Saturday, January 27, 2018

စာချုပ်ဖောက်ဖျက်ပါက ကုမ္ပဏီဖျက်သိမ်းပြီး လူကိုပါဖမ်းချုပ်နိုင်ကြောင်း ဦးခင်ရွှေတုံ့ပြန်

လှိုင်သာယာ-ဒေးဒရဲ လမ်းပိုင်း ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ တရားမဝင် ငွေကောက်ခံခြင်းနှင့် စာချုပ်ဖောက်ဖျက်ခြင်း ရှိပါက ကုမ္ပဏီဖျက်သိမ်းပြီး လူကိုပါဖမ်းချုပ်နိုင်ကြောင်း ဇေကမ္ဘာ ကုမ္ပဏီအုပ်စုဥက္ကဋ္ဌ ဦးခင်ရွှေက ပြောသည်။

ထူးကုမ္ပဏီက သိမ်းယူထားသော လယ်မြေဧက ၃၀၀ နီးပါး ပြန်လည်ရရှိရေးရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ လယ်သမားများတင်ပြ


ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ ချောင်းညီ အစ်ကိုကျေးရွာအုပ်စု၊ အမှတ်(၃)၊ အမှတ်(၄)ရပ် ကွက်ရှိ လယ်ဧက ၃၀၀ နီးပါးကို ၂၀၁၀ ပြည့်နှစ်၊ မတ်လက ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနှင့် ကျောက် မီးသွေးအတင်၊ အချပြုလုပ်ရန် ဆိပ်ကမ်းတည်ဆောက်ရေးအတွက်ဟုဆိုကာ ထူးကုမ္ပဏီမှ တဧကလျှင် ကျပ်လေးသိန်းခွဲပေး၍ သိမ်းယူခဲ့သည်။ 

လူငယ်တစ်ဦးကို ဖမ်းဆီးရိုက်နှက်သည်ဟု စွပ်စွဲခံထားရသော ရဲတပ်ဖွဲ့ဝင်များကို စုံခုံဖွဲ့ စစ်ဆေးနေ


ကျောက်တံတားမြို့ နယ် ဗိုလ်ချုပ်လမ်းနှင့် လမ်း ၄၀ ထိပ်မှ လူငယ်တစ်ဦးကို ရိုက် နှက်သည်ဟု စွပ်စွဲခံထား ရသော ကျောက်တံတားမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကို စုံခုံဖွဲ့စစ်ဆေး နေကြောင်း ရန်ကုန်တိုင်း ရဲတပ် ဖွဲ့မှူးရုံးက ဇန်နဝါရီ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။

စတော့အိတ်ချိန်း ငါးခုမြောက် ကုမ္ပဏီ TMH ရှယ်ယာစရောင်းသည့် တစ်လအတွင်း ဈေးအတက်၊ အကျဖြစ်


ရန်ကုန်စတော့အိတ် ချိန်း၏ ငါးခုမြောက်စာရင်းဝင် ကုမ္ပဏီ TMH တယ်လီကွန်းကရှယ်ယာ စတင်ရောင်းချ ချိန်၌ ရှယ်ယာတန်ဖိုး ၈ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

နာဂဒေသဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေး သံတမန်အဖြစ် နာဂတိုင်းရင်းသူ သရုပ်ဆောင်မာရီကိုးလ်အား ခန့်အပ်


နာဂဒေသဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးသံတမန်အဖြစ် နာဂတိုင်းရင်းသူ သရုပ်ဆောင်မာရီ ကိုးလ်အား ခန့်အပ်ခဲ့ကြောင်း သိရသည်။ အဆိုပါသံတမန်အဖြစ် ခန့်အပ်ခြင်းအား ဇန်န၀ါရီ ၂၅ ရက်တွင် မုံရွာမြို့၌ပြုလုပ်ခဲ့သည့် တိုင်းဒေသကြီး ကျန်းမာရေးဆိုင်ရာ စံပြအချက်အလက်များ စာအုပ်မိတ်ဆက်ခြင်း အခမ်းအနားတွင်တစ်ပါတည်းပြုလုပ်ခဲ့ခြင်းဖြစ်ကာနာဂတိုင်းရင်းသူသရုပ်ဆောင်မာရီကိုးလ်ကတက်ရောက် လက်ခံရယူခဲ့ကြောင်း သိရသည်။

မရွှေရည်ဝင်း သေဆုံးပြီးနောက် မြန်မာအမျိုးသမီးများ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းကာ မုဒိမ်းကောင်များ သေဒဏ်ပေးရေးလှုပ်ရှားမှုစတင်


FDA ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်းအဓမ္မပြုကျင့် သတ်ဖြတ်ခြင်းခံရပြီး နောက်တွင် မြန်မာအမျိုးသမီးများ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းကာ မုဒိမ်းကောင်များအား သေဒဏ်ပေးရေးလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု မြန်မာအမျိုးသမီးများ စောင့်ရှောက်ရေးအဖွဲ့ခေါင်းဆောင် ဒေါ်နှင်းရည်အေးက ပြောသည်။

ဖားကန့်ဒေသတွင် ထွက်ရှိခဲ့သည့် အရည်အသွေးမြင့် ကျောက်စိမ်း အရိုင်းတုံးကြီးကို လွှတ်တော် ကိုယ်စားလှယ်များပင် မြင်တွေ့ရန် ခက်ခဲနေဟုဆို


ဖားကန့်ဒေသတွင် ထွက်ရှိခဲ့သည့် အရည်အသွေးမြင့် ကျောက်စိမ်းအရိုင်းတုံးကြီးကို လွှတ်တော် ကိုယ်စား လှယ်များပင် မြင်တွေ့ရန်ခက်ခဲနေကြောင်း ဖားကန့်မဲဆန္ဒနယ် အမှတ် (၂) မှ ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ဆိုသည်။

ဦးကိုနီအမှု လိုပြသက်သေ အားလုံး စစ်ဆေး ပြီးစီး

ဦးကိုနီအမှုနှင့်ပတ်သက်သည့် တရားလိုပြသက်သေအားလုံးစစ်ဆေးပြီးဖြစ် ကြောင်းသိရသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေအကြံပေးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ အမှုတွင်ပါဝင်ပတ် သက်သူ ငါးဦးအနက် ကြည်လင်းပါလေးဦးတို့ကို ဇန်နဝါရီ ၂၆ ရက်က ၄၁ ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

ဝေဖန်မှု ထွက်နေသည့် ကျပ်လေး ဘီလီယံကျော် ကိစ္စနှင့် မြောက်ဦးကိစ္စ ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးခေါ်ယူမည်


ရခိုင်ပြည်နယ်အစိုးရက အလွဲသုံးစားလုပ်ထားသည်ဟုဆိုကာ ဝေဖန်မှုထွက် နေသည့် ကျပ်လေးဘီလီ ယံကျော်ကိစ္စနှင့် မြောက်ဦးကိစ္စဆွေးနွေးရန် အရေးပေါ်လွှတ်တော်ခေါ်ယူသွားမည်ဖြစ်ကြောင်းသိရသည်။ 

မထူးခြားသည့် တရားစီရင်ရေးအပေါ် ကျေနပ်မှုမရှိဟု အသနားခံစာများစိစစ်ရေးကော်မတီပြော


လွှတ်တော်ကော်မတီက ကွင်းဆင်းလေ့လာပြီး ပြောင်းလဲဖို့ပြောခဲ့ပေမယ့် မထူးခြားတဲ့ တရားစီရင်ရေး အခြေအနေအတွေအပေါ် ကျေနပ်မှုမရှိဘူးလို့ ရန်ကုန်တိုင်း လွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။

ပထမဆုံးအကြိမ် ကလေး​ကျောက်ကပ် အစားထိုးခွဲစိတ်မှု ဦးဖြိုးမင်းသိန်း ကြည့်ရှုအားပေး


ရန်ကုန်ကလေးဆေးရုံကြီးမှာ နာတာရှည်ကျောက်ကပ်ကလေးလူနာ နှစ်ဦးကို စင်ကာပူ ကလေးခွဲစိတ်ဌာန အမျိုးသားတက္ကသိုလ်ဆေးရုံ နဲ့ ရန်ကုန် ကလေးဆေးရုံကြီး ကျောက်ကပ် အသင်းတို့ ပူးပေါင်းပြီး ဒီနေ့မနက် ပိုင်းက ကျောက်ကပ်အစားထိုးခွဲစိတ်တဲ့ အခမ်းအနားကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက်လေ့လာကြည့်ရှုခဲ့ပါတယ်။

ရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည်ကို စာနာသနားမိကြောင်း ဖိလစ်ပိုင်သမ္မတပြော


ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ ဆူညံပွက်လောရိုက်နေမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို စာနာသနားမိကြောင်းနဲ့ စိတ်ရှုပ်မခံသင့်ဘူးလို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောကြားလိုက်ပါတယ်။

ပါကစ္စတန်နှင့် အင်ဒိုနီးရှား ကမ္ဘာ့အကြမ်းဖက်မှု ခြိမ်းခြောက်ခံနေရဟု ၀ီဒိုဒိုပြော


ပါကစ္စတန်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ဟာ ကမ္ဘာ့အကြမ်းဖက်မှုကို ခြိမ်းခြောက်ခံနေရတဲ့ နိုင်ငံတွေဖြစ်တယ်လို့ ပါကစ္စတန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ဇန်နဝါရီ ၂၆ ရက်မှာ ပြောပါတယ်။

အာဆီယံ- အိန္ဒိယ မိတ်ဘက်ဆက်ဆံမှုတိုးတက်ရန် မြန်မာပူးပေါင်းမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


မြန်မာနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံတွေနဲ့အတူ အာဆီယံ- အိန္ဒိယ ဆက်ဆံရေးနဲ့ မဟာဗျူဟာကျတဲ့ မိတ် ဘက်ဆက်ဆံမှု တိုးတက်ရေးအတွက် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားဖို့ သန္နိဋ္ဌာန်ပြုထားတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပညာရေး ဘတ်ဂျက် တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သော ရတနာပုံတက္ကသိုလ်မှ ကျောင်းသား ၁၂ ဦး သင်တန်းမှ ရပ်စဲခံရ


ရတနာပုံတက္ကသိုလ်တွင် ပညာရေးဘတ်ဂျက်တိုးမြှင့်ပေးရန် ဇန်နဝါရီ ၂၂ ရက်မှ စတင်၍တောင်းဆိုရာတွင် ပါဝင်ခဲ့သော ရတနာပုံတက္ကသိုလ်မှ ကျောင်းသား ၁၂ ဦးကို ရတနာပုံတက္ကသိုလ် စီမံခန့်ခွဲမှုအဖွဲ့က သင်တန်းမှရပ်စဲခဲ့ကြောင်း ဇန်နဝါရီ ၂၆ ရက် ညနေ ၄ နာရီခွဲက ရတနာပုံတက္ကသိုလ်အစည်းအဝေးခန်းမ (၁) တွင် အဆင့်မြင့်ပညာဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က ပြုလုပ်ခဲ့သော သတင်း စာရှင်းလင်းပွဲမှ သိရသည်။

ဥပဒေကြမ်း တစ်ခုကို ငါးပွင့်၊ ခြောက်ပွင့်ဆိုင်ပြီး အကျေအလည် ဆွေးနွေးရန် ဥပဒေကြမ်းကော်မတီကို ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ အသိပေး


ဥပဒေကြမ်းတစ်ခု ပိုမိုကောင်းမွန်ရန်၊ တရားမျှတမှုရှိရန် ဥပဒေကြမ်းတစ်ခုကို ငါးပွင့်၊ ခြောက်ပွင့်ဆိုင်ပြီး အကျေအလည်ဆွေးနွေးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီကို အသိပေးပြောကြားလိုက်သည်။ ဇန်နဝါရီ ၂၆ ရက် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာနမှတင်သွင်းသည့် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Friday, January 26, 2018

ကျောက်တော်မြို့တွင် လူပေါင်း ၁၅၀၀ဖြင့် ရခိုင်အရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မည်


ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေအောင်တို့အား ဖမ်းဆီးအရေးယူခြင်း၊ မြောက်ဦးဖြစ်စဉ်မှ ဒဏ်ရာရ လူနာများကို ဖမ်းဆီးခြင်း တို့အား ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် ဇန်နဝါရီလ ၂၈ နေ့၌ ကျောက်တော်မြို့ တွင် လူပေါင်း ၁၅ဝဝ မှ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အိန္ဒိယအစိုးရ ချီးမြှင့်သည့် ဂုဏ်ထူးဆောင် Padma Shri ဆုကို မြန်မာနိုင်ငံမှ ဒေါက်တာ သန့်မြင့်ဦး ရရှိ


အိန္ဒိယအစိုးရက ၂၀၁၈ ခုနှစ်အတွက် ချီးမြှင့်ပေးအပ်သည့် Padma Shri (ပဒုမ္မာသီရိ) ဆုများအနက် တစ်ဆုကို မြန်မာနိုင်ငံမှ သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦး ရရှိသွားခဲ့ကြောင်း သိရသည်။

မြောက်ဦးပစ်ခတ်မှု နောက်ဆက်တွဲ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို တာဝန်ပေါ့လျော့မှုဖြင့် အရေးယူ


မြောက်ဦးပစ်ခတ်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သော အရပ်သား ၃ ဦးကို ဆေးကုသနေစဉ် ထွက်ပြေးသွား မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးအား ဖမ်းဆီး အရေးယူထားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့ အိန္ဒိယတွင် တွေ့ဆုံဆွေးနွေး


အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေလျက်ရှိတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ယမန်နေ့ ဇန်န၀ါရီ ၂၅ ရက်က ဗီယက်နမ် နိုင်ငံ ၀န်ကြီးချုပ် ငုရင် ရွှမ်ဖူ Nguyen Xuan Phun နဲ့ တွေ့ ဆုံဆွေးနွေးခဲ့တယ် လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။