Thursday, January 9, 2014

မြခွာညိုနှင့် လပြာသို၏ မြင်းခင်းကျင်းပ မကာရ



ပြာသိုလသည်   မြန်မာပြည် ရာသီဥတု အရ အအေးဆုံးဖြစ်သလို မကာရရာသီဟု ခေါ်၍ ထိုလတွင် စန်းပြည့်နက္ခတ်မှာ  ဖုသျှနက္ခတ် ဖြစ်သည်။ ယှဉ်သောတာရာမှာ ပုစွန်တာရာဖြစ်ပြီး ညတာရှည် ၍ နေ့တာတိုလွန်းသော ကာလဖြစ်သည်။
ပြာသိုလကို ပုဂံခေတ် ကျောက်စာတို့၌ ပသိုင်ဟုလည်း ရေးထိုး ခဲ့ကြသည်ကို   တွေ့ရသည်။ ထိုနှစ်မျိုးတွင် ရေးချမပါသော အရေးအသားက ပိုမိုတွင်ကျယ် အသုံးများခဲ့သည်။ လှေသင်းအတွင်း ဝန်၏ ဝေါဟာရတ္ထဒီပနီတွင် ပြာသိုလအကြောင်းကို ဤသို့ဖွင့်ဆိုထား၏။ အမရကောသ အဘိဓာန်ကျမ်း၌ မကာရရာသီတွင် ဖုသျှနက္ခတ်နှင့် ယှဉ်သော လပြည့်နေ့ကို ''ပေါ်သျှီ''ဟု ခေါ်သည်။ ရာဇတ္ထဏ် ကျမ်းတွင်လည်း ''ပေါသီ-ပြာသိုလ''ဟု အနက်ဆို၏။ ထိုပေါသီပင်  သက္ကတအလို ရရစ်နှင့် ပြောသည်ဖြစ်၍ ကာလရှည်ကြာသော အခါ ယင်းပြောသည်မှ မြန်မာဘာသာ ပြာသို ဖြစ်လာသည်ဟု ဖွင့်ဆိုထားသည်။  
ပေါသီကား ဖုသျှနက္ခတ်နှင့်ယှဉ်၍ လပြည့်သော ကာလဟု အဓိပ္ပာယ်ရသည်။ ပညာရှင်အချို့ကမူ  ပရသီတလ ဟူသော ပါဠိပုဒ်မှ မြန်မာ ဘာသာ ပြာသိုသို့ ပြောင်းလဲလာသည်ဟု လှေသင်းအတွင်းဝန်က ဆက်လက်ဖော်ပြသည်။ ပရသီတလ ဆိုသည်မှာ ''အခြားသော ကာလများထက် ပို၍ ချမ်းအေးသောလ''ဟု ဆိုလိုသည်။ ''မာဂဓလို၊ ပေါသီဆို၊ နဂိုရင်းစကား၊ သက္ကတလှစ်၊ ပြောသီဖြစ်၊ မြန်ခေတ်ပြာသိုထား''ဟူ၍လည်း သံပေါက်စပ်ဆိုခဲ့ ကြလေသည်။
မြင်းခင်းသဘင် ပွဲတော်ကား အခြားသော ပွဲတော်များကဲ့သို့ ရက်ပိုင်းမျှ ကျင်းပသော ပွဲတော်မျိုး မဟုတ်ပေ။ ဆင်ခင်း၊ မြင်းခင်း၊ လေးခင်း၊ ဓားခုတ်လှံထိုး၊ ဒူးလေးပစ်၊ လင်းလေးပစ်၊ ဆင်တိုက်၊ မြင်းပြေး၊ သေနတ်ပစ်၊ အမြောက်ပစ်၊ စက်ထိုး၊ ဗလိခတ် စသည် ကြည်းတပ်တို့၏ တိုက်ခိုက်နည်း အမျိုးမျိုး ပါဝင်သည့်အပြင် သိုင်းအမျိုးမျိုးကိုလည်း တစ်ပွဲပြီးတစ်ပွဲ ကျင်းပသွားခြင်း ဖြစ်သည်။ မြင်းခင်းသဘင် ကိုပင် စစ်ထိုးပွဲ၊ စစ်ပစ်ပွဲ၊ စက်သွင်းပွဲ ဟူ၍လည်းခေါ်ကြသည်။
မြင်းခင်းသဘင်သည် သူရသတ္တိနှင့် တကွ လက်ရုံးရည်ဘက်တွင် ထူးချွန်သူတို့၏ အရည်အချင်း ပြပွဲကြီး (ဝါ)သူရဲကောင်း ရွေးပွဲကြီး  တစ်ခုဖြစ်လေသည်။ နန်းတော်မှစ၍ မင်းမှူးမတ်၊ သူဌေးသူကြွယ်တို့သည် မိမိတို့၏ သမီးငယ်များအား သူရသတ္တိရှိ၍ လက်ရုံးရည် ထူးချွန်သူများနှင့်သာ  မှန်းထားလေ့ ရှိကြရာ ထိုပွဲတော်ကို အထူး စိတ်ဝင်စားကြသည်။ ထို့ကြောင့် ယင်းပွဲတော်ကို သမီးရှင်များ၏ သမက်လောင်းရှာပွဲ၊ မင်းသမီး၊ သူဌေးသမီး၊ မှူးမတ်သမီးတို့၏ ကြင်ဖက်တော် ရွေးပွဲဟု တစ်နည်းအားဖြင့် ခေါ်ဆိုနိုင်ပေသည်။ မြင်းခင်းသဘင် ကျင်းပသော နေရာမှာ ရွှေနန်းတော် အတွင်းရှိ မြေနန်းတော်ရှေ့ မြေကွက်လပ်တွင် များသောအားဖြင့် ရွေးချယ် သတ်မှတ်လေ့ရှိသည်။
ပြာသိုလ နံနက်ခင်း၏ ဆောင်းလေအေးတွင် စက်တိုင်များ ထိပ်ရှိ ကြက်လျှာတံခွန် အနီရောင်များမှာ လွင့်မြူးနေကြသည်။  ကကြိုးတန်ဆာ စုံလင်စွာ ဆင်ယင်ထားသော မြင်းချော၊ မြင်းလှ၊ မြင်းကောင်း၊ မြင်းသန့်များမှာ လည်တမော့မော့ ခွာတရှပ်ရှပ်၊ နှာတမှုတ်နှင့် လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ မှူးတော်၊ မတ်တော်နှင့် မြင်းတပ် အမှုထမ်းများသည် မိမိတို့၏ ရာထူး ဌာနန္တရ ထမ်းရွက်ရသည့်အလျောက် ဘုရင်မင်းမြတ် ပေးကမ်းထားသော  မျဉ်းရှည်မောက်တို၊ မောက်ရှည်စသော စစ်ဝတ်တန်ဆာများကို ခံ့ထည်စွာ ဝတ်ဆင် ထားကြရသည်။ စွဲကိုင်သော လှံတို၊ လှံရှည်များမှာ  တက်သစ်စ နေခြည်အောက်တွင် တလက်လက် တောက်ပြောင်နေကြလေသည်။
အဖန်ဖန် လေ့ကျင့်ထားသော်လည်း ပရိသတ်ကို ကြောက်ပြီး ခါပေါက်၍ ထွက်ပြေးသော မြင်းရှိလျှင် ဖမ်းဆီး သိမ်းယူရန် မြင်းဝန် စာရေး၊ မြင်းတော်မှူး၊ မြင်းတော်ခံများသည် ဝတ်ကောင်း၊ ဝတ်သန့်ဖြင့် အသင့် ရှိနေကြသည်။ မင်းညီမင်းသား၊ မှူးတော်၊ မတ်တော်၊ အရာရှိ၊ အရာခံစသော နန်းတော်အမှုထမ်း၊ လွှတ်တော် အမှုထမ်း၊ ဗြဲတိုက်တော် အမှုထမ်းတို့၏ အလှည့်ပြီးလျှင် မင်းတပ်၏ အလှည့်ဖြစ်သည်။
အက္ကပတ်မြင်းတပ်၊ ကသည်းမြင်းတပ်မှ တပ်ဗိုလ်စစ်ကဲနှင့် အခြားအဆင့် အရာထမ်းများနှင့် အမှုထမ်းများ၏ စွမ်းရည်ပြပွဲကား စက်ကွင်းပွဲနှင့် မဆိုင် သီးခြားဖြစ်သည်။ မြင်းရေး ၃၇ ရေးကို ဆက်လက် စီးပြသည်။ မြင်းချင်း တေးသီချင်းကို တီးမှုတ်ပြကြသည်။ ထို့နောက် ရေပြည့်အိုးငယ်များ တင်ထားသော ငှက်ပျောပင် တိုတိုများကို မြင်းနှင့် ဒုန်းစိုင်း ပြေးလာရင်း ခုတ်ကြရသည်။ ငှက်ပျောပင်လည်း မလဲရ၊ ရေအိုးလည်း အောက်သို့ မကျရပါချေ။   ဓားခုတ်ရာကို ကြည့်သောအခါ တိတိရိရိပြတ်ပြီး အပင်မလဲ အိုးမမှောက်ဘဲ တည်ရှိနေလျှင် လူရည်ချွန်အဖြစ် သြဘာ ပေးခြင်းခံရ၍ ဆုတော်များ ရရှိသည်။
နောက်တစ်မျိုးမှာ မြင်းကို ဒုန်းစီးလာရင်း ဘုရင့်ရှေ့မှောက်သို့ ရောက်သော် ရှောက်သီးတစ်လုံးကို အထက်သို့ မြှောက်ပေးလိုက်သည်။ ထိုအခါ မြင်းပေါ်မှ မင်းသားက ပြေးရင်းပင် လှံဖြင့် ထိုးယူလိုက်သည်။ ယင်းသို့ မင်းသားများ ကုန်အောင် စွမ်းရည်ပြပြီးနောက် မြင်းခြောက်စီးတွဲ ထွက်လာ၍ မြေပေါ် သို့ ရှောက်သီးလုံးများကို လှံဖြင့်ထိုးယူပြီး အထက်သို့ မြှောက်ပစ်လိုက်ရသည်။ အောက်သို့ပြန်ကျသောအခါ ရှောက်သီးလုံး များကို လှံဖြင့် စိုက်ဝင်အောင် လုပ်ကြရသည်။ တစ်ခါတစ်ရံ လှံဖျားတွင် ပုတီးစေ့များ သီထားသကဲ့သို့ ရှောက်သီး ၁ဝ လုံး၊ ၁၂ လုံး အထိ ရရှိကြသည်။ ထိုသူများကို ဆုများ ပေးတော်မူသည်။
စက်တွင် လှံထိုးပွဲ ထူးချွန်သူများသည် ကွင်းတစ်ပတ် ပတ်၍ မင်း၊ မိဖုရား ရှေ့တော်မှောက်သို့ မင်းစီးလျက်ပင် ဟန်ရေးလှလှနှင့် ဝင်ရောက်လာသည်။ ထိုအခါ မိဖုရားကြီးက ရွှေကြင်ခတ် ပဝါပစ်ပေး၍  ဂုဏ်ပြု သည်။ မင်းသမီးများက ပန်းများ ပစ်ပေးကြသည်။  ရွှေကြင်ခတ် ပဝါကို ရင်တွင်စည်း၍ ပန်းများကိုနား တွင်ပန်ဆင်ကာ ရှေ့တော်သို့ တစ်ပတ်ပတ်၍ ဝင်ရသည်။ ထိုအခါ မင်းပရိသတ်က သောင်းသောင်းဖြဖြ သြဘာပေးကြသည်။ ဆုတော်လာဘ်တော် များမှာ ပိုးပုဆိုး၊  ဖဲပဝါ၊ ပိုးပန်းပဝါ၊ ပုစွန်ထုပ်ခေါင်းပေါင်း စသည်တို့ဖြစ်သည်။
ဤမြင်းခင်းသဘင်နှင့် အတူ မြင်း ၃၇ ရေးပြသည့် အပြင် လေးပစ်ခြင်း စွမ်းရည်ပြပွဲ၊ သိုင်း၊ ဗန်တို၊ ဗန် ရှည်စသည့် ကာကွယ်မှုများ၊ ဆင်သည်များ၏ စွမ်း ရည်၊ သေနတ်ပစ်စွမ်းရည်၊ စက်ကွင်းလှံထိုးပွဲ၊ ဓားခုတ်ပြိုင်ပွဲများသည်   ရှေးဘုရင်များ ဦးစီး၍ လုပ်ဆောင်ခဲ့သည်။   သီချင်းကြီးများ အရ ရေးရလျှင် မြင်းခင်းသဘင်သည် သက္ကရာဇ် ၆၇၄ ခုနှစ်ခန့် ပင်းတယ တစ်စီးရှင် သီဟသူ လက်ထက်က စတင် ပေါ်ပေါက်ခဲ့သည်ဟု ယူဆရသည်။    အင်းဝခေတ်၊ တောင်ငူခေတ်၊  ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်တို့တွင် သီချင်း၊ ကဗျာများ အများအပြား ပေါ်ပေါက်ခဲ့သည်ဟု ကွမ်းတောင်ကိုင် ဦးယာက ဘိုးတော်မင်းတရား လက်ထက်တွင် သူကိုယ်တိုင် မြင်တွေ့ရသော  မြင်းခင်းသဘင် ရှုခင်းကို ဤသို့ မှတ်တမ်းတင်ခဲ့သည်။''သည်ရတုတွင်၊ ဆင်မြင်းခြေသည်၊ စွမ်းရည်ဖွေးဖွေး၊ မုန်စွေးစွေးနှင့်၊ ဒိုင်းလေးသေနတ်၊ပစ်ခတ်ခင်းကျင်း၊ မြင်းတစ်လျှောက်၊ ဆင်ပေါက်ဦးစီး၊ မှူးကြီးမတ်များ၊ ရွှေသား စိုစို၊ မောက် တိုမောက်လှ၊ လှံယူဓားစွဲ၊ လက်ဝဲလက်က်ျာ၊ တီးပါ အတည်၊ မြင်းရှည်မြင်းတို၊ ကိုယ်ကိုဝတ်ဆင်၊ ရွှေဖျင် အင်္ကျီ၊ ပုစွန်ဆီနှင့်၊ နီလာမြသွေး၊ စိုင်းနှင်းပြေး၍၊ မြင်း ရေးယှဉ်ပြိုင်၊ စက်တိုင်စက်ကွင်း၊ စီးနင်းထိုးဖောက်၊ ရှေ့နောက်ဆုတ်ငင်၊ ဆင်လည်းမုန်ပြင်း၊ မြင်းခင်းပွဲ တော်....''ဟူ၍ လူးတား ဆရာကြီးဦးယာက မြင်းကွင်းကို ပြည့်ပြည့်စုံစုံ ရေးသား ဖော်ပြခဲ့သည်။
ဘုရင်မင်းမြတ် ရှေ့တော်တွင် စက်ထိုးပွဲ ဆင်နွှဲစေရန်  အကြိမ်ကြိမ်  ကြိုတင် လေ့ကျင့်ထားရသည်။ သို့တိုင် ကံမကောင်း အကြောင်းမလှသူများ ရှိသေးသည်။ လွဲ ချော်သူများ ရှိခဲ့ဖူးသည်။
ထိုသူကား  မင်းပရိသတ် ဗိုလ်ပါအလယ်တွင် လှလှကြီး အရှက်ရတော့သည်။ စက်ကွင်းထိုးစဉ် စစ်ဝတ်တန်ဆာ ပျက်ယွင်းသူ၊ မြင်းပေါ်က လိမ့်ကျသူ၊ ပစ်လွှတ်သော လှံလျင် စက်တိုင်သို့ မရောက်သူ၊ အဝတ်အစား တင်းကျပ်စွာ မဝတ်၍ ပုဆိုးကျွတ်ခြင်း၊ ဓားကျွတ်ခြင်း၊ ပေါင်းထုပ် ကျွတ်ခြင်း၊ မြင်းကိုစိုင်းနင်းပြီးခါမှ စက်တိုင်အနီးရောက် ပြန်လှည့်လာသူများအား မင်းပြစ်မင်းဒဏ် ခံရသည်။ စွမ်းအားပြ ဟန်မကျလျှင်လည်း အရှက်ကွဲရသည့် နည်းတူ ထူးခြားပြောင်မြောက်စွာ အစွမ်းပြနိုင်လျှင်လည်း ဘုရင်မင်းမြတ် သဘောကျပါက ပေးရိုးပေးစဉ် ဆုလာဘ်များအပြင် မြို့စား၊ ရွာစားရခြင်း၊ သမီးတော်များနှင့် ထိမ်းမြားပေးသည်အထိ ချီးမြှောက် ခံရလေသည်။ ဤသည်မှာ ပြာသိုလ၏ မြန်မာမှုပွဲတော် မြင်းခင်းသဘင် ဖြစ်သည်။
ယနေ့ မျက်မှောက်ခေတ်တွင် ပြာသိုလ၏ ထူးခြား ချက်ကား လွတ်လပ်ရေး အောင်ပွဲသဘင်နှင့် သူရဲကောင်းများ၏ ဆုတံဆိပ်တော် အပ်နှင်းပွဲ သဘင်ဖြစ် သည်။ လုံးဝလွတ်လပ်သော  အချုပ်အခြာ အာဏာပိုင်  မြန်မာနိုင်ငံတော် အဖြစ်သို့  ရောက်ရှိသည့် ၁၃ဝ၉ ခုနှစ် ပြာသို လပြည့်ကျော် ၉ ရက်(၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်) တနင်္ဂနွေနေ့ နံနက် ၄ နာရီ မိနစ် ၂ဝ တွင် ဘုရင်ခံအိမ်တော် (သမ္မတအိမ်တော်)တွင် မြန်မာနိုင်ငံ ဘုရင်ခံ  ဆာဟူးဘတ်ရန့်စ် ကြီးမှူး၍ အလံတင် အခမ်းအနားကို ကျင်းပခဲ့သည်။ ထိုအခမ်းအနား၌ နှစ်ပေါင်း တစ်ရာကျော် တိုင်တိုင် ထိပ်ဖျားတွင် တလွင့်လွင့် လူနေသော အင်္ဂလိပ်တို့၏ ယူနီယံဂျက် အလံကျဆင်းလာ၍ ပြည်ထောင်စု မြန်မာ နိုင်ငံတော် အလံ တက်လာချိန်တွင် စစ်ဘင်ခရာ တီးဝိုင်းက တက်ကြွစွာ တီးပေးနေသည်။
ယူနီယံဂျက် အလံမြေသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်သည် ယူနီယံဂျက် အလံကိုယူ၍  မြန်မာအစိုးရ အဖွဲ့ဝင်များ အား နှုတ်ဆက်ခါ ''ဘာမင်ဂန်'' သင်္ဘောဖြင့် အင်္ဂလန်နိုင်ငံသို့  ပြန်သွားခဲ့လေသည်။ ထိုနေ့ ပြာသိုနှင်းမှုန်များအောက်   နံနက် ၄ နာရီတွင် မြန်မာ တစ်ဝန်းလုံးရှိ စက်ရုံ၊ အလုပ်ရုံများ၊ ကျောင်းများ၊ ရုပ်ရှင်ရုံများနှင့် ပြည်သူတို့၏ နေအိမ်တိုက်တာ  အဆောက်အအုံ များတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံကို အခမ်းအနားဖြင့် လွှင့်ထူကြသည်။
ရှေးခေတ်မြန်မာ ဘုရင်မင်းများ၏ မြင်းခင်းသဘင် ပွဲတော်မှာ နေပြည်တော်တွင်သာ ကျင်းပနိုင် ခဲ့သော်လည်း ပြာသိုလ လွတ်လပ်ရေးပွဲနှင့် ဆုနှင်းပွဲတော်ကြီးကား အမြို့မြို့ အနယ်နယ်တွင် ပျော်ပွဲရွှင်ပွဲ ပြိုင်ပွဲများဖြင့် လပြာသိုတွင် မြခွာညိုနှင့် အတူ ဆင်နွှဲ လျက်ရှိကြသည်။
သို့ပါ၍ မြခွာညိုနှင့် မွှေးနေသော လပြာသိုသည် ရှေးအခါက စိတ်ဝင်စားစရာ ကောင်းသလောက် ကျွန်မတို့  မျက်မှောက်ခေတ်တွင်လည်း သမိုင်းကြောင်း ကောင်း၍ ထူးခြား မွန်မြတ်သော လတစ်လပင်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရ ပါသတည်း။   ။

မြ၀တီ


Tuesday, January 7, 2014

လေးပွင့်ဆိုင်လမ်းဆုံ

ယနေ့ မြန်မာ့နိုင်ငံရေး မျက်နှာစာတွင် ရှင်သန်အားကောင်းစွာ လှုပ်ရှားစီးဆင်းနေသော ပင်မရေစီး ကြောင်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးပင် ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် အတွင်းသဘောအရ မြန်မာ့နိုင်ငံ ရေး ဘ၀ကို စစ်တပ်က အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် ရေရှည်ကြီးစိုး လွှမ်းမိုးသွားရေးပင် ဖြစ်သည်။


ထို့ကြောင့် သည်ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲနိုင်စွမ်းမရှိလျှင် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်နိုင်ဖွယ်မရှိ။ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုကို ထူထောင်နိုင်ဖွယ်မရှိ။ စစ်မှန် သည့် ဖက်ဒရယ်ပြည်ထောင်စု မထူထောင်နိုင်ပြန်လျှင်လည်း အဓွန့်ရှည်တည်တန့်မည့် ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖွယ် မရှိပေ။ တစ်ချိန်ထဲတွင် ၂၀၁၅ ခု၌ သန့်ရှင်းလွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲပင်လျှင် ကျင်းပနိုင်ဖွယ်ရာ အကြောင်းမမြင်လှပေ။ ဆိုရလျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲရေး သည် မြန်မာ့ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေး၏အနာဂတ် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် အရေးပါသည့် လုပ်ငန်းစဉ်ကြီးပင် ဖြစ် သည်။

Monday, January 6, 2014

ယောက်ျားတွေမုန်းတဲ့ မိန်းမတွေရဲ့ အကျင့်ငါးမျိုး







များသောအားဖြင့် ယောက်ျားတွေနဲ့ သူတို့ရဲ့ စိတ်ရှုပ်စရာ၊ စိတ်ပျက်စရာ အမူအကျင့်တွေကို ရေးသားကြတာတွေ့ရတယ်။ ဒီတော့ သူတို့ဘက်ကလည်း တစ်ခါပြန်ပြီး အမျိုးသမီးတွေရဲ့ ဘယ်လိုအမူအကျင့်မျိုးကို စိတ်ပျက်တယ် ၊ မကျေနပ်ဘူးလို့ ခံစားရလည်းဆိုတာ လေ့လာကြည့်ရ အောင်ပါ။ ဒါတွေကတော့ အမျိုးသမီးတွေရဲ့ စိတ်တိုချင်စရာကောင်းတဲ့ စရိုက်လက္ခဏာအချို့ပါပဲ။

ပိန်ချင်သူများအတွက် နှစ်ပါတ်အတွင်း (၅)ပေါင်ကျနည်း




 
(၅)ပေါင်ကျတယ်ဆိုတော့ တကယ်တမ်းမှာ တရက်ကို ၁၇၅၀၀ ကယ်လိုရီလောင်ကျွမ်းခြင်း ပါပဲ။ ဒါဟာ တကယ်တမ်းတော့ မလွယ်ကူပါဘူး။ ဒါပေမယ့် ဖော်ပြထားတဲ့ နည်းလမ်းတွေကို မှန်ကန်စွာလိုက်နာပြီး ကျန်းမာရေးနဲ့လည်းညီအောင် အချိန်မှန်မှန်နဲ့ ကြိုးကြိုးစားစားလုပ်မယ် ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။

Sunday, January 5, 2014

ဓမ္မတာဖြစ်စဉ် ချစ်တင်းနှောတာနဲ့ပတ်သက်ပြီး သိကောင်းစရာ



စုံတွဲတော်တော်များများဟာ ဓမ္မတာဖြစ်နေစဉ်အတော်အတွင်းမှာ ချစ်တင်းနှောခြင်းကို လုံးဝတားမြစ် ထားတတ်ကြပါတယ်။ မိန်းမတွေဟာလည်း ဓမ္မတာဖြစ်နေစဉ်အတောအတွင်းမှာ သတိထားပြီးနေတတ် ကြပါတယ်။ ချစ်တင်းနှောဖို့ကိုလည်း လုံးဝစိတ်မကူးမိကြပါဘူး။ ဒါဟာရှက်တတ်တဲ့ သဘာဝကြောင့်ပဲ ဖြစ်ပါတယ်။ ဓမ္မတာဖြစ်စဉ်မှာ ချစ်တင်းနှောရတာ ထူးကဲကောင်းမွန်ကောင်းကောင်းမွန်နိုင်ပါတယ်။ သိသင့်သိထိုက်တဲ့ အချက်တွေကို လေ့လာကြည့်ကြရအောင်ပါ။

Saturday, January 4, 2014

ဓမ္မတာဖြစ်စဉ် ချစ်တင်းနှောတာနဲ့ပတ်သက်ပြီး သိကောင်းစရာ



စုံတွဲတော်တော်များများဟာ ဓမ္မတာဖြစ်နေစဉ်အတော်အတွင်းမှာ ချစ်တင်းနှောခြင်းကို လုံးဝတားမြစ် ထားတတ်ကြပါတယ်။ မိန်းမတွေဟာလည်း ဓမ္မတာဖြစ်နေစဉ်အတောအတွင်းမှာ သတိထားပြီးနေတတ် ကြပါတယ်။ ချစ်တင်းနှောဖို့ကိုလည်း လုံးဝစိတ်မကူးမိကြပါဘူး။ ဒါဟာရှက်တတ်တဲ့ သဘာဝကြောင့်ပဲ ဖြစ်ပါတယ်။ ဓမ္မတာဖြစ်စဉ်မှာ ချစ်တင်းနှောရတာ ထူးကဲကောင်းမွန်ကောင်းကောင်းမွန်နိုင်ပါတယ်။ သိသင့်သိထိုက်တဲ့ အချက်တွေကို လေ့လာကြည့်ကြရအောင်ပါ။

၂၀၁၃ ခုနှစ် ကမ္ဘာ့ရေးရာ မှတ်တိုင်များ


၂၀၁၃ ခုနှစ် ကုန်ဆုံး၍ နှစ်သစ်သို့ကား ကူးပြောင်းခဲ့ချေပြီ။ နိုင်ငံတကာ ဇာတ်ခုံတွင်လည်း အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။ နှစ်ဟောင်း၏ နိုင်ငံတကာရေးရာ များကို ပြန်လည် လေ့လာကြည့်ရင်း ရှေ့နှစ် အလားအလာများကို စောင့်ကြည့်နိုင်စေရန် အတွက် Al-Jazeera သတင်းဌာန၏ နှစ်ဟောင်းသုံးသပ်ချက် များကို ရေးသား ဖော်ပြလိုက်ရပါသည်။

ကုန်လွန်ခဲ့သော ၂၀၁၃ ခုနှစ်သည် အာရပ်နွေဦး လူထုလှုပ်ရှားမှုများ၏ စတုတ္ထမြောက်နှစ် ဖြစ်ပေသတည်း။ တူနီးရှား၊ အီဂျစ်၊ လစ်ဗျား၊ ဆီးရီးယား၊ ယီမင်၊ အီရန်၊ ဘာရိန်းစသည့် နိုင်ငံများတွင် နွေဦးလှုပ်ရှားမှု များ၏ သက်ရောက်မှု များကြောင့် အပြောင်းအလဲများ ဖြစ်သည်တော့ ရှိသည်။ တန်ပြန် သက်ရောက်မှုများက ဆိုးကျိုးများဖြစ်စေ ခဲ့သည်ကိုလည်း တွေ့ရသည်။ တန်ပြန် တော်လှန်ရေးများ ဖြစ်သကဲ့သို့ တန်ပြန်ခြင်းကို ပြန်လည် တန်ပြန်သည့် တော်လှန်ရေးများလည်း ဖြစ်သည်။ အချို့ကိစ္စရပ်များက ငြိမ်းချမ်းစွာဖြစ်ခဲ့သည်။ သို့သော် သွေးထွက်သံယို အကြမ်းဖက်မှု များလည်း ဖြစ်ကြသည်။

အာရပ်ဒေသ အပြောင်းအလဲများ တွင် ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဆီးရီးယား အဖြစ်အပျက်များက အလှုပ်ခတ်ဆုံးဟု ဆိုရပေမည်။ သေဆုံးသူပေါင်း တစ်သိန်းကျော်အထိ ရောက်ရှိသွားခြင်းက သွေးလန့်လောက်သည့် ကိန်းဂဏန်း ဖြစ်သည်။ ဆီးရီးယားခေါင်းဆောင် အာဆတ် အစိုးရက ဓာတုလက်နက်သုံးပြီး အရပ်သား များကို တိုက်ခိုက်သည်ဟု အမေရိကန် ပြည်ထောင်စုက ထောက်လှမ်းရေး အချက်အလက် များဖြင့် ပြောဆိုခဲ့သည်။ အာဆတ်က သူပုန်များကသာ ယင်းလက်နက်များ သုံးခြင်းဖြစ်သည်ဟု တန်ပြန်တုံ့ပြန်သည်။
အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ဓာတုလက်နက် အသုံးပြုခြင်းကို စစ်ရေးအရ ပြန်လည် အရေးယူမည်ဟု စီစဉ်နေစဉ်တွင် ရုရှားက ကြားဝင်ခဲ့သည်။ ရုရှားသမ္မတ ပူတင်က ကုလသမဂ္ဂ ဓာတုလက်နက် ဖျက်သိမ်းရေးအဖွဲ့က ဦးဆောင်ကာ နိုင်ငံတကာ၏ အကူအညီဖြင့် ဓာတုလက်နက်များ အစုလိုက်အပြုံလိုက် ဖျက်ဆီးမည့် အစီအစဉ်ကို ချပြခဲ့သည်။ ကုလသမဂ္ဂက လက်ခံသကဲ့သို့ ဆီးရီးယားခေါင်းဆောင် အာဆတ်ကလည်း သဘောတူသည်။ အမေရိကန်ပြည်ထောင်စုနှင့် အနောက်အုပ်စု၏ စစ်ရေးအရ အရေးယူမည့် အစီအစဉ် နောက်ဆုတ်သွားခဲ့သည်။ ပြည်တွင်းစစ် တိုက်ပွဲများကား ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။ ဒုက္ခသည်များကို ကူညီစောင့်ရှောက်ရေး ပြဿနာကလည်း ကြီးကြီးမားမား ရှိနေသည်။
လစ်ဗျားတွင် ကဒါဖီကို အောင်မြင်စွာ ဖြုတ်ချနိုင်ခဲ့သော အာရပ်နွေဦးသည် ဆီးရီးယား ကဲ့သို့ပင် လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖြစ်၏။ အနောက်အုပ်စု၏ လေကြောင်းအကူအညီ ကလည်း အလွန် အထောက်အကူ ပြုခဲ့သည်။ လစ်ဗျားတွင် ကသောင်းကနင်း ဖြစ်ခဲ့သော အခြေအနေမှာ တိုင်းပြည်အပေါ် ဥပဒေစိုးမိုး အသက်ဝင်စေသည့် အစိုးရ မရှိတော့ခြင်း ဖြစ်သည်။ တော်လှန်ရေး ဖြစ်ထားသောကြောင့် လက်နက်များက နေရာအနှံ့ ပြန့်နေသည်။ ဒေသခံ ပြည်သူ့စစ်များက လက်နက်ဖြုတ်ရန် ငြင်းဆန်ထားကြသည်။ လက်နက်ကိုင် အစုအဖွဲ့အချင်းချင်း နယ်မြေလုခြင်း တိုက်ပွဲငယ်များလည်း ဖြစ်လေ့ရှိသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကိုယ့်ဘာသာ ထကြေညာသည့် ပြည်နယ်များလည်း ရှိသည်။ ကဒါဖီလက်ထက်တွင် ငြိမ်ခဲ့သော အစွန်းရောက် အစ္စလာမ္မစ်များ ခေါင်းထောင်လာခြင်းသည် လစ်ဗျားတွင် ဖြစ်တောင့်ဖြစ်ခဲ အသေခံဗုံးခွဲမှုများပင် ဖြစ်ခဲ့သည်က သက်သေသာဓက ဖြစ်သည်။ လစ်ဗျား အာရပ်နွေဦးသည် စစ်မှန်သော ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရန် ခရီးရှည် ချီတက်ရဦးမည် ဖြစ်ပေသည်။
အီဂျစ်နွေဦးကတော့ တော်လှန်ရေး၊ တန်ပြန်တော်လှန်ရေးနှင့် တန်ပြန်တော်လှန် ရေးကို တန်ပြန်သည့် တော်လှန်ရေးများဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်မှ ဘေးရောက်သွားခဲ့သည်။ မိုဟာမက်မော်စီ ရွေးကောက်ပွဲနိုင်ကာ သမ္မတ ဖြစ်ခဲ့ပြီးနောက် အီဂျစ် နိုင်ငံရေးအတွင်းသို့ အစ္စလာမ္မစ်တန်ဖိုး နှုန်းစံများ ထည့်သွင်းလာခဲ့သည်။ မကျေနပ် ကြသူများက ဆန္ဒပြပွဲကြီး များဖြင့် တန်ပြန်ခဲ့သည်။ ထိခိုက် သေဆုံးမှုများလည်း ရှိခဲ့သည်။ နောက်ပိုင်းတွင် မွတ်ဆလင်ညီနောင်များ အင်အားစု အာဏာရပါတီကို မလိုလားသည့် တပ်မတော်က မော်စီထံမှ အာဏာကို ဖြုတ်ချကာ ၄င်းတို့ထောက်ခံသည့် အင်အားစုများဖြင့် ကြားဖြတ်အစိုးရ ဖွဲ့ပေးခဲ့သည်။ မိုဟာမက်မော်စီလည်း အဖမ်းခံရသည်။ ထိုအခါ မွတ်ဆလင်ညီနောင်များကို ထောက်ခံကြသည့် အင်အားစုများက လမ်းပေါ် ထွက်လာသည်။ စစ်တပ်နှင့် ရဲက အကြမ်းဖက် နှိမ်နင်းသည်။ သေဆုံးသူ များစွာရှိခဲ့ပြီး မွတ်ဆလင်ညီနောင်များ ခေါင်းဆောင်များနှင့် ထောက်ခံသူများ ထောင်ထဲ ရောက်ရသည်။ ဆန္ဒပြခြင်းကို ထိန်းချုပ်ခြင်း၊ သတင်းမီဒီယာများကို ထိန်းချုပ်ခြင်းစသည့် ကိစ္စရပ်များကို စစ်တပ်နောက်ခံ အစိုးရက လုပ်ဆောင်ကာ မွတ်ဆလင်ညီနောင်များ ကိုလည်း အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားသည်။ အီဂျစ်တွင် အကြမ်းဖက်မှုများ ကလည်း ယခင်ကထက် ပိုများလာသည်။ ဆိုင်နိုင်း ကျွန်းဆွယ် အီဂျစ်အခြေစိုက် စစ်သွေးကြွ များ၏ တိုက်ခိုက်မှုများ ကလည်း စိတ်လာခဲ့ကာ အစိုးရကို မကျေနပ်သော မွတ်ဆလင်ညီနောင်များ ဘက်က ထောက်ခံသူများကို လက်နက်ကိုင် စစ်သွေးကြွလမ်းစဉ် ရောက်သွားအောင် တွန်းပို့နေသကဲ့သို့ ရှိသည်။

၂၀၁၃ ခုနှစ်က ကမ္ဘာ့လူ့အခွင့်အရေး အခြေအနေ


အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပြီး ရာစုနှစ်ဝက်လောက် ရှိပြီဖြစ်သော်ငြား ယင်းကြေညာစာတမ်းပါ အချက်များကို ကာကွယ်ပေးသည့် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်မှုများ ကတော့ ၂၀၁၃ ခုနှစ်ထဲ အထိ ရှိနေဆဲပင် ဖြစ်ပေသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး နာဗီပီလေက ၂၀၁၃ ကမ္ဘာ့လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာတွင် တိုးတက်မှုများ ရှိသည်ဟု ဆိုထားသည်။ သို့ရာတွင် အမျိုးသမီး များကို ဖိနှိပ်ထားခြင်း၊ တိုင်းရင်းသားနှင့် လူနည်းစု ဘာသာဝင်များကို နှိပ်ကွပ်ခြင်း၊ စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ နေထိုင်လုပ်ကိုင် စားသောက်ရန် အခွင့်အရေး သာလွန်ကောင်းမွန်သည့် နေရာကို ရွှေ့ပြောင်းလိုကြသူများ ရွှေ့ပြောင်း လုပ်သားများကို ခေါင်းပုံဖြတ်ခြင်း စသည်တို့မှာကား ဆက်ရှိနေဆဲဟု ကော်မရှင်နာ မင်းကြီးက ဆိုထားသည်။
ဗဟိုအာဖရိကနိုင်ငံ၊ တောင်ဆူဒန် စသည့် အာဖရိကနိုင်ငံများမှ လူမျိုးရေး နိုင်ငံရေးပဋိပက္ခ များကြောင့် ဖြစ်ပေါ်သည့် လူသားဂုဏ်သိက္ခာ ချိုးဖောက်ခံရမှုများ သတင်းက ၂၀၁၃ နှောင်းပိုင်းတွင် ကျယ်ကျယ်လောင်လောင် ထွက်လာခဲ့သည်။ အမေရိကန် ပြည်ထောင်စုက စစ်သွေးကြွများကို တိုက်ခိုက်နေသည့် မောင်းသူမဲ့ လေယာဉ်တိုက်ခိုက်မှု များသည်လည်း အရပ်သားကျေးရွာနေ ပြည်သူများ၏ လူ့အခွင့်အရေးကို မလေးမစား ပြုခြင်းဟု နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်သည့် အဖွဲ့များက ပြောကြားကြသည်။
၂၀၁၃ ခုနှစ် လူ့အခွင့်အရေး အခြေအနေ ချွတ်ခြုံကျရခြင်း၏ အဓိကအကြောင်းရင်း တစ်ခုမှာ ဆီးရီးယားပြည်တွင်းစစ် ဖြစ်သည်။ နေရပ်ကို စွန့်ခွာ ထွက်ပြေးရသည့် ဒုက္ခသည်ပေါင်း ၃ ဒသမ ၂ သန်း ရှိသည်။ အဆိုပါ ကိန်းဂဏန်းသည် ဆီးရီးယား ပြည်တွင်းစစ် ၂၀၁၄ ထဲတွင် အရှိန်ဖြင့် ဆက်ဖြစ်နေလျှင် ၅ဒသမ၂သန်းအထိ တက်လာနိုင်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ပြည်တွင်း၌ပင် တိမ်းရှောင်နေရပြီး ဟိုပြေးဒီပြေး ဖြစ်နေသူများက ၂၀၁၄ တွင် ၂၂ ဒသမ ၅သန်း ရှိလာနိုင်သည်ဟု ခန့်မှန်းကြသည်။
လုပ်သား ခေါင်းပုံဖြတ်ခံရခြင်း ကိစ္စရပ် ကလည်း ၂၀၁၃ ခုနှစ်တွင် လူ့အခွင့်အရေး ကဏ္ဍ၌ ကြီးကြီးမားမားနေရာယူထားသည်။ ကာတာနိုင်ငံတွင် အလုပ်လာလုပ်ကြသော ပြည်ပနိုင်ငံများမှ အလုပ်ကြမ်းလုပ်သား ရွှေ့ပြောင်းများ၏ အခြေအနေသည် တိရစ္ဆာန်များအဆင့်သာ ဖြစ်ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက ဝေဖန်ထားကြသည်။

ကွယ်လွန်သွားသည့် ကမ္ဘာ့ခေါင်းဆောင်များ


၂၀၁၃ ခုနှစ်တွင် ကမ္ဘောဒီးယားခမာ စစ်ရာဇဝတ်ကောင်လို ခေါင်းဆောင်မျိုးနှင့် ဒီမိုကရေစီ၏ အမှတ်သညာ ခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားလို ပုဂ္ဂိုလ်မျိုးများ ကွယ်လွန်သွားခဲ့သည်။ ၁၉၉၉ ခုနှစ် ကတည်းက ဗင်နီဇွဲလားကို အုပ်ချုပ်ခဲ့သော ဟူဂိုချာဗက်ဇ်သည် ဆိုရှယ်လစ်မူများ ချမှတ်ခဲ့ပြီး အခမဲ့ဆေးဝါး၊ အခမဲ့ပညာရေး စနစ်စသည်တို့ကို ဖော်ဆောင်ခဲ့ပြီး စစ်တပ်ကို လမ်းများ၊ တံတားများ၊ ဆေးရုံများ ဆောက်ရာတွင် အသုံးပြုခဲ့သူဖြစ်သည်။ အမေရိကန် ဦးဆောင်သော အနောက်အုပ်စုကို အစဉ်တစိုက် ချိုးဖဲ့ဝေဖန်ခဲ့သူ ဖြစ်ကာ ၂၀၁၃ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ကင်ဆာဝေဒနာဖြင့် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်၌ အသက် ၅၈ နှစ်ရှိပြီဖြစ်သည်။
ဧပြီလတွင်တော့ သမိုင်းတွင် သံမဏိ အမျိုးသမီးဟု ထင်ရှားသည့် ဗြိတိန်ဝန်ကြီး ချုပ် မာဂရက်သက်ချာမှာ အသက် ၈၇ နှစ် အရွယ်တွင် တိမ်းပါးခဲ့သည်။ အာဂျင်တီးနား စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး ဂျော့ဗီဒယ်လာလည်း မေလ ၁၇ ရက်နေ့တွင် အသက် ၈၇ နှစ်၌ပင် ကွယ်လွန်သွားခဲ့သည်။ ၄င်းသည် စစ်အာဏာရှင် ဘဝက အတိုက်အခံပေါင်း တစ်သောင်းခွဲမှ သုံးသောင်းလောက် အထိ သတ်ပစ်ခဲ့သည်ဟု နာမည် ကျော်သည်။
တောင်အာဖရိက အသားရောင်ခွဲခြားမှု စနစ်ကို တိုက်ဖျက်ခဲ့သည့် နယ်လ်ဆင်မင်ဒဲလားသည် ဒီဇင်ဘာလ ၅ ရက်နေ့၌ နေအိမ်တွင် ကွယ်လွန်သွားခဲ့သည်။ ဆိတ်ကျောင်းသားလေး ဘဝမှသည် ဥပဒေပညာရှင်၊ လက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင် တို့မှသည် အကြမ်းမဖက် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို လုပ်ဆောင်ခဲ့သဖြင့် ကျော်ကြားသည်။ ၂၇ နှစ်တာ အကျဉ်းထောင် ထဲတွင် နေထိုင်ခဲ့ရပြီး တောင်အာဖရိက၏ ပထမဆုံး လူမည်းသမ္မတ ဖြစ်လာခဲ့သည်။ ဆင်းရဲနွမ်းပါးမှု၊ မညီမျှမှု၊ ရောဂါဘယထူ ပြောမှုတို့ကို အောင်မြင်အောင် စွမ်းစွမ်းတမံ ကိုင်တွယ်ခဲ့သူလည်း ဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် ၉၅နှစ် ရှိပြီဖြစ်သည်။

Written by  သန့်ဇင်စိုး
The Voice Weekly

Friday, January 3, 2014

Greatest Hits of Wut Hmone Shwe Yee


ရတီပရိသတ်ကြီးရေ ဒီလမှာတော့ ဝတ်မှုန်ရွှေရည်ရဲ့ သရုပ်ဆောင်မှု တစ်စိတ်တစ်ဒေသနဲ့ သူ့ရဲ့ အနုပညာပြေးလမ်းပေါ်က အောင်မြင်မှုအမြင် တချို့ကို တင်ဆက်ပေးမှာ ဖြစ်လို့ ဝတ်မှုန်ရွှေရည်ရဲ့ Dr.Fresh ဆပ်ပြာကြော်ငြာ ရိုက်ကွင်းမှာ သွားရောက် မေးမြန်း ဖြစ်ခဲ့ပါတယ်။
ပထမဦးဆုံးအနေနဲ့ ညီမလေးကို ‘ဝတ်မှုန်ရွှေရည်’ လို့ ကလေးရော လူကြီးပါသိခဲ့ရတဲ့ ‘ဒါရိုက်တာ ကြည်ဖြူသျှင်’ရဲ့  ‘ဘာဘီရုပ်’ဆိုတဲ့ ဇာတ်ကားရိုက် ဖြစ်ခဲ့ပုံလေးပြောပြပေးပါဦး။

Thursday, January 2, 2014

(၆၅) နှစ်မြောက် လွတ်လပ်ရေးနေ


လွတ်လပ်ရေး နေ့  သည် နှစ်စဉ် ဇန်န၀ါရီလ (၄)ရက်နေ့  ဖြစ်သည်။မြန်မာနိုင်ငံသည်
၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့ တွင် စစ်မှန် သော လွတ်လပ်ရေးကို ရရှိသည်။
တိုင်းတစ်ပါး အုပ်ချုပ်မူ အောက်မှာ လွတ်မြောက်လာခဲ့သော တိုင်းပြည်မှအချုပ်အခြာ
အာဏာပိုင် လွတ်လပ်သော နိုင်ငံ အဖြစ်သို့ ရောက်သည်နေ့ ကို လွတ်လပ်ရေး နေ့ ဟူ
အထွတ် အမြတ် သတ်မှတ်ထားခဲ့ကြသည်။
ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလာ ၄ရက်၊ မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်ပြာသို လဆုတ်
၉ရက် တနင်္ဂနွေ နေ့ ကား မြန်မာနိုင်ငံသည် လုံးဝ လွတ်လပ်သောနိုင်ငံ အဖြစ်သို့ ရောက်ရှိ
သော နေ့  ဖြစ်သည်။မြန်မာနိုင်ငံအနှံ့ အပြားရှိ မြို့ ရွာများတွင် ထို့ နေ ကို မှတ်တမ်းတင်သော
မော်ကွန်းကျောက်စာတိုင်များ စိုက်ထူကြပြီးလျှင် အောက်ပါအတိုင်း ကမ္ဗည်း ထိုးထားကြသည်။

"ဂြီ သက္ကရာဇ် တစ်ထောင့်သုံးရာ ကိုးခုနှစ်၊ပြာသိုလဆုတ်(၉)ရက် ၊တနင်္ဂနွေ နေ့ အား ဤငါတို့ 
မြန်မာပြည် လုံးဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စု နိုင်ငံတော်ကြီးအဖြစ်
ကောင်းစွာရောက်သတည်း။ "

ဤ နေ့ ကို မမေ့ လျော့ကြစေရန် နိုးဆော်သည် အနေဖြင့် လွတ်လပ်ရေး နေ့  အထိမ်းအမှတ်ပွဲများ
ဆင်ယင်ကျင်းပကြ၏။အထိမ်အမှတ်ပွဲများတွင် လွပ်လပ်ရေး ကျောက်တိုင်တွင် စုဝေးကြ ၍
ပြည်ထောင်စု တည်မြဲရေး တိုးတတ်ရေး ကို မမေ့ မလျော ဆောင်ရွက်ရန်အဓိဋ္ဌာန် များ
ပြုလုပ်လေ့ရှိကြသည်။ပျော်ပွဲရွှင်ပွဲ နှင့် ပြပွဲ ပြိုင်ပွဲ များ ကို လည်း ကျင်းပကြသည်။


★ “ လွတ်လပ်ရေးဗိသုကာကြီးရဲ့ လွတ်လပ်ရေးအကြိုမိန့်ခွန်း ” ★
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~

“ လွတ်လပ်ရေးဆိုလို့ ခင်ဗျားတို့ကို ကျွန်တော်ပြောပြမယ်။
လွတ်လပ်ရေးဆိုတာနဲ့ ပဒေသာပင် မြေကမပေါက်နိုင်ဘူး
... ဆိုတာ ခင်ဗျားတို့ကို ကျွန်တော်ရှင်းခဲ့ချင်တယ်။ ခင်ဗျားတို့
စိတ်ထဲမှာ လွတ်လပ်ရေးရတော့မယ်ဆိုလို့ ရှိရင် စိတ်ကူးက
ဘယ်လိုလဲဆိုတော့ ပဒေသာပင်ကြီး ချက်ချင်း ၊ နေ့ချင်း
ညချင်းပေါက်တော့မလို ခင်ဗျားတို့ ထင်ကြတဲ့လူတွေ များကြတယ်။

တစ်ချို့ကလည်း ဟာ....လွတ်လပ်ရေးရပြီဆိုတော့ ဘာလုပ်ချင်
ကြသလဲဆိုတော့ ကျွန်တော်အရင်တစ်ခါတုန်းက တွေ့ခဲ့တယ်။
ဂျပန့်ခေတ်တုန်းက ဂျပန့်ခေတ်၊ ဗမာ့လွတ်လပ်ရေး၊ ဘုရားစူး
စေ့၊ ဗမာ့လွတ်လပ်ရေးရတုန်းက အဲဒီတုန်းက ဆိုလို့ရှိရင်
လွတ်လပ်ရေးရပြီ ဆိုတော့ကာ ဟင်္သာတနယ်ထဲမှာ ကျွန်တော်
တွေ့ခဲ့ရတယ်။ ဘာတွေ့သလဲဆိုရင် လမ်းမပေါ်မှာ ဆေးလှန်း
တယ်။ ဟာ....လွတ်လပ်ရေးရပြီကွဆိုပြီးတော့ လူတကာသွားတဲ့
လမ်းပေါ်မှာထွက်ပြီး ဆေးရွက်ကြီးတွေ လှမ်းတယ်။ အဲဒီတော့
လမ်းသွားလမ်းလာလုပ်တဲ့ လူတွေ အတော်ခွကျတယ်။ အဲဒါဟာ
လွတ်လပ်ရေးမဟုတ်ဘူး။ လွတ်လပ်ရေးဆိုတဲ့
အဓိပ္ပာယ်ကဘာလဲ -
“ လွတ်လပ်ရေးဆိုတာဟာ ကိုယ်တစ်ဦးတစ်ယောက်ကောင်းစားဖို့
ဖြစ်စေ၊ တစ်မျိုးသားလုံးကောင်းစားဖို့ လုပ်တဲ့နေရာမှာ အခြား
တစ်ဦးတစ်ယောက်ရဲ့အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ်
ကိုယ့်တိုးတက်မှုအတွက် လုပ်တာ လွတ်လပ်ရေးပဲ။ ”

- ဦးအောင်ဆန်း
( ၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် - ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့
လွတ်လပ်ရေးအကြိုမိန့်ခွန်းမှ ကောက်နုတ်ချက် )

(၆)နှစ်မြောက်..ဇန်န၀ါရီ ( ၄ ) ရက် လွတ်လပ်ရေးနေ့

အမှတ်တရ  ရှိနေ အစဉ်

ရွှေတိုင်းမြန်ပြည်  သာယာဖို့ အရေး

ဖခင်ပေးတဲ့   လွတ်လပ်ရေး

အစဉ်အဆက်.. ထိန်းသိမ်းတတ်အောင်

နောင်လာနောင်သား  မှတ်သားကျင့်ဆောင်

ရပ်ရွာအနှံ.... မမေ့တတ်အောင်

ပျော် ရွှင်စရာ  ပြိုင်ပွဲများနှင့်

လွတ်လပ်ရေးသယုဒ်... စုပေါင်းဖော်ဆောင်။

ယနေ့  အထိတိုင်  မမေ့နိုင်အောင်

ကစားပွဲနှင့်....စည်းလုံးချင်းဆောင်

မြို့  ရွာအနှံ..ဋ္ဌာနအနှံ...လွတ်လပ်ရေး ဂုဏ်ဆောင်

ဗိုလ်ချူပ်ပေးတဲ့  အလံတော်ကိုထောင်။

ဂုဏ်ထူးဆောင်ကို  ဦးညွှတ်မိပေါ့်

တိုင်းတပါးသား တိုက်ထုတ်နေသယောင်

မြင်ယောင်လွမ်းမိ မမေ့နိုင်ပေါင်

အလံပေါင်းစုံ လွတ်လပ်ရေး ဖေါ်ဆောင်
ဒို့တိုင်းဋ္ဌာနီ..(၆)နှစ်မြောက်..

လွတ်လပ်ရေး  နေ့  အလံထူထောင်။

 လွတ်လပ်ရေးနေ့

ဖခင်ဗိုလ်ချူပ် မမေ့နိုင်အောင်

နိုင်ငံတော်ကြီးဝပြော နေသယောင်

လွတ်လပ်ရေးနေ့  အလံတော်ထူထောင်....

နိုင်ငံတော်ကြီး ၀ပြော မှုဆောင်။

အောင်ဆန်းဇာနည်  ပြည်ချစ်သားကို  ဘယ်သူမှလဲ မမေ့နိုင်ပေါင်

ယနေ့အထိ ရင်ထဲစိတ်ဝယ် မျှော်ရည်မှန်းလို့

တမ်းတမိတယ်  ဖခင်ဗိုလ်ချုပ်ရယ်။
“ ဂုဏ်ပြုကဗျာ ”


ဟိုရှေးယခင် အရှင်များနဲ. ၊

ကိုယ့်ထီးကိုယ့်နန်း ရွှင်လန်းပျော်။

ကျူးကျော်ရန်ရှာ မိစ္စာများကြောင့်၊

တိုင်းတစ်ပါးအောက် ရောက်ခဲ.သနော်။


အမေကျော်ကာ ဒွေးတော် မလွမ်းနဲ.၊

တို.ပြည်တစ်ဝှမ်း သာလို.မော်။

ပထွေးကိုနော် အဖေမမှတ်နဲ.၊

အသဲမှာ ဆက်ဆက်မှတ်ထားနော်။


တို.ဘိုးဘွားတွေ တိုက်ခဲ့ပေးလို.၊

လွတ်လပ်ရေးဟာ ရခဲ.သနော်။

တိုင်းကျော်ပြည်ကျော် ဆင်ယဉ်နွှဲလို.၊

ပျော်ပွဲရွှင်ပွဲ ခြိမ့်သဲပျော်။

မှန်းမျှော်ရည်ကာ လွတ်လပ်ရေးနေ.၊

ကမ္ဘာတည်သရွေ. မေ့မရသနော်။

မေ့မရသနော် မေ့မရသနော်။


(ဒီအပေါ်က ကဗျာလေးကတော့ လွတ်လပ်ရေးရပြီး တိုင်းရင်းသားတွေ ပျော်နေကြတဲ့ ကဗျာလေးပါနော်)။
ဆောင်းနှင်းမြူတို. မှုန်ကာမှိုင်း၊

နယ်ရပ် ရှစ်ခွင်တိုင်း။

ရပ်တိုင်းရွာတိုင်း နွှဲပျော်၇ွှင် ၊

အိုးစည်ဒိုးပတ် လွင်။


လွတ်လပ်သဘင် ဆင်ယဉ်နွှဲ၊

အောင်လံ လေမှာဝဲ။


လက်တွဲညီကြ သားချင်းတွေ၊

လွတ်လပ်ရေး အမွေ။

ဇန်န၀ါရီ (၄) ၇က်နေ.၊

တစ်သက် တို.မမေ့၊

အလေးပြုပါပေ.။
(၄.၁.၂၀၁၃)တွင် ကျရောက်သော (၆၅) နှစ်မြောက် လွတ်လပ်ရေး နေ့ 
ကို ပြည်သူပြည်သားအားလုံး မမေ့မလျော့စေဖို့  စုစည်းတင်ပြလိုက်ရပါတယ် ။
၁၉၄၈ ဇန်န၀ါရီလ (၄) ရက် ၊ မနက်(၄)နာရီ၊မိနှစ် (၂၀) မှာရခဲ့တဲ့ လွတ်လပ်ရေးနေ့ဟာ
၂၀၁၃ ဇန်န၀ါရီလ (၄)ရက်မှာ (၆၅)နှစ် ပြည့်ခဲ့ပါပြီ။ လွတ်လပ်ရေးရအောင်ကြိုးပမ်းပေးခဲ့သော လွတ်လပ်ရေး
ဖခင်ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုပါသည်။

ဆုံဆည်းရာ 

ဆံပင် ညှပ်ဖို့ ၂ နှစ်ခွဲ အကြာ စောင့်ခဲ့ရသည့် ဟက်ဒါစတုန်း (ဓာတ်ပုံများ)

ဟူးလ်စီးတီး ကွင်းလယ်ကစားသမား တွမ် ဟတ်ဒါစတုန်းဟာ ဖူလ်ဟမ်းအသင်းကို ၆-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး ကွင်းဘေးမှာ ဆံပင်ညှပ်၍ ထူးထူးခြားခြား အောင်ပွဲခံခဲ့သည်ကို မှတ်မိကြပါလိမ့်မည်။ အဆိုပါ အောင်ပွဲခံမှုဟာ အမှတ်တမဲ့ ကြောင်တောင်တောင် အောင်ပွဲခံနည်း တစ်ခု မဟုတ်ခဲ့။ အသေအချာ အစီအစဉ် ချ၍ အမှတ်တရာ အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။

၂ဝ၁၄ ခုနှစ် မြန်မာပြည်အတွက် စံ-ဇာဏီဘိုဟောကိန်း

၂၀၁၄ နှစ်သစ် အစပြုပါပြီ။
ဒီနှစ်မှာ မြန်မာပြည်ရဲ့ အခြေအနေ ဘယ်လိုရှိနိုင်ပါသလဲ။
ဒီအကြောင်း နက္ခဗေဒပညာရှင် စံ-ဇာဏီဘိုနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အင်တာဗျူးခဲ့ပါတယ်။
မေးမြန်းသူက  သတင်းထောက် သီဟတိုး ဖြစ်ပါတယ်။
 


ရေကာတာ တည်ဆောက်မှု၏ နောက်ဆက်တွဲ ပြဿနာများ


တရုတ်နိုင်ငံသည် လူ့သမိုင်းတွင် မကြုံစဖူး များပြားလှသော အရေ အတွက်ရှိသည့် ရေကာတာများကို တည်ဆောက်လျက်ရှိသည်။ ယင်းရေ ကာတာများနှင့် အ တူ ပေါ်ပေါက်လာ သော ရေအားလျှပ်စစ်စက်ရုံများသည် အခြားစက်ရုံများကဲ့သို့ လေထုကို မထိ ခိုက် မညစ်ညမ်းစေနိုင်ဟု တရုတ်တို့က ဆိုသည်။ သို့သော် ယင်းရေ ကာ တာ များသည် တရုတ်အပါအဝင် အရှေ့ တောင်အာရှ မြစ်ကြီးအချို့၏ ရေစီးရေ လာနှင့် ဂေဟစနစ်ကိုမူ သိသာစွာ ထိ ခိုက်စေလျက်ရှိသည်။

မရေရာအနာဂတ်များနှင့် လမ်းဘေးနေမိသားစုဘ၀များ တဖြည်းဖြည်းများပြားလာ

dfetj67

မြန်မာနိုင်ငံရန်ကုန်မြို့အပါအ၀င် အခြားတိုင်းဒေသကြီးနှင့်မြို့နယ်အသီးသီးမှ မြို့ကြီးများ၌နေထိုင်စရာ အိမ်မရှိ၍ လမ်းဘေးကိုနေအိမ်ကဲ့သို့ သဘောထားပြီးနေထိုင်နေရသူများ အများအပြားရှိလာသည့်ကိစ္စမှာ အချိန်ယူဖြေရှင်း ရမည်ဖြစ်ပြီး ၄င်းတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းရှာဖွေပေးနိုင်မှုက အဓိကကျကြောင်း  လူဝင်မှုကြီးကြပ် ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ လူမှုဝန်းထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သူငယ်ချင်းတို့ရဲ့နံပတ်က ဘယ်ဂဏန်းလဲဆိုတာ ရှာကြည့်ပါ ပြီးတော့ သုံးသပ်ကြည့်ပါ






 

*တကယ်လို့..မင်းဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၁) သမား...*
***တကယ်လို့..မင်းဟာ..လတွေရဲ့.** 2nd, 11th, 20th, 29th **မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၂) သမား...* **
***တကယ်လို့..မင်းဟာ..လတွေရဲ့.** 3rd, 12th, 21st, 30th **မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၃) သမား...* **

Wednesday, January 1, 2014

အမျိုးသမီးတွေရဲ့ တိတ်ဆိတ်မှု သင်္ကေတများ


          မိန်းကလေးတွေမှာ စကားအရမ်းပြောတာထက် ဆိုးတဲ့အကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ ဘာစကားမှ မပြောတော့တာပါပဲ။ တိတ်ဆိတ်နေတဲ့ အပြုအမူဆိုတာ အမျိုးသမီးတွေရဲ့ လက်နက်တွေထဲက တစ်ပါးပါပဲ။ ကျန်တာတွေကတော့ ငိုတာနဲ့ မြည်တွန်တောက်တီးတာတွေပေါ့။
          တကယ်လို့များ သင့်အမျိုးသမီးအနေနဲ့ ဘာစကားမှ လက်ခံပြောဆိုလို့မရတော့တဲ့အခါ ဘာကြောင့်လဲ ဝေခွဲရခက်နေရင်တော့ -
(၁)     “ငါတော့ အမှားကြီးတစ်ခု လုပ်မိခဲ့တာပါလား”
ချစ်ခရီးလမ်းရဲ့ ကနဦးအစမှာ မျှော်လင့်ခဲ့ရတဲ့ အရာတွေဟာ တဖြည်းဖြည်းနဲ့ မဖြစ်လာနိုင်မှန်း သိလာတဲ့အခါ သူမဟာ အနှေးနဲ့အမြန်ဆိုသလို ဒီချစ်ခြင်းကို စိတ်ကုန်လာပါတယ်။ ဒီအခါမှာတော့ သင့်မျက်ဝန်းတွေကို စိုက်ကြည့်ကာ ဘာစကားမှ မပြောနိုင်ဘဲ စိတ်ထဲကနေသာ ၀မ်းနည်းယူကျုံးမရမှု တွေကို တီးတိုးရေရွတ်နေပါလိမ့်မယ်။
(၂)     “ဒီအကြောင်းကို ပြောဖို့အရမ်းစိတ်ကုန်နေတယ်”
          သူမဟာ သင့်ကိုကျောခိုင်းလို့ သင့်အကြည့်တွေကို ရှောင်ဖယ်ပြီး ခေါင်းကိုသာ ခါရမ်းနေပါလိမ့်မယ်။ ဒီအခါမှာ သင်တို့နှစ်ယောက် ဒီအကြောင်းကို ဆွေးနွေးဖို့ သူမအနေနဲ့ အလွန်စိတ်ကုန်နေပြီဆိုတာ သိသင့်ပါတယ်။
(၃)     “ငါဒီအကြောင်းကို ပြောသင့်သလား”
          အားလပ်ရက်ရနေတဲ့ တနင်္ဂနွေလိုနေ့လည်မျိုးမှာ Johnny Depp ရဲ့ နောက်ဆုံးဇာတ်ကား အကြောင်း သင်ပြောပြနေတဲ့အခါ တွေဝေငေးမောတဲ့မျက်လုံးတွေနဲ့ သူမက မလှုပ်မယှက် သင့်ကို ကြည့်နေမိလိမ့်မယ်။ တကယ့်စိတ်ထဲမှာတော့ သူမရဲ့ အထက်တန်းကျောင်းက ရည်းစားဟောင်း မနေ့က သူမကိုဖုန်းဆက်တဲ့အကြောင်း သင့်ကို ပြောသင့်/မပြောသင့် စဉ်းစားနေတာမျိုး ဖြစ်ပါလိမ့်မယ်။
(၄)     “ငါ စိတ်ပေါက်နေတာကို တကယ်ပဲ မသိနိုင်ဘူးလား”
          သင်ကတော့ ဘာအမှားမှမကျူးလွန်ထားဘူးလို့ ထင်လိမ့်မယ်။ ဒါပေမယ့် သူမမျှော်လင့်ထားတဲ့ အချိန် ၊ နေရာနဲ့ နေ့ရက်တစ်ခုခုမှာ သင်က သိပ်ပြီးတက်ကြွတဲ့ ၊ စိတ်လှုပ်ရှားတဲ့အသွင်အပြင်နဲ့ မရှိမိဘူးဆိုရင်ပေါ့။ သူမကို ဂရုစိုက်ရမယ့်အစား မသိလိုက် မသိဖာသာ နေမိတဲ့အခါမျိုးမှာ ဒီလိုအမူအရာမျိုး ရှိတတ်ပါတယ်။
(၅)     “တကယ်လို့သာ ငါ့ဒေါသတွေကို မထိန်းထားဘူးဆိုရင် တကယ်ဆိုးရွားတဲ့စကားတွေ ပြောမိတော့မယ်”
          ဟုတ်ပါတယ်။ သူမအနေနဲ့ အရမ်းကို ဒေါသထွက်ခံပြင်းနေတဲ့ အခါမျိုးမှာ ဘာစကားမှ မပြောတာ ပိုကောင်းပါတယ်။ မဟုတ်ရင်တော့ သူမရဲ့ ရင့်သီးတဲ့စကားလုံးတွေက တဆင့် ဒီထက်ပိုပြီး ပြဿနာကြီးထွားလာနိုင်ပါတယ်။
(၆)     “တစ်စုံတစ်ရာထပ်ပြီး ဖြေရှင်းလိုက်ချင်ပေမယ့် သူနာကျင်ခံစားသွားရမှာကို မလိုလားဘူး”
          သင့်ရဲ့အပြစ်တစ်ခုနဲ့ ပတ်သက်ပြီး သူမက တစ်စုံတစ်ရာ အတိအကျ သိထားပေမယ့် သင်ကလုံးဝ ၀န်မခံတဲ့အခါမျိုးမှာပေါ့။ ဒီအခါမှာ သင့်ကို သနားတဲ့အကြည့်တွေနဲ့ သက်ပြင်းတွေ ချလို့ ခပ်မဆိတ်ဘဲ နေလိုက်ပါလိမ့်မယ်။
(၇)     “ဒီအတွက် အိမ်ရောက်ရောက်ချင်း ဖြေရှင်းရလိမ့်မယ်”
          တချို့သော အမျိုးသမီးတွေကတော့ ဒေါသသံပါတဲ့ စကားတွေကို လူအများကြားမှာ ပြောဖို့ ဆန္ဒမရှိတတ်ကြပါဘူး။ ဒါကြောင့် အိမ်ရောက်တဲ့ အချိန်ထိတိုင်အောင် မျိုသိပ်ပြီး တလမ်းလုံး စကားတစ်ခွန်းမှ မပြောဘဲ လိုက်ပါလာပါလိမ့်မယ်။
ဒီလောက်ဆိုရင်တော့ အမျိုးသမီးတွေ တိတ်တဆိတ်နေတဲ့အခါ စကားများတာထက် ပိုပြီး အန္တရာယ်ရှိကြောင်း သိလောက်ပြီပေါ့။
Ref:mensxp
ထက်ဆု
Trend Myanmar

အမျိုးသမီးတစ်ယောက်နဲ့ အငြင်းအခုံပြုရာဝယ်


ချစ်ခရီးလမ်းတစ်ခုမှာ အငြင်းအခုံဆိုတာ ရှောင်လွှဲမရနိုင်တဲ့ အရာပါ။ မိန်းမဆိုတာမျိုးဟာ အငြင်းအခုံဖြစ်နေချိန်မှာ ဖိနှိပ်လို့မရကောင်းတဲ့ အမျိုးအစားလည်းဖြစ်တယ်။ သူတို့ရဲ့ စကားလုံးတွေနဲ့ သင့်ကို သေချင်စိတ်ပေါက်သွားအောင် ပြောဆိုနိုင်စွမ်းရှိကြပါတယ်။ သင့်အနေနဲ့ကလည်း ငါးမန်း တစ်ကောင်လို ထိုးစစ်ဆင်မှ အသက်ရှုချောင်နိုင်လိမ့်မယ်လို့ ထင်ချင်စရာရှိတယ်။

ရှေးရှေးတုံးက မလေးရှား(၀ါ) မလ္လာယုနိုင်ငံတော် သမိုင်း(ဖြစ်ရပ်မှန်)

"မလေးရှားနိုင်ငံ၏ သမိုင်းဖြစ်ရပ်များနှင့် မလေးရှားရောက် ဗုဒ္ဓသာသနာတော် သမိုင်း" (ဗဟုသုတ ရစရာတွေ၊ အတုယူဖွယ်ရာတွေ၊ သတိထားကာ သံဝေဂ ရယူဖွယ်စရာတွေနဲ့ ပြည့်ညက်ကြပ်သပ်နေတဲ့ ရှေးရှေးတုံးက မလ္လာယုနိုင်ငံတော်)ကို ဖတ်ဖြစ်အောင် ဖတ်ကြပါ။ မဖတ်လိုက်ရလို့ နောင်မှ နောင်တ မရစေနဲ့ 

မျက်နှာသစ်နည်း အမှားတွေ သုံးမိနေလား


မျက်နှာဆိုတာ လူ့ခန္ဓာကိုယ်မှာ အရေးအကြီးဆုံး အစိတ်အပိုင်းတွေ ဖြစ်တာကြောင့် အထူးဂရုစိုက်ဖို့လိုပါတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားရာမှာ မှန်ကန်တဲ့ နည်းလမ်းမျိုး သုံးဖို့လည်းလိုအပ်ပါတယ်။

Tuesday, December 31, 2013

“မဟာ” ကြောင့် နောင်တမရခဲ့ဘူးဆိုတဲ့ ဇော်ဝင်းထွဋ်နဲ့ အင်တာဗျူး


အဆိုတော် ဇော်ဝင်းထွဋ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
နှစ်ပေါင်း ၄၀ ကြာမှ မြန်မာပြည်မှာ ပြန်လည်ကျင်းပခွင့်ရခဲ့တဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်း အားကစားပွဲတော် ဖွင့်ပွဲကြီးမှာ ပြဇာတ်တပုဒ် ကသလို ပါဝင် ဖျော်ဖြေ တင်ဆက်သွားခဲ့တဲ့ “မဟာ” ဆိုတဲ့ သီချင်းကို အားလုံး မြင်တွေ့ ခံစားမိလိုက် ကြမယ် ထင်ပါတယ်။ ဒီသီချင်း ဖျော်ဖြေမှုဟာ တခြားသော ဖျော်ဖြေမှုတွေထက် ပရိသတ် ပိုမိုနှစ်ခြိုက်ခဲ့တယ် လို့လည်း သိရပါတယ်။ဒီသီချင်းဟာ မြန်မာနိုင်ငံမှာ ရော့ခ်ဘုရင် တဆူဖြစ်တဲ့ အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ မူပိုင် တေးသီချင်းတပုဒ် ဆိုရင်လည်း မမှားပါဘူး။ ၁၉၉၅၊ ၉၆ ကာလတွေက ပေါ်ပေါက်ခဲ့တဲ့ ဒီ “မဟာ” သီချင်းဟာ သူ့ရဲ့ အတိတ်က သမိုင်းကြောင်းတွေလည်း ရှိခဲ့တာတော့ အမှန်ပါပဲ။ တချိန်က ဒီသီချင်းဆိုလို့ ဇော်ဝင်းထွဋ်ကို ပရိသတ်တွေက ဝေဖန်ခဲ့ကြပေမယ့် ဆီးဂိမ်းမှာ ဒီသီချင်းကိုပဲ လူတွေက နှစ်ခြိုက်နေကြတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီသီချင်းရဲ့ သမိုင်းအစကို သီချင်းမူပိုင် အဆိုရှင် ဇော်ဝင်းထွဋ်နဲ့ အတူ ဧရာဝတီ သတင်းထောက် မစပ်စုက ပြန်လည်တူးဖော် ပြောဆို ဖြစ်ခဲ့ပါတယ်။

Monday, December 30, 2013

ကျောပြင် နဲ့ ဂုတ်ပိုးအဆီတွေ ကျမယ် ၊ ရင်ကို တင်းရင်း လှပစေမယ်


နည်းလမ်း ( ၁ ) ခါး ၊ ကျောပြင် နဲ့ ဂုတ်ပိုးအဆီတွေ ကျမယ် ၊ ရင်ကို တင်းရင်း လှပစေမယ် ...
ခြေနှစ်ဘက် ကို စု ၊ ဒူးဆန့် ၊ ခါးဆန့် မတ်မတ်ရပ်ပြီး ခေါင်းငုံ့ထားပါ ၊ လက်နှစ်ဘက် ကို နောက်ပစ်ပြီး ခါးမှာ ကပ်ထားပါ ။