ လိုတယ်နော်။