Thursday, July 31, 2014

ပျိုမေများ တင် အချိုးကျကျ ငွါးငွါးစွင့်စွင့် လှစေဖို့ လေ့ကျင့်ခန်း


အမျိုးသားတွေဟာ ပိန်ပိန်ဝဝ ခါး တင် အချိုး ၈၀ အောက် ရှိတဲ့ မိန်းကလေးတွေကို ပိုပြီး စိတ်ဝင်စား ကြပါသတဲ့။ တင်ပါးဆုံရိုးကွင်း (pelvis) ကား တဲ့ အမျိုးသမီးတွေက သူတို့ ကလေးလေးတွေကို ရှောရှောရှူရှူ အခက်အခဲ မရှိ မီးဖွား ပေးနိုင်လို့ သင်မထားပေမယ့် အမျိုးသားတွေ ရဲ့ဦးနောက်မှာ ဒီလိုအချိုးဆို ဒီလိုကြိုက် တဲ့ အသိရှိနေတာဖြစ်ပါတယ်။။

အမျိုးသမီးကိစ္စကြောင့် ဂျက်စတင်ဘီဘာကို အော်လန်ဒိုဘလွမ်း ထိုးကြိတ်ရန် ကြိုးစားခဲ့ဟုဆို


ရုန်းရင်းဆန်ခတ် အခြေအနေအပြီး လမ်းပေါ်တွင် သူငယ်ချင်းများနှင့်အတူ စုဝေးနေသည့် ဘီဘာ

အမျိုးသမီးကိစ္စ အရှုပ်အထွေး တစ်ခုနှင့် ပတ်သက်ပြီး ဟောလီးဝုဒ်မင်းသား အော်လန်ဒိုဘလွမ်းက ကနေဒါ Popဂီတ အဆိုတော် ဂျက်စတင်ဘီဘာကို ထိုးကြိတ်ရန် ကြိုးပမ်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

အမျိုးသမီး တစ်ဦးမှ (၂၄) ကြိမ်တွင် သားသမီး ၂၆ ဦး မွေးဖွားခဲ့


ရန်ကုန်တိုင်း ဒေသကြီး ပုဇွန်တောင်မြို့နယ် သီတာဆိပ် မှတ်တိုင်အနီး ပြည်တော်သစ် အိမ်ရာ တိုက်အမှတ်(၂)၊ အခန်း (၁၈)နေ ဒေါ်ခင်သူဇာသည် မွေးဖွားသည့် အကြိမ်ရေ (၂၄)ကြိမ်တွင် ကလေး ၂၆ဦးအား ထူးခြား စွာ မွေးဖွား ခဲ့ကြောင်း သိရသည်။

သူမအနေဖြင့် ဦးမြင့်ဝေနှင့် အိမ်ထောင်ကျပြီး ၃၁နှစ်အတွင်း သားသမီး ၂၆ဦးအား မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ''၁၉၇၆ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အထိ အကြိမ်(၂ဝ) မြောက်ကို ကလေး ၂ဝဦး မွေးဖွား ခဲ့ပါတယ်။ နောက်ထပ် ၂ဝ၁၃ခုနှစ်အထိ (၄)ကြိမ်မှာ နှစ်မြွှာ ပူးနှစ်ခါ၊ တစ်ဦးချင်း နှစ်ခါ မွေးခဲ့ပါတယ်''ဟု ဒေါ်ခင်သူဇာက ပြောပြ သည်။

Wednesday, July 30, 2014

ကင်ဆာရောဂါကို တွန်းလှန်အောင်နိုင်ခဲ့သူ ဒါရိုက်တာ ကြည်စိုးထွန်းနှင့် တွေ့ဆုံခြင်း



အကယ်ဒမီများရှင် ဒါရိုက်တာ စည်သူဘွဲ့ရ ဦးကြည်စိုးထွန်းအနေနဲ့ ကင်ဆာရောဂါတိုက်စားတဲ့ဒဏ်ကို ကာလတစ်ခုကြာခံစားခဲ့ရပါတယ်။ ဒါပေမဲ့ အခုအချိန်ထိ အသက် ရှင်လျက်နဲ့ သူချစ်တဲ့အနုပညာ အလုပ်ကို အခုထိ တစိုက်မတ်မတ်လုပ်ဆောင်နေတုန်းပါ။ ဆရာ့နောက်မှ ကင်ဆာဖြစ်တဲ့ ဆရာမင်းလူ(ဥာဏ်ပေါ်)၊ ဆရာမောင် ဝံသ (ဦးစိုးသိမ်း) တို့ကတော့ ဆရာကြည်စိုးထွန်းကို ကျော်ပြီး လူ့လောကကနေ စောစီးစွာထွက်ခွာသွားခဲ့ကြပါပြီ။ မြန်မာနိုင်ငံသားတော်တော်များများကတော့ ကင်ဆာကို ဝဋ်နာ၊ကံနာရောဂါတစ်ခုလို့ ထင်မြင်တတ်ကြပါတယ်။ အဲဒီဝဋ်နာ၊ ကံနာ ကင်ဆာရောဂါကို ဆရာကြည်စိုးထွန်းအနေနဲ့ ဘယ်လိုတွန်းလှန်ခဲ့လဲ၊ ကင်ဆာဖြစ်ချိန် ဘယ် လိုခံ စားခဲ့ရလဲ၊ ဘယ်လိုကုသခဲ့ပြီး ဘယ်လို ပြုမူနေထိုင်ခဲ့လဲ၊ အနုပညာအလုပ်တွေကိုကော ဥပေက္ခာပြုထားခဲ့လားစတဲ့ အများရဲ့ စိတ်စေတသိက် သိ စေလိုမှုတွေအတွက် ဆ ရာနဲ့ တွေ့ပြီးကင်ဆာနဲ့ပတ်သက်တဲ့အကြောင်းအရာ၊ လေ့လာမှတ်သားစရာ၊ သင်ခန်းစာယူစရာတွေကို နည်းနာယူနိုင် အောင် တစ်ဆင့်ဝေမျှပေးလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးနည်းဗျူဟာ ပြန်သုံးသပ်ပါ (Written by စည်သူအောင်မြင့်)

ကျင်းပပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အချိုးကျကိုယ်စားပြုစနစ်လို့ခေါ်တဲ့ ပီအာရ်ကိစ္စ အပြီးသတ်ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပထမတစ်ကြိမ် မဲခွဲဆုံးဖြတ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီအမတ်တွေနဲ့ တိုင်းရင်းသားတွေ ထိုင်ရမလို၊ ထရမလို၊ ကန့်ကွက်ရမလို၊ ထောက်ခံရမလို ဇဝေဇ၀ါ ဖြစ်ခဲ့ပြီးနောက် မရှင်းလို့ဆိုပြီး ဒေါ်စုက ဥက္ကဋ္ဌကို ပြန်မေးရပါတယ်။ သူရဦးရွှေမန်းက ရှည်ရှည်လျားလျား ပြန်ရှင်းပါတယ်။ နောက်ဆုံးစကားလုံးက ခုလိုပါ။ “ဦးအောင်ဇင်ရဲ့အဆိုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့သင့်တော်တဲ့ ရွေးကောက်ပွဲစနစ်ဆောင်ရွက်ဖို့အတွက် ကော်မရှင်ဖွဲ့စည်းဆောင်ရွက်ဖို့ကို (လွှတ်တော်က သဘောတူပါသလား၊ သဘောတူပါတယ်။) သုံးကြိမ်။ ဦးအောင်ဇင်ရဲ့အဆို အတည်ဖြစ်ကြောင်း ကြေညာပါတယ်”ဆိုပြီး ဖြစ်ပါတယ်။

ဆာလောင်မှုကရှေ့ အာမခံချက်ကနောက် ကြောက်ကြောက်နှင့်သာ စားရသည်


သက်တမ်းလွန် မလွန်မသိနိုင်သော နိစ္စဓူဝဟင်းလျာများနှင့် ကျွန်ုပ်တို့

မနက်ခင်းစာကို ငွေ ၃ဝဝ ကျပ်နှင့် လှလှပပလေး ဖြတ်သန်းနိုင်မည်ဆိုလျှင် သင်စိတ်ဝင်စားမိပါလိမ့်မည်။ ထမင်းကြော်တစ်ပွဲကို မည်သည့်အသားဟင်းနှင့် စားစားသုံးရာ ကျပ်ဟူသောဈေးက လူအတော်များများကို မျက်ခုံးပင့် စူးစမ်းမိစေ ကြလိမ့်မည်။

”အစ်မက အဲ့ဒီလိုရောင်းနိုင်တာက အများစာဖြစ်နေလို့လေ။ နည်းနည်းပဲ ရောင်းရမယ်ဆို ဘယ်ဒီဈေးနဲ့ရမလဲ” ဟု အလုံမြို့နယ် သစ်တောလမ်းထိပ်အနီး ထမင်းကြော်ဆိုင် ပိုင်ရှင် မကျင်လှ(အမည်လွှဲ)က ပြောသည်။ တစ်နေ့ရောင်းအားနှင့် ချင့်ချိန်ကာ အသား၊ငါးများကို နေ့စဉ်ဝယ်ယူပြီး ချက်ပြုတ်ရောင်းချခြင်းကြောင့် သူမ ဆိုင် တွင် နေ့ ကူးသော ထမင်း၊ ဟင်းများမရှိဟု သူက ဆိုသည်။

ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ရန် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုထားသော်လည်း မူလအလှူရှင် မွန်ဘုရင်ဓမ္မစေတီမင်းကြီးအား ပွဲပေး၍ ခွင့်ပြုချက်တောင်းမည်ဟုဆို


ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ခွင့်ပြုထားသော်လည်း ခေါင်း လောင်းကြီး၏ မူလအလှူရှင် မွန်ဘုရင် ဓမ္မစေတီမင်းကြီးအားပွဲပေး၍ခွင့်ပြုချက် တောင်းသွားမည်ဖြစ်ကြောင်း ခေါင်း လောင်း ဆယ်ယူရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါခေါင်းလောင်းကြီး ဆယ်ယူရန် ဇူလိုင် ၁၄ ရက် ရက်စွဲဖြင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် ပါမစ်ရရှိခဲ့ သော်လည်း မူလအလှူရှင်အား ခွင့်ပြုချက်တောင်းရန် လိုအပ်သည့်အတွက် ယင်းသို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သမ္မတ အိုဘားမားကို တရားစွဲရန် အမေရိကန် အောက်လွှတ်တော် မဲခွဲဆုံးဖြတ်



သမ္မတ ဘာရတ်အိုဘားမားကို တရားစွဲဆိုရန် အဆိုတစ်ရပ်ကို အမေရိကန် အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ အောင်မြင်မှု ရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

အိုဘားမား အနေဖြင့် ၎င်း၏ လုပ်ပိုင်ခွင့် အာဏာများကို ဘောင်ကျော် အသုံးချခဲ့ကြောင်း စွဲချက်တင်ရန် အဆိုပြုခဲ့ပြီး အောက်လွှတ်တော်တွင် မဲခွဲရာ (၂၂၅)မဲ၊ (၂၀၁)မဲဖြင့် အနိုင်ရရှိခဲ့သည်။ အိုဘားမား၏ ဒီမိုကရက်တစ် မဟာမိတ်များက ကန့်ကွက်နေသည့်တိုင် အောက်လွှတ်တော် ရှေ့နေများသည် အဆိုပါ စွဲချက်နှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာများကို စုစည်းပြီး စွဲချက်အတွက် မူကြမ်းရေးသား ပြင်ဆင်နိုင်တော့မည် ဖြစ်သည်။

မိန်းကလေးတွေဟာ ဒီလိုအချက်ကလေးတွေကို ဖွင့်ပြောစရာမလိုပဲ သူတို့ချစ်သူတွေကို သိစေချင်တာ



ကောင်မလေးအများစု သူ့ချစ်သူကောင်လေးတွေကို သူမတို့စိတ်ကို အကုန်အစင် မဖတ်တတ်ရင်တောင်မှ တစ်ချို့အချက်ကလေးတွေ အလိုလိုသိနေတာမျိုး ဖြစ်စေချင်ကြပါတယ်။ ဒါမျိုးကို မိန်းကလေးတွေဟာ စိတ်ရှုပ်ထွေးစရာကောင်း တယ်လို့တော့ မမြင်လိုက်ကြပါနဲ့။ ဒီလို ကိုယ့်ချစ်သူ ဘာဖြစ်နေတယ်၊ ကိုယ့်ကိုဘာပြောစေချင်တယ်ဆိုတာကို အလိုလိုသိပြီး အဖတ်လုပ်ခြင်းဟာလည်း ကိုယ့်ချစ်သူကောင်မလေးကို ဂရုစိုက်ခြင်းတစ်မျိုးပါပဲ။ ကဲ သူတို့မပြောပဲ သိစေချင်တဲ့ အချက်ကလေးတွေက ဘာတွေများဖြစ်မလဲ။

ဦးဆန်းဆင့်ကျန်းမာရေးအာမခံရရန် လျှောက်လဲမှုပယ်ချခံရ


ဦးဆန်းဆင့်ကို ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့စဉ် (ဓာတ်ပုံ−ဇေနွေထွန်း)

တရားစွဲဆိုခြင်း ခံထားရသော သာသနာရေးဝန် ကြီးဟောင်းဦးဆန်းဆင့်သည် ကျန်းမာရေးချို့ယွင်းလာသော ကြောင့် ကျန်းမာရေးအာမခံရရှိ ရန် (အချုပ်လွတ်ထုချေခွင့်) လျှောက်ထားခြင်းကို တရားရုံးက ပယ်ချလိုက်ကြောင်းသတင်းရရှိ သည်။

နိုင်ငံတကာက ဝေဖန်ခြင်းကြောင့် MSF ကို လက်ခံရခြင်းဖြစ်ဟု ဆို



ရခိုင်ဒေသခံအချို့က MSF သည် ဒေသတွင်း ခွဲခြားကူညီသည်ဟု စွပ်စွဲကာ ရခိုင်ပြည်နယ်မှ ထွက်ခွာပေးရန် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်က ကန့်ကွက်ဆန္ဒပြနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AFP

နိုင်ငံတကာ မျက်နှာစာတွင် ဝေဖန်ခံနေရခြင်းကို ပြန်လည်ဖြေရှင်းရန် ရခိုင်ပြည်သူလူထုက လက်မခံသော အကူအညီပေးရေးအဖွဲ့ဖြစ်သည့် MSF ကို လက်ခံရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်လိုက်သည်။

ဆံညှပ်အခုတစ်ရာ



ဟိုးရှေးရှေးတုန်းက ဘုရင်တစ်ပါးမှာ သမီးတော် (၇)ယောက်ရှိတယ်။ သမီးတော်တွေဟာ ချောမောလှပကြပြီး ရှည်လျားနက်မှောင်တဲ့ဆံပင်ကိုယ်စီ ပိုင်ဆိုင်ထားကြတယ်။ ဒါကြောင့် ဘုရင်က သမီးတော်တိုင်းကို လှပတဲ့ဆံညှပ်အခု(၁ဝဝ)ဆီ လက်ဆောင်ပေးခဲ့တယ်။

တစ်နေ့မနက်မှာ ပထမသမီးတော်ဟာ အိပ်ရာကထပြီး ခါတိုင်းလိုပဲ ဆံပင်တွေကို ဖြီးသင်နေခဲ့တယ်။ အဲဒီလိုဖြီးသင်နေတုန်း သူ့ရဲ့ဆံညှပ်တစ်ချောင်း ပျောက်နေတာကို သူသတိထားမိလိုက်တယ်။ ဒါနဲ့ ဒုတိယသမီးတော်ဆီကနေ ဆံညှပ်တစ်ချောင်း သူတိတ်တိတ်လေးခိုးယူလိုက်တယ်။

လမ်းဘေးဈေးသည်များကို ရောင်းချခွင့် ပိတ်တော့မည်


ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၈ လမ်းဈေးရှိ လမ်းဘေးပျံကျဈေးသည်များကို မေလ ၂၉ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းထက်

အောက်တိုဘာလမှစတင်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းဘေးပျံကျဈေးသည်များ လုံးဝရောင်းချခွင့် ပြုတော့မည်မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ ပျံကျဈေးသည်များကို စနစ်တကျဖြစ်စေရန် သက်ဆိုင်ရာမြို့နယ်ဈေးများရှိ နေရာလွတ်တွင်သာ ရောင်းချနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်သည်။ သြဂုတ်လနှင့် စက်တင်ဘာလ နှစ်လတာကာလအတွင်း အဆိုပါပျံကျဈေးသည်များကို ပညာပေးကာလအဖြစ် သတ်မှတ်ထားပြီး ညနေ ၅ နာရီ နောက်ပိုင်းမှသာ ရောင်းချရန် စည်းရုံးဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။

သရဖူပြန်ရဖို့ ဆွေးနွေးညှိနှိုင်းလိုတဲ့ ဂျူးစံသာ

စာနယ်ဇင်းရှင်းလင်းပွဲမှာ တွေ့ရတဲ့ ဂျူးစံသာ

မစ္စ Globe Myanmar သရဖူဆု ရရှိထားပြီး နိုင်ငံတကာပြိုင်ပွဲကို သွားရောက်ဖို့အတွက်
လေ့ကျင့်မှုတွေ ပြုလုပ်နေရာက သရဖူပြန်လည် ရုပ်သိမ်းခံရတယ်ဆိုတဲ့ အလှမယ် ဂျူးစံသာရဲ့
သတင်းဟာ အင်တာနက်မှာ ဒီသီတင်းပတ်အတွင်း ရေပန်းစားနေတဲ့ သတင်းတစ်ပုဒ်
ဖြစ်လို့နေပါတယ်။

သရဖူရုပ်သိမ်းတယ်ဆိုတဲ့ သတင်းကို ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်ကနေတစ်ဆင့် ကြေညာခဲ့သူ
ကတော့ Globe Myanmar ပွဲစီစဉ်သူလည်းဖြစ်၊ ဂျူးစံသာရဲ့ National Director လည်းဖြစ်တဲ့
မလှနုထွန်း ပဲဖြစ်ပါတယ်။

သရဖူရုပ်သိမ်းလိုက်ရတဲ့ အကြောင်းရင်းကိုလည်း တခြားအဖွဲ့အစည်းနဲ့ ဆက်သွယ်မှု၊ မက်ဆေ့ခ်ျမှ
ရိုင်းပြစွာပြောဆိုမှု၊ စာချုပ်အတွက် လာရောက် ဆက်သွယ်ရန် ပြောခဲ့သော်လည်း ပျက်ကွက်မှု
တို့ကြောင့်ဖြစ်တယ်လို့ မလှနုထွန်းက ရေးသားထားပါသေးတယ်။

အဲဒီသတင်းကို မလှနုထွန်းက ဇူလိုင်လ ၂၄ ရက်နေ့မှာ ကြေညာခဲ့ပြီး နောက်တစ်နေ့မှာပဲ
အလှမယ် ဂျူးစံသာ က ပါ့ခ်ရွယ်ရယ်ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ သူ့အနေနဲ့
ရည်ရွယ်ထားတဲ့အတိုင်း နိုင်ငံတကာအလှမယ်ပွဲကြီးဖြစ်တဲ့ Miss Globe International ပွဲကြီးမှာ
သွားရောက် ယှဉ်ပြိုင်ချင်တာကြောင့် မလှနုထွန်းနဲ့ ဆွေးနွေးညှိုနှိုင်းလိုပါတယ်လို့ ထုတ်ဖော်
ပြောဆိုခဲ့ပါတယ်။

Miss Globe International အလှမယ်ပွဲကို ဩဂုတ်လ ၁၁ ရက်နေ့မှာ Azerbaijan နိုင်ငံမှာ
စတင်ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်မှ အလှမယ်များ ပါဝင်ယှဉ်ပြိုင်ကြမှာ
ဖြစ်ပါတယ်။

စာနယ်ဇင်းပွဲမှာ ဂျူးစံသာက ခုလိုမျိုး ဖေ့စ်ဘွတ်ခ်သတင်းကြားရတဲ့အခါ ထင်မှတ်မထားတာ
ကြောင့် အံ့ဩခဲ့ရပါတယ်လို့ ၀မ်းနည်းဟန် မျက်ရည်အ၀ဲသားနဲ့ ဆိုခဲ့ပါသေးတယ်။

"စာချုပ်မူကြမ်းကို အခုလို သရဖူသိမ်းကြောင်း မကြေညာခင် တစ်ရက်အလိုမှာ အိမ်ကိုပို့ခဲ့ပေမယ့်
အဖေနေမကောင်းလို့ ခဏစောင့်ပေးဖို့ ပြောခဲ့ပါတယ်။ သုံးနှစ်စာ ချုပ်ဆိုရမယ့်စာချုပ်ကို
ခဏအတွင်းမှာ သမီးတစ်ယောက်တည်းပဲ ဖတ်ခဲ့ပြီး အမေတို့နဲ့ မတိုင်ပင်ရသေးတဲ့အချိန်ဆိုတော့
ဆုံးဖြတ်ချက် မချနိုင်ခဲ့လို့ပါ"လို့ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ဂျူးစံသာက ပြောပါတယ်။

သူ့ကို ဖေ့စ်ဘွတ်ခ်ကနေ သရဖူသိမ်းကြောင်း ကြေညာထားပေမယ့် တရားဝင်အကြောင်းကြားစာ
တော့ မရသေးပါဘူးလို့လည်း ညှိုနှိုင်းမှုအပေါ် စိတ်အားထက်သန်နေတဲ့ မစ္စ Globe Myanmar က
ဆိုပါတယ်။

"ပြိုင်ပွဲက ဘယ်နှရက်မှ မလိုတော့ပါဘူး။ အကုန်ပြင်ဆင် ပြီးသွားပြီဆိုတော့ သမီး သွားပြိုင်ချင်ပါ
တယ်။ ဆွေးနွေးညှိနှိုင်းဖို့ကိုလည်း ကြိုးစားသွားမှာပါ။ တကယ်လို့ ဒီတစ်ခေါက်ပြိုင်ခွင့်
မရခဲ့ရင်လည်း သမီးဝါသနာပါတဲ့ ဒီအလုပ်ကိုပဲ ဆက်လုပ်သွားမှာပါ"လို့လည်း ဂျူးစံသာက
ပြောပါတယ်။

မလှနုထွန်းက စာချုပ်ကို ဇူလိုင် ၂၃ ရက်နေ့တွင် ပေးပို့ခဲ့ပြီး ၂၄ ရက်နေ့ ညနေတွင် လက်မှတ်
လာရောက်ထိုးဖို့ ပြောပေခဲ့ပေမယ့် ဂျူးစံသာရဲ့ဖခင် နေမကောင်းတာကြောင့် စာချုပ်လက်မှတ်
မထိုးနိုင်ခဲ့ဘူးလို့ မိခင်ဖြစ်သူ ဒေါ်သင်းသင်းရီ ကလည်း ထပ်လောင်းပြောဆိုပါတယ်။

"ဂျူးလေး အဖေနေမကောင်းလို့ အရမ်းအလုပ်ရှုပ်နေရတဲ့ အချိန်ပါ။ စာချုပ်ကိုလည်း နားလည်တဲ့
သူတွေနဲ့ ပြချင်ပါသေးတယ်။ လက်မှတ်မထိုးဘူးလို့ ကျွန်မတို့ မပြောပါဘူး။ အချိန်လေးပဲပေးပါလို့
ပြောခဲ့ပါတယ်။ တစ်နေ့ကထိ (ဖေ့စ်ဘွတ်စ်ပေါ် ပို့စ်တင်တဲ့နေ့ မတိုင်ခင်) ကို ကျွန်မတို့
ဆက်ဆံရေးက အေးအေးဆေးဆေးပါ။ ဘာမှမဖြစ်ခဲ့ပါဘူး"လို့လည်း သူက ဆိုပါတယ်။

စာချုပ်မူကြမ်းမှာ ဖော်ပြထားတဲ့ အချက်တွေထဲမှာ ဂျူးစံသာရဲ့ အနုပညာဝင်ငွေ သုံးဆယ်
ရာခိုင်နှုန်းကို နေရှင်နယ်ဒါရိုက်တာဖြစ်သူ မလှနုထွန်းကို သုံးနှစ်အထိ ခွဲပေးရမှာဖြစ်ပြီး
အဖွဲ့အစည်းအပေါ် ရိုင်းပြစွာ စကားမဆိုရ၊ ကျိန်စာမတိုက်ရ၊ ဆေးလိပ်၊ ကွမ်းနဲ့ အရက် အပါအ၀င်
မူးယစ်ဆေးဝါး မသုံးစွဲရ၊ ကလပ်များသို့ သွားရောက် ကခုန်ခြင်း မပြုလုပ်ရ စတာတွေပါဝင်ပြီး
အရမ်းတင်းကျပ်လွန်းတာမို့ ညှိနှိုင်းဖို့ အတွက် အချိန်ယူရတာပါလို့လည်း ဒေါ်သင်းသင်းရီက
ပြောပါတယ်။

မိခင်စကားကို ထောက်ခံတဲ့ ဂျူးစံသာကလည်း "မစ္စမြန်မာတွေအားလုံး တစ်နှစ်စာချုပ်ပဲ
ချုပ်ကြပါတယ်။ သုံးနှစ်ဆိုတဲ့ကာလကို ဘယ်သူမှ စာချုပ် မချုပ်ကြပါဘူး။ မေမြတ်နိုးလည်း
သုံးနှစ်စာချုပ်ကို လက်မှတ်မထိုးသေးပါဘူး။ နားလည်တဲ့ သူတွေနဲ့ တိုင်ပင်ချင်လို့ စာချုပ်ချုပ်မယ့်
ရက်ထပ်တိုးပေးဖို့ တောင်းဆိုတာပါ"လို့ ဆိုပါတယ်။

ဖြစ်ရတဲ့ပြဿနာရဲ့ အဓိကအကြောင်းက စာချုပ် ချုပ်ဆိုဖို့ ကိစ္စဖြစ်တာကြောင့် Miss Globe
Myanmar ပြိုင်ပွဲစတင်ကတည်းက ဆုရရှိတဲ့ အလှမယ်အနေနဲ့ ပြုလုပ်ရမယ့် အချက်အလက်
တွေကို အေဂျင်စီအနေနဲ့ ကြိုတင်မပြောခဲ့ဘူးလား၊ စာချုပ်ကိုရော ပြိုင်ပွဲသွားခါနီးမှ ဘာကြောင့်
ချုပ်ဆိုရသလဲဆိုတဲ့ မေးခွန်းတွေကို တွေးတောစရာဖြစ်လာခဲ့ပါတယ်။

"စာချုပ်ကို ပွဲပြီးပြီးချင်းမချုပ်တာက သူတို့ အမေတွေရော၊ သူတို့ကရော စာချုပ်ကိုကြိုက်တဲ့အချိန်
ချုပ်ပါ။ လက်မှတ်ကို အချိန်မရွေးထိုးပါ့မယ်။ ၃၀ ရာခိုင်နှုန်းလည်း ပေးပါ့မယ်လို့ ပြောထားတာကို
ယုံလို့ပါ။ ပြီးတော့ မစ္စတစ်ယောက်ဆိုတာ တခြားသူတွေရော တူသလား၊ ကတိတည်ရဲ့ လား
ဆိုတာ စမ်းသပ်တာပါပဲ။ ခုတော့ လှနု သိလိုက်ပါတယ်။ နောက်ကျရင် စာချုပ်ချုပ်ဖို့
အရင်လုပ်ရပါတော့မယ်"လို့ မလှနုထွန်း က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

မလှနုထွန်းဟာ ပြီးခဲ့တဲ့မေလက တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Asia Pacific World
ပြိုင်ပွဲမှာ သရဖူရရှိခဲ့တဲ့ အလှမယ် မေမြတ်နိုးရဲ့ နေရှင်နယ်ဒါရိုက်တာလည်းဖြစ်ပြီး
လတ်တလောမှာ မေမြတ်နိုး နဲ့လည်း အဆင်မပြေမှုတွေ ကြုံနေရတာဖြစ်ပါတယ်။

"ဂျူးလေးကိုရော သူ့မိသားစုကိုရော ကျွန်မ အတန်တန်မှာထားပါတယ်။ တခြားအဖွဲ့အစည်းတွေနဲ့
မဆက်သွယ်ဖို့ကိုပါ။ ဒါပေမဲ့ ကျွန်မပြောတာကို နားမထောင်ခဲ့ပါဘူး။ တခြားအဖွဲ့အစည်းနဲ့
ရိုက်ထားတဲ့ ဓာတ်ပုံတွေ တင်ပါတယ်။ ခုစာချုပ်ကလည်း အကြမ်းပဲ ရှိပါသေးတယ်။ သူ့ကို
လက်မှတ်ချက်ချင်း ထိုးခိုင်းတာ မဟုတ်ပါဘူး။ ဆွေးနွေးဖို့ပဲ ခေါ်နေတာပါ။ နောက်ပိုင်းရက်တွေမှာ
လှနု မအားပါဘူး။ ဒါကြောင့် ဆွေးနွေးဖို့လာခဲ့ပါလို့ ပြောတာပါ။ ခု သရဖူသိမ်းရတာကလည်း သူနဲ့
ဆက်ပြီးလက်တွဲလုပ်ဖို့ အဆင်မပြေတော့လို့ပါ။ သူ့အဖေ နေမကောင်းဘူးလို့ စာချုပ်မချုပ်နိုင်
သေးဘူးလို့ ပြောပေမယ့် သူတခြား အစီအစဉ်တစ်ခုအတွက် လုပ်နေတယ်ဆိုတာ လှနု
သိနေပါတယ်။ ရှေ့မှာ မေမြတ်နိုးကိစ္စကလည်း ရှိထားတော့ လှနု နောက်တစ်ခေါက်
အရှက်ကွဲခံလို့ မရပါဘူး"လို့ မလှနုထွန်း ကဆိုသလို သူ့ဘက်က မှားတာ မရှိတဲ့အတွက်
ဂျူးစံသာ တို့ဘက်မှ တရားစွဲမယ်ဆိုလည်း စွဲလို့မရပါဘူးလို့လည်း ဆိုပါတယ်။ ဖုန်းမက်ဆေ့ခ်ျ
ကနေတစ်ဆင့် ရိုင်းပြစွာပြောဆိုတယ်လို့ မလှနုထွန်း ရေးသားခဲ့တာနဲ့ ပတ်သတ်ပြီး ပြဿနာ
ရှိခဲ့တာ မှန်ပေမယ့် နှစ်ဦးနှစ်ဖက်ကြားမှာ အဆင်ပြေပြီးခဲ့သားဖြစ်တယ်လို့ ဂျူးစံသာက
ဆိုပါတယ်။

"တီချယ်(လှနုထွန်း) ခရီးသွားနေတုန်းက ၀တ်စုံမလောက်ငတဲ့အတွက် Miss Golden Myanmar
က ကိုဟန်ဇော်လတ်ဆီမှာ အကူအညီတောင်းခဲ့မိပါတယ်။ တီချယ်ကိုလည်း ဘာမှမလုပ်ပေးဘဲနဲ့
လို့ မက်ဆေ့ခ်ျကနေ ပြောမိပါတယ်။ အဲဒီအတွက်လည်း တောင်းပန်ပြီးပါပြီ။ တီချယ်ကလည်း
အဲဒါတွေ မေ့လိုက်ပြီး ရှေ့ဆက်သွားကြမယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ ခုလို ဘာဖြစ်လို့
လုပ်ရတယ်ဆိုတာ ဂျူးလည်း မသိပါဘူး။ သမီး ဖုန်းဆက်ပေမယ့် တီချယ်က လုံးဝမကိုင်ပါဘူး"လို့
ဂျူးစံသာက ပြောပါတယ်။

မြန်မာတိုင်း(မ်)နဲ့ နောက်ဆုံး စကားပြောခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့အထိ မလှနုထွန်း ဘက်မှ
ဆက်သွယ်မှု တစ်စုံတစ်ရာ မလုပ်ခဲ့ဘဲ ဖေ့စ်ဘွတ်ခ်မှာ Miss Globe ဆုရှင်ဂျူးစံသာမှာ
စိတ်ကစဥ့်ကလျား ရောဂါရှိနေတဲ့အတွက် ပြိုင်ပွဲကိုစေလွှတ်တော့မှာ မဟုတ်ဘူးလို့
ရေးတင်ခဲ့တယ်လို့ ဒေါ်သင်းသင်းရီက ပြောပါတယ်။

"အန်တီတို့ဘက်က ခုချိန်ထိတော့ ဘာမှမလုပ်သေးပါဘူး။ သူတို့က သမီးလေးကို စိတ်ဝေဒနာရှင်
ပုံစံနဲ့ ပြိုင်ပွဲကျင်းပတဲ့ဆီကို အကြောင်းကြားတဲ့စာကို တွေ့ရပေမယ့် အဲဒီအဖွဲ့အစည်းနဲ့ အန်တီတို့
ဘာအဆက်အသွယ်မှ မရှိတော့ ရှင်းပြဖို့ အခက်တွေ့နေပါတယ်။ သူတို့ဘက်က ကြားခံ
လုပ်ပေးခဲ့ပြီး အန်တီတို့နဲ့ တစ်ကြိမ်မှ တိုက်ရိုက်ဆက်သွယ်ခြင်း မရှိခဲ့ပါဘူး"လို့ ဒေါ်သင်းသင်းရီက
ပြောပါတယ်။

မလှနုထွန်း ကတော့ "Miss Tourism International ပွဲအတွက်လည်း လှနု စီစဉ်နေပါတယ်။
Miss Globe ပွဲက အရမ်းကပ်နေတော့ နောက်တစ်ယောက်အစားထိုးဖို့ မီ မမီလည်း
မသေချာပါဘူး။ ကံကောင်းလို့ ပွဲရက်ရွှေ့သွားမယ်ဆိုရင် ဂျူးစံသာနေရာမှာ တစ်ယောက်
အစားထိုးဖြစ်ရင် ဖြစ်မှာပါ။ Miss Tourism International အတွက် လာလျှောက်ထားတဲ့
ကလေးတွေလည်း ရှိပါတယ်။ ခုတော့ လှနု စိတ်ရှုတ်နေလို့ ရွေးဖြစ်မရွေးဖြစ် သေချာမပြောနိုင်
သေးပါဘူး"လို့ဆိုပါတယ်။

Miss Globe Myanmar ပြိုင်ပွဲကြီးကို မတ်လ ၄ ရက်နေ့က ကရ၀ိက်နန်းတော်ဟိုတယ်မှာ
ပြုလုပ်ခဲ့ကာ မစ္စအဖြစ် ဂျူးစံသာက ရွေးချယ်ခံခဲ့ရပြီး Miss Absolute Beauty Skin ဆုကိုလည်း
ရရှိခဲ့ပါတယ်။

အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

ဖုန်းအော်ပရေတာတို့၏ပြိုင်ပွဲ


ဓာတ်ပုံ - လင်းဘိုဘို/အီးပီအေ

ပြည်တွင်း၌ မိုဘိုင်းဆင်းမ်ကတ်များ အကန့်အသတ်မရှိ ၀ယ်ယူအသုံးပြုနိုင်ရန် တစ်လကျော်ခန့်သာ လိုတော့သည်။ ပြည်ပအော်ပရေတာများ ချထားပေးမည့် ဆင်းမ်ကတ်များဖြင့် မြန်မာပြည်တွင် ယခင်က မရဖူးသည့် ကောင်းမွန်သော အင်တာနက်လိုင်းနှင့် ဖုန်းဝန်ဆောင်မှုကို အသုံးပြုနိုင်တော့မည်ဟု ပြည်သူများက မျှော်လင့်လျက်ရှိသည်။

စေတီရင်ပြင်တွင် စုံတွဲအချို့ မသင့်လျော်သောအပြုအမူကြောင့် စောင့်ကြည့်သတိပေးမှုများ ပိုမိုလုပ်နေရ


စေတီရင်ပြင်တစ်ခုပေါ်တွင် တွေ့ရသည့် စုံတွဲတစ်တွဲ

စေတီရင်ပြင်ပေါ်တွင် စုံတွဲအချို့ မသင့်လျော်သော အပြုအမူဖြင့် နေထိုင်မှုများကို ဂေါပအဖွဲ့ လုံခြုံရေးဝန်ထမ်းများက စောင့်ကြည့်ပြီး သတိပေးပြောဆိုမှုများ တိုးမြှင့်ပြုလုပ်နေကြောင်း သတင်းရရှိသည်။

Tuesday, July 29, 2014

ဦးသိန်းစိန်အတွက် လက်ခုပ်သံများ ဆိတ်သုဉ်းသွားပြီလား


အကြိမ်ကြိမ်ကန့်ကွက်ဆန္ဒပြမှုများ၊ ဖြုတ်ချရန် ကြိုးစားမှုများကြား ရာစုနှစ်တစ်ဝက်နီးပါး မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည့် တပ်မတော်ခေါင်းဆောင်များအတွက်တော့ ချီးကျူးဂုဏ်ပြုခံရသည်မှာ ပြီးခဲ့သည့်နှစ်များအတွင်းက များများစားစားမရှိလှ။

သို့သော်လည်း ထိုအထဲတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကတော့ ခြွင်းချက်အနေဖြင့် ရှိနေခဲ့သည်။ မျက်နှာထားတည်တည်ဖြင့် စကားကို ဖြည်းဖြည်းမှန်မှန် ပြောတတ်သည့် ဦးသိန်းစိန်သည် ပြီးခဲ့သည့်နှစ်များအတွင်းက အတင်းအကျပ် စေခိုင်းခြင်းကြောင့်မဟုတ်ဘဲ လူထုထောက်ခံမှု အနေအထားတစ်ခုအထိ ရှိခဲ့သည့် စစ်ခေါင်းဆောင်ဟောင်းတစ်ဦးအဖြစ် ရှားရှားပါးပါး ထွက်ပေါ်လာခဲ့သည်။

မိသားစု တစ်ခုလုံး အနုပညာ လှုပ်ရှားမှု ပိတ်ပင်ခံရသူ ဇာဂနာနှင့် တွေ့ဆုံခြင်း


နိုင်ငံကျော် လူရွှင်တော် စာရေး ဆရာ ဇာဂနာ က ဖခင်ဖြစ်သူ ကဗျာဆရာ နန်းညွန့်ဆွေ ကွယ်လွန် ခြင်း ၄နှစ်ပြည့် အောက်မေ့ဖွယ် ကို ဖခင်ဖြစ်သူ ရဲ့ မွေးနေ့ ဝါဆို လပြည့် နေ့မှာ ဆွမ်းကပ် လှူဒါန်းခဲ့ပါတယ်။ ဖခင်ဖြစ်သူရဲ့ကဗျာ ချစ်မြတ်နိုးစိတ် နဲ့ ဖခင် အတွက် ရည်စူးကာ နန်းညွန့် ဆွေ ကဗျာဆုပေးပွဲ ကိုလည်း ပထမ ဆုံးအကြိမ် ကျင်းပခဲ့ပြီး နှစ်စဉ်ပြု လုပ် သွားဖို့လည်း စီစဉ်ထားကြောင်း သိရပါတယ်။ ဒါကြောင့်လည်း ဇာဂနာကို သူ့မိသားစု နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။

အမုန်းစကားကြောင့် အမုန်းမပွားစေရေးလှုပ်ရှားမှု မွတ်စလင်ရပ်ကွက်များတွင် ပြုလုပ်မည်


ဧပြီလအတွင်းက မန်းလေးမြို့တွင် ပြုလုပ်သော ပန်းစကားလှုပ်ရှားမှုကိုတွေ့ရစဉ်။ ဓာတ်ပုံ-မျိုးသန့်

အမုန်းပွားမှု လျှော့နည်းပပျောက်စေရန် “အမုန်းစကားကြောင့် အမုန်းမပွားစေဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့ ” လှုပ်ရှားမှုနှင့် အသိပေးစတေကာ ကပ်ခြင်းကို သြဂုတ်လ ၅ ရက်တွင် အစ္စလာမ်ဘာသာဝင်များ နေထိုင်သည့် ရပ်ကွက်များအတွင်း ပြုလုပ်သွားမည်ဟု မေတ္တာကမ်ပိန်းမှ အထက်မြန်မာပြည်တာဝန်ခံ ဦးညီညီကျော်က မဇ္ဈိမကို ပြောသည်။