Friday, August 30, 2013

တိုင်းနှင့်ပြည်နယ်များတွင် အထက်တန်းပြရာထူးတိုးများခေါ်ယူ

တိုင်းနှင့် ပြည်နယ်များတွင် အထက်တန်း ပြရာထူးအတွက် ရာထူးတိုးများ ခေါ်ယူလျက်ရှိကြောင်း အမှတ် (၂)အခြေခံပညာဦးစီးဌာနမှ သိရသည်။အဆိုပါရာထူးအတွက် လုပ် သက်အနည်းဆုံးနှစ်နှစ်ရှိသော အလယ်တန်းပြဆရာ၊ ဆရာမများ ကိုခေါ်ယူလျက်ရှိပြီး အထက်တန်း ကျောင်း(ခွဲ)နှင့် တွဲဖက်အထက် တန်းကျောင်းများ၏လစ်လပ်နေ ရာများတွင် အချိန်မီခန့်အပ်နိုင် ရန်ခေါ်ယူခြင်းဖြစ်ကြောင်း သိ ရသည်။

ယင်းနှင့်ပတ်သက်၍ အ မှတ်(၂)အခြေခံပညာဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ''လော လောဆယ်တော့ အထက်တန်း ပြရာထူးအတွက်ပဲ ခေါ်သေးတယ်။ တိုင်းနဲ့ပြည်နယ်အလိုက် လစ်လပ် နေရာတွေတိုင်းမှာ ခန့်သွားနိုင် ဖို့ပါ။ အရေအတွက်ကန့်သတ်ထား တာမရှိပါဘူး''ဟုပြောသည်။

အဆိုပါအထက်တန်းပြရာ ထူးကို B.Ed ဘွဲ့ရပြီးသော အ လယ်တန်းပြဆရာ၊ ဆရာမများ လျှောက်ထားနိုင်ပြီး ဘွဲ့မရသေး သောဆရာ၊ ဆရာမများအနေ ဖြင့် B.Ed တက်ရောက်ခွင့် ဝင် ခွင့်စာမေးပွဲများဖြေဆိုရကြောင်း၊ ရာထူးတိုးများအတွက် လျှောက် လွှာခေါ်ယူရာတွင် ရာထူးအလိုက် သတ်မှတ်ကာလများတွင်သာ လျှောက်ထားရကြောင်း သိရ သည်။

''ရာထူးတိုးတွေက အမျိုး မျိုးရှိတယ်။ တစ်နှစ်ကိုတစ်ကြိမ် ပဲခေါ်တယ်။ ပုံမှန်အတိုင်းဆို ၁၀ လပိုင်း၊ ၁၁ပိုင်းလောက်ဆို ခေါ် နေကျပါ။ ရာထူးတိုးလျှောက်တာ ပဲဖြစ်ဖြစ် အပြောင်းအရွှေ့လျှောက် တာပဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့ ကာလမှာပဲ လျှောက်ရတယ်။ ရာ ထူးတိုးခန့်ရင် လုပ်သက်နဲ့ခန့်တာ ရှိတယ်။ B.Edဘွဲ့ရအောင်ဝင် ခွင့်စာမေးပွဲဖြေရပြီး ခန့်တာရှိ တယ်။ အလယ်တန်းပြ B.Ed ဘွဲ့ ရပြီးတဲ့ ဆရာ၊ ဆရာမတိုင်းလည်း အထက်တန်းပြရာထူးမလျှောက် ကြဘူး။ တချို့ဆရာမတွေဆိုရင် အလယ်တန်းပြမှာပဲနေချင်လို့ ဆိုပြီး ရာထူးတိုးလျှောက်လို့ရရဲ့ သားနဲ့ မလျှောက်တာတွေရှိတယ်'' ဟု ကမာရွတ်မြို့နယ်ပညာရေး မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၁ ခုနှစ်ခန့်က စတင် ၍ လုပ်သက်အနည်းဆုံး၁၅နှစ်ရှိ သော ပင်စင်ယူခါနီး အလယ်တန်း ပြဆရာကြီး၊ ဆရာမကြီးများကို ခံစားခွင့်ပေးသောအားဖြင့် အ ထက်တန်းပြရာထူးတိုးများကို လျှောက်စေခဲ့ပြီး ပင်စင်ယူခါနီး နှစ်လခန့်အလိုတွင် ရာထူးတိုး ပေး၍ အထက်တန်းပြရာထူးဖြင့် ပင်စင်ကိုခံစားစေကြောင်း သိရ သည်။

Yangon Media Group

0 comments:

Post a Comment