Friday, August 30, 2013

အာရှနိုင်ငံတကာ ကလေးများရုပ်ရှင်ပွဲတော်အတွက် လူငယ်ဒါရိုက်တာသုံးဦးရွေးချယ်

အာရှနိုင်ငံ တကာကလေးများ ရုပ်ရှင်ပွဲတော် သို့ မြန်မာနိုင်ငံမှတက်ရောက်နိုင် ရန်အတွက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ လူငယ်ဒါရိုက်တာ သုံးဦးအား ယနေ့ နေ့လယ်တွင် ရွေးချယ်လိုက်ကြောင်း မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရ သည်။

အဆိုပါပွဲတော်အတွက် ရွေး ချယ်ခံရသောသုံးဦးမှာ မသီရိမေ Preminence of Aggrievent ခေါင်းစဉ်ဖြင့် အမှတ် ၇၄၂၊ မဝတ် ရည် Beyoung of Torment ခေါင်း စဉ်ဖြင့် အမှတ် ၆၃၈၊ မောင်အောင် မျိုးမင်း Repercussion of Agoey ခေါင်းစဉ်ဖြင့် အမှတ် ၆၃၆ တို့ဖြင့် ရွေးချယ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

''ဒီနှစ်က လာယှဉ်ပြိုင်တဲ့ ကလေး တော်တော်ကိုနည်းတယ်။ အရင်နှစ်တွေကဆိုရင် စိတ်ဝင် စားမှုလဲ ပိုများတယ်။ ပြိုင်ပွဲနီး လာပြီဆိုရင် လျှောက်လွှာက ဘယ်တော့လဲဆိုပြီး ဖုန်းဆက်မေး တဲ့သူတွေတောင် ရှိတယ်။ ဒီနှစ် တော့ ကလေးတွေ သိပ်စိတ်မဝင် စားကြတော့ဘူးထင်တယ်''ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး မှ ဒုဥက္ကဋ္ဌ -၂ ဦးအေးကြူလေး က ပြောသည်။

၂၀၁၃ ခုနှစ် အာရှနိုင်ငံတ ကာကလေးများ ဒါရိုက်တာပြိုင် ပွဲသို့လာရောက်ယှဉ်ပြိုင်သော လူငယ်ဒါရိုက်တာ ခုနစ်ဦးသာရှိ ခဲ့ပြီ အဆိုပါခုနစ်ဦးမှ သုံးဦးကို ပြန်လည်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လူရွေးချယ်ပွဲတွင် အကဲဖြတ် ဒါရိုက်တာများအဖြစ် ဦးကြည် စိုးထွန်း၊ ဦးညီညီထွန်းလွင်၊ ဒေါ် ဆွေဇင်ထိုက်၊ ဦးမျိုးဇော်အောင်၊ ဦးဝင်းထွန်းထွန်း၊ မလိခစိုးထိုက် အောင်၊ ဦးမိုက်တီး၊ ဦးမောင်မောင် ဦး၊ ကိုဇော် (အရုဏ်ဦး)၊ ဦးဇော် မြင့်ဦးတို့၏ဆုံးဖြတ်ချက်များဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။

၂၀၁၃ ခုနှစ် အာရှနိုင်ငံတကာကလေးများရုပ်ရှင်ပွဲတော် ကို ဂျပန်နိုင်ငံ မီနာမိအာဝဂျိမြို့ တွင် ကျင်းပပြု လုပ်မည်ဖြစ်ပြီး ၎င်းရုပ်ရှင်ပွဲတော်သို့ မြန်မာနိုင်ငံ မှ လူငယ်ဒါရိုက်တာ ၁၀ ဦးတက် ရောက်ရန်အတွက် ဖိတ်ကြားခံ ရခြင်းဖြစ်သည်။

အဆိုပါရုပ်ရှင်ပွဲတော်သို့ သွားရောက်နိုင်ရန်အတွက် မြန် မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဇာတ်ကားသုံးကားနှင့်တကွ အ ဖွဲ့ဝင်ကိုးဦး၊ အဖွဲ့ခေါင်းဆောင် တစ်ဦးတို့ကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ယခုမြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံးမှရွေးချယ်ခြင်းခံရသော လူငယ်ဒါရိုက်တာသုံးဦးအား ၂၀၁၃ ခုနှစ် အာရှနိုင်ငံတကာကလေး များရုပ်ရှင်ပွဲတော်ကျင်းပပြုလုပ် မည့် ဂျပန်နိုင်ငံသို့သွားရောက် ၍ အခြားသောနိုင်ငံတကာမှ လူ ငယ်ဒါရိုက်တာများနှင့်အတူ ''နိုင့် ထက်စီးနင်းပြုမူခြင်း (အနိုင်ကျင့် ခြင်း)''ဟူသောခေါင်းစဉ်ဖြင့် ဝင် ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

တစ်ဦးချင်း၊ တစ်နိုင်ငံချင်း သော်လည်းကောင်း၊ အများစုပေါင်း လုပ်ဆောင်၍သော်လည်းကောင်း ပါဝင်နိုင်သည်။

'နိုင့်ထက်စီးနင်းပြုမူခြင်း' ခေါင်းစဉ်ဖြင့် ဇာတ်လမ်းတိုတစ်ခု ရိုက်ကူးပုံဖော်ရာတွင် လူသားအ ချင်းချင်းသော်လည်းကောင်း၊ တိရစ္ဆာန်အချင်းချင်းသော်လည်း ကောင်း အစရှိသည့် မိမိနှင့်အ နီးတစ်ဝိုက် တွင်ရှိနေသည့်ကဏ္ဍ များမှတစ်ဆင့်ွူသဘွေှူ့နာန အထိ ကျယ်ကျယ်ပြန့်ပြန့်တွေး ခေါ်ရိုက်ကူးပြီး တစ်နိုင်ငံ၊ တစ် ဒေသ လက်ရာသုံးမျိုးအထိ ရိုက် ကူးပေးရမည်ဖြစ်၍ အင်္ဂလိပ်စာ တန်းထိုးပေးရ မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် အာရှနိုင်ငံတ ကာကလေးရုပ်ရှင်ပွဲတော်သို့ အ သက် ၁၂ နှစ်မှ၁၈နှစ်အရွယ်များ ပါဝင်နိုင်ပြီး ရိုက်ကူးထားသည့် ဇာတ်လမ်းတိုများအား မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ဩ ဂုတ် ၁၅ ရက်နောက်ဆုံးထားပေး ပို့နိုင်ကြောင်း သိရသည်။

Yangon Media Group

0 comments:

Post a Comment