Friday, August 30, 2013

ရခိုင့်သယံဇာတများမှ အကျိုးခံစားခွင့်ရရှိရေး ဒေသခံများ၏လက်မှတ်ကို အောက်တိုဘာတွင်အပြီးကောက်ရန်စီစဉ်


ရခိုင်ပြည် နယ်မှထွက်ရှိသည့် သဘာဝသ ယံဇာတများမှ ဒေသအကျိုးခံစား ခွင့်ရရှိရေးအတွက် ဒေသခံများ ၏လက်မှတ်ကို အောက်တိုဘာ လတွင်အပြီး ကောက်ခံသွားမည် ဖြစ်ကြောင်း ရခိုင့်သယံဇာတများ အကျိုးခံစားခွင့်ရရှိရေးကော်မ တီမှတာဝန်ခံ ဦးခိုင်ပြည်စိုးက ပြောသည်။


''ဒေသခံတွေရဲ့လက်မှတ် ကောက်ခံဖို့အချိန်ကို ကျွန်တော် တို့ နှစ်လသတ်မှတ်ထားပါတယ်။ လာမဲ့အောက်တိုဘာမှာ အပြီး ကောက်သွားမှာပါ''ဟု ဦးခိုင်ပြည် စိုးကဆိုသည်။

သဘာဝသယံဇာတများမှ ဒေသအကျိုးအတွက်ခံစားခွင့် ရရှိရေးအတွက် ဒေသခံသုံးသိန်း ကျော်၏ လက်မှတ်များကိုဩဂုတ် ၁၈ရက်မှ စတင်ကောက်ခံခဲ့ခြင်း ဖြစ်ပြီး ကောက်ခံခြင်း တစ်လပြည့် မြောက်သည့် စက်တင်ဘာ ၁၈ ရက်တွင် တစ်လအတွင်းကောက် ခံရရှိသည့်လက်မှတ်များကို ရေ တွက်စုဆောင်းသွားမည်ဖြစ် သည့်အတွက် လတ်တလောရရှိ ထားသည့် လက်မှတ်အရေအ တွက် အတိအကျကို မပြောနိုင် သေးကြောင်း ဦးခိုင်ပြည်စိုးက ဆက်လက်ပြောသည်။

အဆိုပါလက်မှတ်များကို ကောက်ခံရာတွင် ကောက်ခံသူ များကို တချို့ကျေးရွာများ၏ကျေးရွာ အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက်ဟန့်တားသည့် အမူ အရာများဖြင့် စစ်ဆေးသည်များ ကိုကြုံတွေ့ ရကြောင်းကိုလည်း ဦးခိုင်ပြည်စိုးကဆိုသည်။

''ဒါကို တားဆီးပိုင်ခွင့်မရှိ ဘူး။ ဥပဒေဘောင်အတွင်းက လုပ်တာဖြစ်တယ်။ ကျွန်တော်တို့ ကိုတားဆီးရင် လူထုဆန္ဒကို မထီ မဲ့မြင်လုပ်တယ်ဆိုပြီး တားဆီးသူ တွေကို ကျွန်တော်တို့ ဥပဒေအ တိုင်းဆက်လက်လုပ်ဆောင်သွား မယ်''ဟု ယင်းကပြောသည်။

ကောက်ခံရရှိထားသည့် ဒေသခံသုံးသိန်းကျော် လက်မှတ် များကို ရခိုင့်သယံဇာတများ အ ကျိုးခံစားခွင့်ရရှိရေးကော်မတီ မှနေ၍ နိုင်ငံတော်သမ္မတ၊ လွှတ် တော်အသီးသီး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ နိုင်ငံတကာသံရုံးများ နှင့်နိုင်ငံတကာ NGO အဖွဲ့များ ထံတင်ပြပေးပို့သွားမည်ဖြစ်ကြောင်း လည်း သိရသည်။
ရခိုင်ပြည်နယ်မှထွက်ရှိ သည့် သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲနေကြရာတွင် ဒေသ ခံပြည်သူများအနေဖြင့် အကျိုးခံ စားခွင့်ရရှိမှုနည်းပါးနေသည့်အ တွက် ယခုကဲ့သို့လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ကျောက်ဖြူမြို့နယ်မှ ဒေသခံတစ် ဦးဖြစ်သူ ဦးကျန်သိန်းအောင်က ''ဒီလိုရပိုင်ခွင့်အကျိုးအမြတ်တွေ ကို မဖြစ်မနေရရှိအောင် ကျွန် တော်တို့ လက်မှတ်ရေးထိုးပြီး တောင်းဆိုသွားမယ်''ဟု ဆိုသည်။

ယခုကဲ့သို့ပြုလုပ်ခြင်းရ လဒ်အဖြစ် သဘာဝသယံဇာတ များမှရရှိသည့်အကျိုးအမြတ် များကို ရခိုင်ပြည်သူများ၏ ဆင်း ရဲနွမ်းပါးမှုပပျောက်အောင်ဖော် ဆောင်သွားမည်ဖြစ်သည့်အပြင် ဒေသတွင်းအလုပ် လက်မဲ့ပြဿ နာကြောင့် ဒေသစွန့်ခွာနေသူများ ကိုလည်း ဒေသတွင်းအလုပ်အ ကိုင်အခွင့်အလမ်းများ ဖန်တီးပေး နိုင်ရေးတို့ကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရခိုင့်သယံဇာတ များ အကျိုးခံစားခွင့်ရရှိရေးကော် မတီထံမှသိရသည်။

ကုလသမဂ္ဂဌာနေတိုင်းရင်း သားလူမျိုးများအခွင့်အရေးကြေ ညာစာတမ်းအပိုဒ်၂၈တွင် ''ဌာ နေတိုင်းရင်းသားလူမျိုးများသည် မိမိတို့မှ သတင်းအချက်အလက် ပြည့်ပြည့်စုံစုံသိရှိပြီးနောက် လွတ် လပ်သည့် ကြိုတင်သဘောတူညီ ချက်မရှိဘဲ သိမ်းပိုက်ယူငင်ရယူအ သုံးပြုခံရသည့် မိမိတို့အစဉ်အ လာအရ ပိုင်ဆိုင်ခဲ့သော(သို့မ ဟုတ်) တစ်နည်းနည်းဖြင့် ရယူ ထားသော (သို့မဟုတ်)အသုံးပြု ထားသော လယ်ယာများ၊ နယ်မြေ များ၊ သယံဇာတများအတွက် အလျော်အစား ပြန်ရခွင့်ရှိသည်။ 

အလျော်အစားထဲတွင် ပြန်လည် ပေးအပ်ခြင်း (သို့မဟုတ်) ဤသို့ မဖြစ်နိုင်ပါက သင့်လျော်တရား မျှတသည့် လျော်ကြေးပေးခြင်း ပါဝင်သည်''ဟုဖော်ပြပါရှိသည်။

Yangon Media Group

0 comments:

Post a Comment