Thursday, July 31, 2014

အမျိုးသမီးကိစ္စကြောင့် ဂျက်စတင်ဘီဘာကို အော်လန်ဒိုဘလွမ်း ထိုးကြိတ်ရန် ကြိုးစားခဲ့ဟုဆို


ရုန်းရင်းဆန်ခတ် အခြေအနေအပြီး လမ်းပေါ်တွင် သူငယ်ချင်းများနှင့်အတူ စုဝေးနေသည့် ဘီဘာ

အမျိုးသမီးကိစ္စ အရှုပ်အထွေး တစ်ခုနှင့် ပတ်သက်ပြီး ဟောလီးဝုဒ်မင်းသား အော်လန်ဒိုဘလွမ်းက ကနေဒါ Popဂီတ အဆိုတော် ဂျက်စတင်ဘီဘာကို ထိုးကြိတ်ရန် ကြိုးပမ်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ဇူလိုင် (၂၉)ရက်က Pirates of Caribbean မင်းသား ဘလွမ်းသည် ဘီဘာနှင့်အတူ အိုင်ဘစ်ဇာ၌ ညစာစားနေခဲ့ပြီး ထိုကဲ့သို့ ရုန်းရင်းဆန်ခတ် အခြေအနေတစ်ရပ် ပေါ်ပေါက်လာခြင်းဟု ဖျော်ဖြေရေး သတင်းဌာန TMZက ဖော်ပြခဲ့သည်။ လမ်းသွားလမ်းလာ တစ်ဦးက မှတ်တမ်းတင်ထားသည်ဟု ယူဆရသည့် ဗီဒီယိုဖိုင် တစ်ခု၌ ဘလွမ်းသည် ဘီဘာကို ဦးတည်ကာ လက်သီးဖြင့် လှမ်းထိုးခဲ့သော်လည်း ဘီဘာ၏ ကိုယ်ရံတော်က အဆွဲမြန်သဖြင့် မထိလိုက်ခြင်း ဖြစ်သည်။

Cipriani စားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သော အခြေအနေသည် ဘီဘာက ရန်စ၍ စတင်ခဲ့ခြင်းဟု သတင်းများ ထွက်ပေါ်နေသည်။ ဘီဘာက အသက်(၃၇)နှစ်အရွယ်ရှိ ဘလွမ်း၏ ဇနီးဟောင်း ဩစတြေးလျ စူပါမော်ဒယ်လ် မီရန်ဒါကားရ်နှင့် ဇာတ်လမ်းဖြစ်နေကြောင်း ဘလွမ်းကို ပြောဆိုသည့်နောက် ဘလွမ်းက စိတ်မထိန်းနိုင်ဘဲ ထိုးကြိတ်ခဲ့ခြင်းဟု ဆိုသည်။



မျက်မြင်များက စားသောက်ဆိုင်မှ ဘီဘာ ထွက်ခွာလာပြီးနောက် လမ်းပေါ်တွင် ၎င်း၏ အပေါင်းအသင်း အချို့နှင့် စုဝေးစကားပြောနေခဲ့သေးကြောင်း ပြောကြားခဲ့သည်။ ထို့နောက်တွင်မှ ဘီဘာ လက်ရှိတွဲနေသည်ဟု သတင်းထွက်နေသည့် ဗိုဗန်နာ ဗန်တူရာ အပါအဝင် အပေါင်းအသင်းများနှင့်အတူ ယင်းနေရာမှ ထွက်ခွာသွားကြောင်း သိရသည်။



ဘီဘာသည် အဆိုပါဖြစ်ရပ်နှင့် ကြုံခဲ့ပြီး နောက်တစ်နေ့တွင် ဘလွမ်းငိုကြွေးနေသည့် ဓာတ်ပုံတစ်ပုံကို Instagramပေါ် တင်ထားပြီး ထေ့ငေါ့ခဲ့ကြောင်းလည်း သိရသည်။ ယင်းမတိုင်မီက ဘီဘာသည် ကားရ်၏ ရေကူးဝတ်စုံနှင့် ဓာတ်ပုံကို Instagramပေါ် ဦးစွာတင်ခဲ့ပြီးမှ ပြန်ဖျက်သွားခဲ့သည်။

ဘလွမ်းသည် ကားရ်နှင့် (၃)နှစ်ကြာ ပေါင်းသင်းခဲ့ပြီး သားငယ်တစ်ဦး မွေးဖွားခဲ့ပြီး လွန်ခဲ့သည့် (၂)နှစ်က ၎င်းတို့နှစ်ဦး ကွာရှင်းပြတ်စဲခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့ နှစ်ဦးသည် ရင်းနှီးကျွမ်းဝင်သော မိတ်ဆွေအဆင့် ဆက်ဆံရေးမျိုး ရှိနေဆဲဟု စုံတွဲဟောင်း နှစ်ဦးလုံးက ပြောကြားထားသည်။

_Ref: Dailymai

7Day Daily

0 comments:

Post a Comment