Thursday, August 29, 2013

နော်ဝေးနိုင်ငံက မဟာဘွဲ့နှင့်ပါရဂူဘွဲ့သင်တန်းအတွက် မြန်မာကျောင်းသား ၆၀ ပညာသင်ဆုပေး မည်

ထိုင်းနိုင်ငံတွင် မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများ တက်ရောက်ရန် မြန်မာကျောင်းသား ၆၀ ဦးအား ပညာသင်ဆုထပ်မံပေးသွားမည်ဖြစ်ပြီး အစိုးရဝန်ထမ်းနှင့် ပြင်ပမှပုဂ္ဂိုလ်များ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။


ထိုင်းနိုင်ငံရှိ မဟီဒေါတက္ကသိုလ်တွင် မဟာဘွဲ့ ၂ နှစ်သင်တန်းတက်ရောက်ရန် ကျောင်းသား ၃၀ ဦးနှင့် ပါရဂူဘွဲ့ သုံးနှစ်သင်တန်းတက်ရောက်ရန် ကျောင်းသား ၃၀ အား ၂၀၁၃-၂၀၁၄ ပညာသင်နှစ် အတွက် ပညာသင်ဆုပေးအပ်သွားမည် ဖြစ်သည်။

အဆိုပါပညာသင်ဆုအစီအစဉ်အတွက် သဘာဝသိပ္ပံနှင့် ကျန်းမာရေး၊ လူမှုရေးနှင့် လူဦးရေဆိုင်ရာ သိပ္ပံ၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လေ့လာမှုနှင့် သဘာဝပတ်ဝန်းကျင် သိပ္ပံဘာသာရပ် နယ်ပယ်များကို လေ့လာလိုသူများ လျှောက်ထားနိုင်မည်ဖြစ်ပြီး ပညာသင်ယူပြီးဆုံးပါက မိမိနိုင်ငံသို့ ပြန်၍ အလုပ်အကျွေးပြုရမည်ဖြစ်သည်။

ပညာသင်ဆုအစီအစဉ်နှင့် ပတ်သက်၍ အီးမေးလ် anadi.nit@mahidol.ac.th"> anadi.nit@mahidol.ac.th သို့ဆက်သွယ်၍ အသေးစိတ် အချက်အလက်များကို http://www.grad.mahidol.ac.th တွင်ကြည့်ရှုနိုင်သည်။

နော်ဝေးအစိုးရသည် ၂၀၁၂ ခုနှစ်မှစတင်၍ တစ်နှစ်လျှင် ကျောင်းသား ၄၀ စီဖြင့် မြန်မာကျောင်းသား ၁၂၀ အားသုံးနှစ်ဆက်တိုက် ရွေးချယ်၍ ထိုင်းနိုင်ငံရှိ အာရှနည်းပညာအင်စတီကျူ့ဒ် (AIT) တွင် သင်ယူစေသော အစီအစဉ်ကို ဆောင်ရွက်ထားသည်။

7Day News Journal

0 comments:

Post a Comment