Friday, August 30, 2013

မန္တလေး နည်းပညာပြပွဲ တယ်လီနောနှင့် အော်ရီဒူး ဆက်သွယ်ရေး ကုမ္ပဏီ လာရောက် ပြသရန် ဖိတ်ကြား


မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်းနှင့် ကွန်ပျူတာ လုပ်ငန်းရှင် အသင်းတို့ ပူးပေါင်း၍ မန္တလေး မြို့တော်ခန်းမတွင် စက်တင်ဘာလ ၂၇၊ ၂၈၊ ၂၉ ရက်နေ့များတွင် ကျင်းပမည့် ကွန်ပျူတာ IT နည်းပညာ ပြပွဲနှင့် ICT Expo ပွဲသို့ ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့်ရ ပြည်ပ ကုမ္ပဏီ နှစ်ခုဖြစ်သော တယ်လီနောနှင့် အော်ရီဒူး ကုမ္ပဏီတို့ကို လာရောက် ပြသရန် ဖိတ်ကြားထားကြောင်း မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင် အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။


ပြပွဲတွင် ပါဝင် ပြသမည့် ပြခန်းအတွက် လျှောက်လွှာများကို စတင် လက်ခံနေပြီး နေရာ ချထားခြင်းကို စက်တင်ဘာလ ၁၃ ရက်နေ့၌ မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်းတွင် မဲနှိုက်ကာ ဆိုင်ခန်းနေရာ ချမှတ်ပေးမည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

ယခုကျင်းပမည့် ICT Expo ပွဲတွင် နောက်ဆုံးပေါ် ကွန်ပျူတာ ဆက်စပ် ပစ္စည်းများ၊ နောက်ဆုံးပေါ် ICT နည်းပညာများနှင့် Hardware၊ Software များ၊ Technology များကိုလည်း ပြသ ရောင်းချသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်းထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment