Thursday, August 29, 2013

အီရတ်တွင်နေရာအနှံ့အပြား ဗုံးကွဲမှုကြောင့် လူ ၈၆ ဦးသေဆုံး

အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက်တွင် အဆက်မပြတ်ဗုံးပေါက်ကွဲမှုများနှင့် တိုက်ခိုက်မှုများကြောင့်လူ ၈၆ ဦး သေဆုံးသွားခဲ့ပြီး၊ ၂၆၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲများကဆိုသည်ဟု သြဂုတ် ၂၉ ရက်ကရိုက်တာသတင်း ဌာနမှ ဖေါ်ပြထားသည်။

ငါးနှစ်အတွင်းအဆိုးရွားဆုံးသော ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပြီး၊အယ်ကိုင်ဒါးနှင့် ဆက်စပ်နေသောဆွန်နီအကြမ်း ဖက်သမားများ၏ လက်ချက်ဖြစ်နိုင်ကြောင်း သတင်းများအရသိရသည်။

ဘဂ္ဂဒက်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် အဓိကဗုံးခွဲတိုက်ခိုက်ခဲ့ကြသည်။ အီရတ်ပြည် ထဲရေးဝန်ကြီးက “ရက်စက်သောအကြမ်းဖက်မှု” အဖြစ် ပြောကြားလိုက်သည်။

ဆီးရီးယား ပြည်တွင်းစစ်ဂယက်ကြောင့် အီရတ်တွင် ဂိုဏ်းကွဲမှုများဖြစ်ပေါ်နေပြီး၊ ဆွန်နီမွတ်စလင်နှင့် ရှီးယားမွတ်စလင်တို့အကြား ရန်လိုမှုများမှာ ပိုမိုဆိုးရွာလာနေသည်။
ဇွန်လအတွင်းကလည်း ဗုံးခွဲတိုက်ခိုက်မှုများကြောင့် လူပေါင်း ၅၂၀ ကျော် သေဆုံးခဲ့သည်။

လွန်ခဲ့သည့် လများအတွင်းတွင် စစ်သွေးကြွများသည် ဆွန်နီဗလီများနှင့် ရှီးယားဗလီများကိုပါ ပစ်မှတ် ထား၍ တိုက်ခိုက်ခဲ့ကြရာ လွန်ခဲ့သောနှစ်များက လူသောင်းနှင့် ချီ၍သေဆုံးခဲ့ရသည့် ဂိုဏ်းဂဏဆိုင်ရာ အကြမ်းဖက်မှုများ၏ ပမာဏအထိ ကျယ်ပြန့်လာမည်ကို စိုးရိမ်နေကြသည်။

၂၀၁၃ ခုနှစ်၊ နှစ်စမှစတင်၍ ရေတွက်လျှင် အီရတ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးရသူ ၂၇၀၀ ကျော်ရှိပြီဟုလုံခြုံရေးနှင့် ဆေးဘက်ဆိုင်ရာ သတင်းရပ်ကွက်များကို အခြေခံ၍ ပြုစုထားသည့် စာ ရင်းများအရ သိရသည်။

Mizzima - News in Burmese

0 comments:

Post a Comment