Wednesday, July 30, 2014

ကင်ဆာရောဂါကို တွန်းလှန်အောင်နိုင်ခဲ့သူ ဒါရိုက်တာ ကြည်စိုးထွန်းနှင့် တွေ့ဆုံခြင်း



အကယ်ဒမီများရှင် ဒါရိုက်တာ စည်သူဘွဲ့ရ ဦးကြည်စိုးထွန်းအနေနဲ့ ကင်ဆာရောဂါတိုက်စားတဲ့ဒဏ်ကို ကာလတစ်ခုကြာခံစားခဲ့ရပါတယ်။ ဒါပေမဲ့ အခုအချိန်ထိ အသက် ရှင်လျက်နဲ့ သူချစ်တဲ့အနုပညာ အလုပ်ကို အခုထိ တစိုက်မတ်မတ်လုပ်ဆောင်နေတုန်းပါ။ ဆရာ့နောက်မှ ကင်ဆာဖြစ်တဲ့ ဆရာမင်းလူ(ဥာဏ်ပေါ်)၊ ဆရာမောင် ဝံသ (ဦးစိုးသိမ်း) တို့ကတော့ ဆရာကြည်စိုးထွန်းကို ကျော်ပြီး လူ့လောကကနေ စောစီးစွာထွက်ခွာသွားခဲ့ကြပါပြီ။ မြန်မာနိုင်ငံသားတော်တော်များများကတော့ ကင်ဆာကို ဝဋ်နာ၊ကံနာရောဂါတစ်ခုလို့ ထင်မြင်တတ်ကြပါတယ်။ အဲဒီဝဋ်နာ၊ ကံနာ ကင်ဆာရောဂါကို ဆရာကြည်စိုးထွန်းအနေနဲ့ ဘယ်လိုတွန်းလှန်ခဲ့လဲ၊ ကင်ဆာဖြစ်ချိန် ဘယ် လိုခံ စားခဲ့ရလဲ၊ ဘယ်လိုကုသခဲ့ပြီး ဘယ်လို ပြုမူနေထိုင်ခဲ့လဲ၊ အနုပညာအလုပ်တွေကိုကော ဥပေက္ခာပြုထားခဲ့လားစတဲ့ အများရဲ့ စိတ်စေတသိက် သိ စေလိုမှုတွေအတွက် ဆ ရာနဲ့ တွေ့ပြီးကင်ဆာနဲ့ပတ်သက်တဲ့အကြောင်းအရာ၊ လေ့လာမှတ်သားစရာ၊ သင်ခန်းစာယူစရာတွေကို နည်းနာယူနိုင် အောင် တစ်ဆင့်ဝေမျှပေးလိုက်ပါတယ်။အစာအိမ်ကင်ဆာစဖြစ်တာ ဘယ်အချိန်လောက်က ဖြစ်နိုင်မလဲဆရာ။ ဖြစ်တာလည်း သိကောဘယ်လိုကုသခဲ့လဲ။

စဖြစ်တာက ၂ဝ၁၁ခုနှစ် စက်တင်ဘာလောက်မှာ စဖြစ်တာ။ စဖြစ်တော့ လေချဉ်တက်တယ်။ မစားချင်၊ မသောက်ချင်ဘူး။ လူကတော့ ပကတိလူ ကောင်းပဲ။ ဝမ် လည်းေ ကာင်းတယ်။ ဒါနဲ့ ဒေါက်တာဦးသိန်းစောဆီမှာ သွားပြတော့ သူက Endoscopy လို့ခေါ်တဲ့ ကင်မရာနဲ့ ကြည့်လိုက်တော့ ချက်ချင်းသွားတွေ့တယ်။ ပြီး တော့ ချက် ချ င်း ခွဲရတယ်။ စင်ကာပူမှာနေတဲ့ သမီးက အဲဒီမှာကုဖို့ လှမ်းခေါ်တော့ သွားခဲ့တယ်။ အဲဒီက ဆရာဝန်မက အူတွေကို ရက်ရက်ရောရောကို လှီးထုတ်ပစ် လိုက် တာ။ ခြောက် လက်မလောက်ဖြတ်ရမယ့်ဟာကို ဆယ်လက်မ၊ တစ်ပေလောက် ဖြတ်ထုတ်ပစ်လိုက်တယ်။ အူတိုသွားတာပေါ့။

ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်ပြီး ဘယ်လိုအစား အသောက်တွေကို စားခဲ့လဲဆရာ။

မနက်တိုင်း နာရီဝက်လောက် လမ်းလျှောက်တယ်။ ဒါက ပုံမှန်ပဲ။ အစားအသောက် ပုံစံတော့ လုံးဝပြောင်းပစ်လိုက်ရတယ်။ ဆရာကြိုက်တဲ့ တုတ်ထိုး၊ အကင်၊ ဝက် အူေ ချာင်း၊ ခေါက်ဆွဲစတဲ့အစားအစာတွေကို လုံးဝမစားတော့ဘူး။ မနက်တိုင်း လမ်းလျှောက်တော့ ချွေးတွေ ဘာတွေရလာတယ်။ ချွေးတွေရလာတော့ အုန်းရည် သောက် တယ်။ တစ်လမှာ ရက်ပေါင်း ၂၅ ရက်ထက် မနည်းသောက်တယ်။

အုန်းရည်ကို ဘာလို့ စွဲစွဲမြဲမြဲ သောက်တာပါလဲဆရာ။

ဒါက Physically ပေါ့။ ဓာတ်စာဆိုပြီး နားလည်လို့ မဟုတ်ဘူး။ အုန်းရည်ကို စဉ်းစားလိုက်တာက ရေထဲမှာ ရေသန့်ထက်တောင်သန့်တယ်လို့ ထင်တယ်။ ဒီအသီး ထဲမှာ ရေတွေရောက်လာတာ ထူးဆန်းတယ်လို့ထင်တယ်။ အတွေးတွေက တစ်မျိုးဖြစ်ကောင်းဖြစ်နေလိမ့်မယ်။ အပူကန်တယ်လို့ ပြောကြပေမယ့် အဲဒီလိုလည်း စိတ်မှာ စနိုးစနောင့်မဖြစ်ဘူး။ ဒီအသီးထဲမှာ ရေတွေ ရောက်နေတာ ထူးဆန်းနေတယ်။ အာဟာရရှိမှာပဲ၊ တစ်ခုခုတော့ အကျိုးရှိမှာပဲဆိုပြီးတော့ကို သောက်တော့တာ။

တခြားဘာတွေ စားသေးလဲ ဆရာ။

အခုခေတ် စားနေတဲ့သင်္ဘောရွက်တို့၊ မင်းကွတ်သီးတို့ကိုလည်း စားတာပါပဲ။ သင်္ဘောရွက်ဆိုရင်အစိမ်းဆို တော့ ပိုးပါမှာပဲ။ ပိုးကိုတော့ သတ်ပြီး စားရလိမ့်မယ်ပေါ့။ အုန်း ရည် ကျတော့ ဒီအထဲမှာ ဘယ်လိုမှ ပိုးမရောက်နိုင်ဘူးလေ။

ကင်ဆာဖြစ်တော့ စိတ်ဓာတ်တွေ ဘယ်လိုရှိခဲ့လဲ။ အနုပညာအလုပ်ကိုကော လုပ်နိုင်ရဲ့လားဆရာ။

ကင်ဆာဆိုတဲ့ ရောဂါက သေဖို့တော်တော်များတဲ့ ရောဂါဆိုတော့လာမေးတဲ့ သူတိုင်းက သေမယ်ထင်ပြီး လာမေးကြတာပေါ့။ သြော် သူတော့ ကြာကြာမနေရတော့ ဘူး ဆိုတဲ့ အကြည့်နဲ့ ကြည့်ကြ၊ လာမေးကြတာ။ ဆရာကတော့ကင်ဆာဆိုတာကို ကြောက်စရာကောင်းတဲ့ ရောဂါဆိုတာ လက်ခံတယ်။ ဒါပေမဲ့ အားငယ်စိတ် မရှိခဲ့ဘူး။ မတတ်သာလို့သာ ဘီးတပ်ကုလားထိုင်စီးတာ။ ကျန်တာကတော့ လမ်းလျှောက်တာပါပဲ။ စင်ကာပူမှာ နှစ်လလောက်နေခဲ့တယ်။ ပြန်လာတယ်။ MRTV-4 မှာ Movie Talk ပြောတယ်။ မောတာပေါ့။ မိနစ်၃ဝမပြောနိုင်ရင် မိနစ်၂ဝ ပြောတာ။ စိတ်ဓာတ်မကျဘူး။ လုပ်စရာတွေက တန်းစီနေတာ။ တောက်လျှောက် ဆိုသလို အလုပ် လုပ်ဖြစ် တယ်။

တချို့ကျတော့ ကင်ဆာကို ဝဋ်နာ၊ ကံနာတစ်ခုလို့ ယူဆကြပါတယ်။ ဆရာကော ကင်ဆာကို ဘယ်လိုမြင်မိပါသလဲ။

လူတစ်ဦးတစ်ယောက်ရဲ့ အမြင်၊ ယူဆချက်တွေ ဘယ်လိုမှ မတူနိုင်ဘူးလေ။ မှန်ချင်လည်း မှန်မယ်။ မှားချင်လည်း မှားမယ်။ ဆရာ့အမြင်ကတော့ ကိုယ့်အပေါ်မူ တည် တယ်လို့ မြင်တယ်။ ကိုယ်နေတတ်၊ ထိုင်တတ်၊ စားသောက်တတ်ရင် ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ ထင်တယ်။ ပြီးတော့ စိတ်ဓာတ်ပေါ့။ ဆရာက မရှိတဲ့ အချိန် တုန်း ကလည်း လူမှန်းသိကတည်းက အတတ်နိုင်ဆုံး မိဘကိုသိတတ်ခဲ့တယ်။ အမေ၊ အဖေဆုံးတာ နှစ်ပေါင်း နှစ်ဆယ့်ငါး၊ သုံးဆယ်ရှိပြီ။ မရှိ တော့ပေမယ့်လည်း အဖေ၊ အမေ အတွက် ရည်စူးပြီး ဒီနေ့အထိ မိဘကျေးဇူးကို မမေ့ဘဲ အလှူအတန်းပေးတယ်။ ကုသိုလ်ပြုတယ်။ အကယ်ဒမီ ရတယ်။ ရွှေစင်ကြယ်ကို ထုခွဲ ရောင်းချပြီး မိဘနာမည်နဲ့ ပညာသင်ဆုပေးတယ်။ အမေ့ရွာက ကျောင်းမှာပဲ စာကြည့်တိုက်ထောင်တယ်။ ဒါမျိုးလုပ်တာကလည်း ယုံကြည်မှုတစ်ခုပေါ့နော်။ ကောင်း ကျိုးလုပ်လို့ အသက်ရှင်နေ ထိုင်နိုင်တာ၊ ရောဂါတစ်ခုကို တွန်းလှန်တိုက်ဖျက်နိုင်တာလို့ တွေးမိတယ်။ ဒီ တော့ စိတ်ဓာတ်မဆင်းရဲဖို့လည်းလိုတယ်လို့ ဆရာမြင်တယ်။

ကင်ဆာမဖြစ်အောင် ဆရာ့ကိုယ်တွေ့နဲ့ပတ်သက်ပြီး နည်းနည်းပြောပြပေးပါလားဆရာ။

ကင်ဆာမဖြစ်အောင် ကြိုတင်ကာကွယ်လို့ရပါတယ်။ကင်ဆာနဲ့သက်ဆိုင်တဲ့ အရာတွေ၊ ဥပမာအရက်ဆိုရင် အသည်းကို ထိတယ်။ ဒီတော့ မသောက်နဲ့ရှောင်ပေါ့။ အဲဒီလိုပဲ
ဆေးလိပ်ဆိုရင်လည်း အဆုတ်ကိုထိတဲ့အတွက် ရှောင်ရမယ်။ သူနဲ့ဆိုင်ရာဆိုင်ရာပေါ့။ သီလငါးပါးလုံအောင်ထိန်း၊ စိတ်ကောင်းမွေး၊ ကျန်းမာ ရေးက အဓိကဆိုတာ ကို နှ လုံးသွင်းထားရမယ်။ ကျန်းမာရေးမကောင်းရင် ဘာမှလုပ်လို့ မရဘူး။ ပိုက်ဆံရရင်ပြီးရောဆိုပြီး လွယ်လွယ်အလုပ်တွေကို မလုပ် မိဖို့လိုတယ်။ ဒီလိုလုပ်ရင် အသက် ရှည် လည်းအလကားပါပဲ။

M ဘွယ်

Popular Myanmar

0 comments:

Post a Comment