Wednesday, July 30, 2014

ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ရန် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုထားသော်လည်း မူလအလှူရှင် မွန်ဘုရင်ဓမ္မစေတီမင်းကြီးအား ပွဲပေး၍ ခွင့်ပြုချက်တောင်းမည်ဟုဆို


ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ခွင့်ပြုထားသော်လည်း ခေါင်း လောင်းကြီး၏ မူလအလှူရှင် မွန်ဘုရင် ဓမ္မစေတီမင်းကြီးအားပွဲပေး၍ခွင့်ပြုချက် တောင်းသွားမည်ဖြစ်ကြောင်း ခေါင်း လောင်း ဆယ်ယူရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါခေါင်းလောင်းကြီး ဆယ်ယူရန် ဇူလိုင် ၁၄ ရက် ရက်စွဲဖြင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် ပါမစ်ရရှိခဲ့ သော်လည်း မူလအလှူရှင်အား ခွင့်ပြုချက်တောင်းရန် လိုအပ်သည့်အတွက် ယင်းသို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။''ဓမ္မစေတီမင်းကြီးကို ပွဲပေးပြီး ခွင့်ပြုချက်တောင်းဖို့ရှိပါတယ်။ ပဲခူးပိုင်းဆိုင်ရာမှာလဲ ပွဲပေးထားပါတယ်။ ရန်ကုန် ရွှေတိဂုံစေတီတော် ဓမ္မစေတီဘုရားမှာလဲ တစ်နေ့က ပွဲပေးပြီးပါပြီ။ ခွင့်ပြုချက်တောင်း ထားပြီးပါပြီ'' ဟု ခေါင်းလောင်းဆယ်ယူ ရေးအဖွဲ့ဝင် အလှူရှင်ဦးဝင်းမြင့် (ရွှေအုန်းပင်)ကပြောသည်။

ဓမ္မစေတီမင်းကြီးသည် မြန်မာ့ရိုးရာ ဗေဒင်၊ အင်း၊ အိုင်၊ ခလှဲ့၊ လက်ဖွဲ့ ပညာရပ်များ ကျွမ်းကျင်တတ်မြောက်သဖြင့် ခေါင်းလောင်းကြီး ဆယ်ယူရာတွင် သိပ္ပံပညာရပ်များသာမက ဝိဇ္ဇာပညာရပ် များကိုပါ ထည့်သွင်းအသုံးပြုကြသည် ဟု သိရသည်။

''ဓမ္မစေတီခေါင်းလောင်းကို တွေ့လို့ ဆင်းဆယ်ဖို့ ရေထဲကိုကြိုးချည်ပြီး ဆင်းဖူးတယ်။ ဆယ်ခွင့်မရခဲ့ဘူး။ နောက် ကနေ လည်ကုပ်ကို ဆွဲတာခံခဲ့ရဖူးတယ်။ ဒါကြောင့် မွန်ဘုရင်ဓမ္မစေတီမင်းကို ခွင့် ပြုချက်ယူပြီးမှဆယ်မယ်'' ဟု ခေါင်းလောင်းဆယ်ယူမည့် ဦးစံလင်းကပြောသည်။

ခေါင်းလောင်းဆယ်ယူခြင်းကို မွန်တိုင်းရင်းသားများ မကန့်ကွက်သော်လည်း ခေါင်းလောင်းဆယ်ပြီးနောက် မွန်တိုင်း ရင်းသားများ၏ ခေါင်းလောင်းမဟုတ်ဟု သမိုင်းလိမ်မည်ကိုစိုးရိမ်နေကြောင်း မွန်တိုင်းရင်းသားသမိုင်း သမိုင်းပညာ ရှင်ထံမှသိရသည်။

''ဓမ္မစေတီခေါင်းလောင်းကြီးကို ဘယ်သူဆယ်ဆယ် ဆယ်လို့ရရင် ကောင်းပါတယ်။ မွန်တွေစိုးရိမ်တာက ဆယ်ပြီးတော့မှ မွန်ပစ္စည်းမဟုတ်ဘူးလို့ ပြောမှာစိုးရိမ်တာ။ စာနဲ့ပေနဲ့ အထောက် အထားတွေနဲ့ဆိုတော့ အဲလိုမျိုးလဲမဖြစ်နိုင်ပါဘူး။ ဘာပဲ တွေ့တွေ့ပျူပဲဖြစ်နေတာ။ စိုးရိမ်တာတစ်ခုပဲ။ မွန်တွေရဲ့ ကိုယ်ပိုင်ပစ္စည်းကို သူတို့ပစ္စည်းလုပ်ပြီး သမိုင်း ကို ဆွဲတင်မှာစိုးတယ်'' ဟု မွန်တိုင်းရင်း သားသမိုင်းပညာရှင် ဦးနိုင်မောင်တိုးက ပြောသည်။

မွန်တိုင်းရင်းသားများတွင် ခေါင်း လောင်းကြီးအားဆယ်ယူရန် နည်းပညာ၊ ငွေကြေးအင်အား မရှိသောကြောင့် ဆယ်ယူရာတွင် မပါဝင်ခြင်းဖြစ်ပြီး မူလနေရာ ရွှေတိဂုံစေတီပေါ်သို့ ခေါင်းလောင်းကြီး ကို ပြန်ရောက်စေချင်ကြောင်း သိရသည်။

''ခေါင်းလောင်းကြီးကိုဆယ်ဖို့ မွန် လူမျိုးတွေက တက်တက်ကြွကြွမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မွန်တွေမှာဆယ် ဖို့ အင်အားနဲ့နည်းပညာမရှိပါဘူး။ နောက် ထပ်စိုးရိမ်တာတစ်ခုက ဓမ္မစေတီခေါင်း လောင်းကြီးကို ရွှေတိဂုံကုန်းတော်ပေါ် ပြန်ရောက်ပါ့မလားလို့စိုးရိမ်ပါတယ်''ဟု ယင်း ကဆက်လက်ပြောသည်။

ယင်းခေါင်းလောင်းကြီးမှာ မွန် ဘုရင်ဓမ္မစေတီမင်း လှူဒါန်းထားသော ခေါင်းလောင်းကြီးဖြစ်ပြီး ဓမ္မစေတီခေါင်း လောင်းကြီးသည် မွန်သမိုင်းတွင် ပိဿာ ချိန် ၁၈ဝဝဝဝ ရှိပြီး ဆယ်ယူနိုင်ပါက ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကြီးဖြစ် လာနိုင်ကြောင်း သိရသည်။

''ခေါင်းလောင်းကြီးက ရှေးဟောင်း ပစ္စည်းပဲ။ ဆယ်နိုင်ရင် မွန်တွေသာမက မြန်မာနိုင်ငံသားတွေ အားလုံးအတွက် အကျိုးရှိမှာပါ''ဟု မွန်တိုင်းရင်းသားတစ် ဦးကပြောသည်။

မွန်ဘုရင်ဓမ္မစေတီမင်းသည် ဓမ္မစေတီခေါင်းလောင်းကြီးအပြင် ဓမ္မစေတီ ဘုရားကိုလည်း တည်ထားကိုးကွယ်ခဲ့ ပြီး ယနေ့အချိန်အထိ ဓမ္မစေတီဘုရားကို ရွှေတိဂုံစေတီပေါ်တွင်ဖူးမြော်နိုင်ကာ ယင်းဓမ္မစေတီဘုရားကို လူသိနည်း ပါးနေသေးကြောင်း သိရသည်။

Yangon Media Group

0 comments:

Post a Comment