Thursday, August 29, 2013

ဂျပန်သိပ္ပံပညာရှင်တို့ တိရစ္ဆာန်သုက်ပိုးများ စုဆောင်းမှုပြု

ဂျပန်သိပ္ပံပညာရှင်တို့က အန္တရာယ်ရှိသော တိရစ္ဆာန်တို့၏ သုက်ပိုးကို အေးခဲခြောက်သွေ့ စေသော နည်းပညာအသုံးပြု ကာ စုဆောင်းလျက်ရှိကြောင်း သိရသည်။ ထိုသို့စုဆောင်းမှုပြု ခြင်းသည် တစ်နေ့တွင် လူသား တို့က အခြားသောဂြိုဟ်များပေါ် တွင် တိရစ္ဆာန်များကို ပြန်လည် ဖန်တီးရာတွင် အထောက်အကူ ပြုစေမည်ဟု မျှော်လင့်ကာ လုပ် ဆောင်ခြင်းလည်းဖြစ်သည်။


တိရစ္ဆာန်သုက်ပိုးများကို အေးခဲခြောက်သွေ့စေသောနည်း ပညာဖြင့် စုဆောင်းမှုပြုသည့်အ ဖွဲ့မှာ ကျိုတိုတက္ကသိုလ်တိရစ္ဆာန် ဓာတ်ခွဲခန်းဆိုင်ရာကျောင်း၏ ဆေးပညာအသင်းမှ ဖြစ်သည်။ ၎င်း တို့က အန္တရာယ်ပြုနိုင်သော နို့ တိုက်သတ္တဝါနှစ်ကောင်မှ သုက် ပိုးများကို အောင်မြင်စွာ စုဆောင်း သိုမှီးထားနိုင်ခဲ့ကြသည်ဟု တွဲဖက် ပါမောက္ခတာကေဟိတိုကာနီကို က ပြောကြားခဲ့သည်။

သုက်ပိုးစုဆောင်းသည့်အ ဖွဲ့က အထူးတာရှည်ခံအောင် ထိန်းသိမ်းထားသော အရည်နှင့် သုက်ပိုးကို ရောနှောကာ အပူ ချိန် ၄ဒီဂရီစင်တီဂရိတ်အတွင်း အေးခဲခြောက်သွေ့စေသော နည်း လမ်းဖြင့် သိုလှောင်သိမ်းဆည်း ထားခြင်းဖြစ်သည်။

ပါမောက္ခကာနီကိုနှင့် သု တေသီအဖွဲ့သည် ယခင်က ကြွက် များမှ သုက်ပိုးများကို အောင်မြင် စွာအေးခဲခြောက်သွေ့နိုင်ခဲ့သည်။ ထိုသုက်ပိုးများမှာ ငါးနှစ်နှင့်အထက် ရှင်သန်ကြောင်း သက်သေပြနိုင်ခဲ့ ကြသည်ဟု သိရသည်။ သိပ္ပံပညာ ရှင်တို့အနေဖြင့် သုက်ပိုးများကို အေးခဲခြောက်သွေ့စေသောနည်း လမ်းဖြင့် မျိုးဗီဇဆိုင်ရာ သတင်း အချက်အလက်ကို ရရှိနိုင်မည် ဖြစ်ရာ ယင်းသည် အန္တရာယ်ပြု နိုင်သော တိရစ္ဆာန်မျိုးစိတ်များကို တာရှည်ခံအောင် ထိန်းသိမ်းရာ တွင် အထောက်အကူပြုနိုင်မည် ဟူသော သဘောပင်ဖြစ်သည်ဟု ကာနီကိုက ပြောကြားခဲ့သည်။

အနာဂတ်တွင် အေးခဲခြောက် သွေ့စေကာ တာရှည်ခံအောင် သိမ်းဆည်းထားသော သုက်ပိုး များကို အာကာသတွင်းသို့ သယ် ဆောင်ကာ တိရစ္ဆာန်များ ပေါက် ဖွားရှင်သန်စေမည့် အနာဂတ် နယ်ပယ်တစ်ခုကို ထူထောင်မည် ဟု သိရသည်။

Yangon Media Group

0 comments:

Post a Comment