Friday, August 30, 2013

မေယုကျွန်းပျက်စီးနေမှု အကြီးစားပြုပြင်ထိန်းသိမ်းရန် အရေးတကြီးလိုအပ်နေ

ရခိုင် ပြည်နယ် စစ်တွေမြို့နယ်အနီးရှိ မေယုကျွန်း ပျက်စီးနေမှုကို အ ကြီးစား ပြုပြင်ထိန်းသိမ်းရန် လို အပ်နေပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အခြေခံမျဉ်း များ ရေးဆွဲရာတွင် မြောက်ဘက် စွန်းအဖြစ် ၁၉၆၈ ခုနှစ် နိုဝင် ဘာ ၁၅ ရက်က ပြည်ထောင်စု မြန်မာနိုင်ငံတော် တော်လှန်ရေး ကောင်စီ အစိုးရလက်ထက်တွင် ထုတ်ပြန် သတ်မှတ်နိုင်ခဲ့သည့် စစ် တွေမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၂၁ မိုင်အကွာတွင် တည် ရှိသော မေယုကျွန်း(Oyster Island) တွင် ကာရံထားသည့် လှိုင်းကာနံရံများမှာ ထိန်းသိမ်း သူမရှိသဖြင့် ပျက်စီးယိုယွင်းလျက် ရှိကြောင်း သိရသည်။


ရေလှိုင်းရိုက်ခတ်မှုဒဏ် ကြောင့် ကျွန်းပေါ်ရှိ အဆောက် အအုံများနှင့် သဲသောင်ပြင်များ ရွေ့လျားမှုများ ဖြစ်ပေါ်နေသည့် အပြင် ယခုနှစ် ဇွန်လဆန်းတွင် ရိုက်ခတ်ခဲ့သည့် မုန်တိုင်းလှိုင်း ဒဏ်ကြောင့် ရေချိုသိုလှောင်သည့် အချင်းခုနစ်ပေ၊ အမြင့်ခြောက် ပေ၊ ထု ကိုးလက်မရှိသော အုတ် ရေကန်တစ်ခု တိမ်းစောင်းသွား ခဲ့ကြောင်း သိရသည်။

''ဒီကျွန်း ပျက်စီးပျောက် ကွယ်သွားမယ်ဆိုရင် ပြည်ထောင် စု မြန်မာနိုင်ငံရဲ့ အခြေခံမျဉ်း တွက်ချက်ရာမှာ ထိခိုက်မှုတွေ ရှိလာနိုင်တဲ့အတွက် အကြီးစား ပြုပြင်ထိန်းသိမ်းဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ပါတယ်''ဟု ရခိုင် ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင် ကျော်က ပြောသည်။

ယင်းကို ဩဂုတ် ၂၈ ရက် တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့ ခြင်းဖြစ်သည်။

မေယုကျွန်းမှာ ဧရိယာသေး ငယ်ပြီး တောင်ကုန်းတောင်တန်း မရှိဘဲ ပြင်ညီဖြစ်နေသည့်အတွက် ရာသီဥတုဒဏ်ကို ပြင်းပြင်းထန် ထန် ခံစားရသည့် ကျွန်းတစ်ကျွန်း ဖြစ်ကြောင်းလည်း သိရသည်။
ထို့ကြောင့် အဆိုပါကျွန်း ၏ အနောက်ဘက်မျက်နှာစာ ခန့် မှန်း ပေ ၅၀၀၊ အရှေ့ဘက်မျက် နှာစာ ခန့်မှန်းပေ ၆၀ဝနှင့် မြောက် ဘက်နှင့် တောင်ဘက် ခန့်မှန်း ပေ ၄၀၀၊ စုစုပေါင်းအလျား ပေ ၁၅၀၀၊ အနံ ၁၀ ပေရှိသည့် လှိုင်း ကာနံရံ တည်ဆောက်မည်ဆိုပါ က ကျပ်သန်းပေါင်း ၅၂၀ လောက် ကုန်ကျမည်ဖြစ်ကြောင်း ပို့ဆောင် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်စိန်က ပြောသည်။

''မေယုကျွန်းမှာ လှိုင်းကာ နံရံနဲ့ ရေချိုလှောင်အုတ်ရေကန် တွေပြုပြင်ဖို့နဲ့ ကျွန်းမှာ လေမုန် တိုင်းဒဏ်ခံ အဆောက်အအုံ ဆောက်လုပ်ဖို့ကို စစ်အင်ဂျင်နီ ယာ ညွှန်ကြားရေးမှူးရုံးနဲ့ ပို့ ဆောင်ရေး ဝန်ကြီးဌာနတို့ ညှိ နှိုင်းပြီးတော့ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးကပဲ ဒါကိုပြင် မလား သို့မဟုတ် မပြင်ဘူးဆို ရင်လဲ ကျွန်တော်တို့ မြန်မာ့ဆိပ် ကမ်းအာဏာပိုင်ကနေ ရန်ပုံငွေ တွက်ချက်ပြီးတော့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု ဦးဟန်စိန်က ပြောသည်။

မေယုကျွန်းအနီးတွင် မုန် တိုင်းဒဏ်ခံ အဆောက်အအု(Cyclone Shelter)တစ်လုံး တည် ဆောက်ရန် ကာကွယ်ရေးဦးစီးချုပ် စစ်အင်ဂျင်နီယာရုံး ညွှန်ကြားရေး ရုံးက စီစဉ်လျက်ရှိကြောင်းလည်း ဒုတိယဝန်ကြီး ဦးဟန်စိန်၏ ပြော ကြားချက်အရ သိရသည်။

မေယုကျွန်းသည် ဘင်္ဂလား ပင်လယ်အော်အတွင်း ကာလ ကတ္တားမြစ်၊ စစ်တကောင်းမြစ်၊ လေးမြို့မြစ်နှင့် ကုလားတန်မြစ် တွေ ဆုံတွေ့နေရာတွင် သီးခြား ဖြစ်ပေါ်နေပြီး အနောက်မြောက် ဘက်မှ အရှေ့တောင် ဘက်သို့ သွယ်တန်းလျက်ရှိသည့် မြေဧရိ ယာ နှစ်ဧကခန့်ရှိသော သဲဖြူ ကျွန်းတစ်ကျွန်းဖြစ်သည်။

အဆိုပါကျွန်းသည် ဘင်္ဂလား ပင်လယ်အတွင်း ရေကြောင်းသွား လာရေးကို အထောက်အကူပြု နိုင်သည့် နေရာဖြစ်ကြောင်း သိ ရသည်။

Yangon Media Group

0 comments:

Post a Comment