Wednesday, July 30, 2014

မိန်းကလေးတွေဟာ ဒီလိုအချက်ကလေးတွေကို ဖွင့်ပြောစရာမလိုပဲ သူတို့ချစ်သူတွေကို သိစေချင်တာ



ကောင်မလေးအများစု သူ့ချစ်သူကောင်လေးတွေကို သူမတို့စိတ်ကို အကုန်အစင် မဖတ်တတ်ရင်တောင်မှ တစ်ချို့အချက်ကလေးတွေ အလိုလိုသိနေတာမျိုး ဖြစ်စေချင်ကြပါတယ်။ ဒါမျိုးကို မိန်းကလေးတွေဟာ စိတ်ရှုပ်ထွေးစရာကောင်း တယ်လို့တော့ မမြင်လိုက်ကြပါနဲ့။ ဒီလို ကိုယ့်ချစ်သူ ဘာဖြစ်နေတယ်၊ ကိုယ့်ကိုဘာပြောစေချင်တယ်ဆိုတာကို အလိုလိုသိပြီး အဖတ်လုပ်ခြင်းဟာလည်း ကိုယ့်ချစ်သူကောင်မလေးကို ဂရုစိုက်ခြင်းတစ်မျိုးပါပဲ။ ကဲ သူတို့မပြောပဲ သိစေချင်တဲ့ အချက်ကလေးတွေက ဘာတွေများဖြစ်မလဲ။၁။သူမ စိတ်ဆိုးတဲ့အခါ အာရုံအားလုံး သူမဆီမှာပဲ ထားလိုက်ပါ။

စိတ်အခန့်မသင့်လို့ သင့်ကို သူမရစ်တာပဲဖြစ်ဖြစ်၊ ပြသနာရှာတာမျိုးဆိုရင် သူမကို ချစ်တယ်လို့ ပြောပြီးတော့ ဖွဖွလေး နမ်းလိုက်ပါ။ ဒါဟာ အလျှင်မြန်ဆုံး ဖြေရှင်းနည်းဖြစ်သလို သူမလည်း ရစ်ချင်စိတ်တောင် ပျောက်သွားပါလိမ့်မယ်။ ဒါမှမဟုတ် သူမက သင့်ကို လျစ်လျူရှုလိုက်ပြီဆိုရင်တော့ တခြားကိစ္စတွေကို အားလုံးပစ်ထားပြီး အာရုံအားလုံး သူမဆီမှာပဲ ထားဖို့လိုပါပြီ။

၂။အသိ၊ သူငယ်ချင်းတွေ အားလုံးကို သူမနဲ့ မိတ်ဆက်ပေးထားလိုက်ပါ။

မိန်းကလေးတွေဟာ ကိုယ့်ကို ဘယ်လောက်ချစ်တယ်ပြောပြော ပိုပြီး စိတ်ချလုံခြုံမှုရှိတဲ့အရာကို ရှာဖွေတတ်ကြပါတယ်။ သင်က သင့်သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ သူမကို ပေးမတွေ့ဘူး၊ မိတ်ဆက်မပေးဘူးဆိုရင်တော့ ကျိန်းသေတာက သူမစိတ်မကောင်း ဖြစ်သွားပါလိမ့်မယ်။ ဒီအချက်ကိုလည်း သင့်ကို ဖွင့်ဟမပြောပဲ အလိုအလျောက်သိစေချင်ကြပါတယ်။

၃။လျှို့ဝှက်ထားတဲ့အရာတွေဟာ သူမကို လိမ်ညာခြင်းနဲ့ အတူတူပဲပါပဲ။

ကိုယ်က ဘာရယ်မဟုတ် လျှို့ဝှက်ထားလိုက်မိတဲ့ ကိစ္စရပ်တွေကို သူမ ပြန်သိသွားလို့ကတော့ ကျွန်မကို ဘာလို့ဖွင့်မပြောတာလဲလို့ မေးတော့မယ်။ ဖေ့စ်ဘွတ်ခ်က ခင်သွားတဲ့ ကောင်မလေးတစ်ယောက်နဲ့ အပြင်မှာ အမှတ်မထင်ဆုံပြီး မုန့်စားမိတယ်ဆိုရင် နောက်တစ်ယောက် အသစ်ထားနေပြီလား၊ ဘာလို့ဖွင့်မပြောတာလဲ၊ လိမ်ညာတာမျိုးလား စသဖြင့် သံသယတွေကြီးထွားလာပြီပေါ့။ ဒီအချက်ကိုလည်း သူတို့က သင့်ကို အလိုလို သိစေချင်ပါတယ်။ လိုက်ပြောမနေချင်ပါဘူး။

၎။သူမကို ဘယ်လောက်ချစ်တယ်ဆိုတာမျိုးကိုလည်း ခဏခဏ ပြောပေးဖို့လိုပါတယ်။

မောင် ကျွန်မကို ချစ်လား ဆိုတာမျိုး၊ ကျွန်မ လှလားဆိုတာမျိုးတွေ ဘယ်သူကမှ ခဏခဏ ထုတ်မေးချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင်သိထားရမှာက မိန်းကလေးတွေဟာ ကိုယ့်ချစ်သူထံက အဲ့ဒီလို စကားမျိုးတွေတော့ မကြာခဏ ကြားလိုကြပါတယ်။ ဒါကိုလည်း မမေ့မလျော့ ပြောပေးဖို့ လိုပါတယ်။

၅။လူတိုင်းဟာ မပြီးပြည့်စုံကြပါဘူး။ အပြစ်အနာအဆာတွေကို လိုက်ထောက်မပြပါနဲ့။

မျက်ခုံးမွှေးက မလှဘူး၊ လက်မောင်းက ကြီးနေတာ၊ မျက်နှာမှာ ၀က်ခြံလေးတွေ ရှိနေတာမျိုး သူမရဲ့ အပြစ်အနာအဆာလေးတွေကို လိုက်ထောက်မပြောမိပါစေနဲ့။ လူတိုင်းဟာ ပြီးပြည့်စုံကြတယ်ဆိုတာမျိုးတော့ မရှိပါဘူး။ ခဏခဏ သူမအပြစ်ကို ပြောဆိုနေမယ်ဆိုရင် သူမစိတ်ထဲမှာ ငါ့ကိုတကယ်ချစ်ရဲ့လားလို့ တွေးထင်သွားနိုင်ပါတယ်။

Ref:mensxp.com

မေသော်
Trend Myanmar

0 comments:

Post a Comment