Saturday, January 27, 2018

စာချုပ်ဖောက်ဖျက်ပါက ကုမ္ပဏီဖျက်သိမ်းပြီး လူကိုပါဖမ်းချုပ်နိုင်ကြောင်း ဦးခင်ရွှေတုံ့ပြန်

လှိုင်သာယာ-ဒေးဒရဲ လမ်းပိုင်း ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ တရားမဝင် ငွေကောက်ခံခြင်းနှင့် စာချုပ်ဖောက်ဖျက်ခြင်း ရှိပါက ကုမ္ပဏီဖျက်သိမ်းပြီး လူကိုပါဖမ်းချုပ်နိုင်ကြောင်း ဇေကမ္ဘာ ကုမ္ပဏီအုပ်စုဥက္ကဋ္ဌ ဦးခင်ရွှေက ပြောသည်။
လှိုင်သာယာ-ဒေးဒရဲလမ်း ပိုင်း ပြုပြင်ထိန်းသိမ်းရန် BOT စနစ်ဖြင့် စာချုပ်ချုပ်ထားသည့် ဇေကမ္ဘာကုမ္ပဏီ သည် စာချုပ်ပါ  အချက်အလက်များ အတိုင်း ဆောင်ရွက်ထားခြင်းမရှိကြောင်း ဇန်နဝါရီ ၂၆ ရက် လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့ ခြင်းအပေါ် ဦးခင်ရွှေက ပြန်လည် တုံ့ပြန်ပြောကြားခြင်းဖြစ်သည်။

ထိုသို့ ပြောကြားခြင်းနှင့်ပတ် သက်၍ ဦးခင်ရွှေက ဇေကမ္ဘာကုမ္ပဏီသည် လှိုင်သာယာ-ဒေးဒ ရဲလမ်းပိုင်း ၅၄ မိုင်တွင် ၄၁ မိုင်ခန့်ကို BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ရ ထားပြီး ထိုအပိုင်းများကို ပြင်ဆင် ထိန်းသိမ်းနေကြောင်း၊ ကျန်အပိုင်းများသည် ငွေကောက်ခံခွင့်မရ၍ ပြင်ဆင်ထိန်းသိမ်းခြင်း ကို ၂၀၁၆ မိုးကုန်ကာလမှ စတင်ပြီး မလုပ်တော့ကြောင်း ပြောသည်။

ကော့မှူး-ကွမ်းခြံကုန်းလမ်း ပိုင်း ၅ မိုင် ၃ ဖာလုံကို ၂၄ ပေ အကျယ် AC (နိုင်လွန်ကတ္တရာ) ခင်းခြင်း၊ တံတားခုနစ်စင်းတိုးချဲ့ ခြင်းနှင့် ဒေးဒရဲအပိုင်းရှစ်မိုင်ကို ၁၈ ပေအကျယ် ကတ္တရာထပ်ပိုး လွှာတင်ခြင်းလုပ် ငန်းများ ၂၀၁၈ မေလကုန် မိုးမကျမီ အပြီးဆောင် ရွက်ရန် ဇေကမ္ဘာကုမ္ပဏီအား ညွှန်ကြားထားကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးကျော်လင်းက ပြောသည်။

ထိုအပိုင်းကို ကုမ္ပဏီက ဘတ်ဂျက်မတတ်နိုင်၍ ၂၀၁၈ ဒီဇင်ဘာအထိ ခွင့်ပြုပေးရန် ဝန် ကြီးဌာနနှင့် ညှိနှိုင်းနေကြောင်း ဦးခင်ရွှေက ဆိုသည်။

‘‘ကိုယ့်ဘတ်ဂျက်နဲ့ ကိုယ့် အတိုင်းအတာမို့ မတ်လအစား၊ ဒီဇင်ဘာမှာ အပြီးလုပ်မယ်လို့ တင်ထားတယ်။ ခွင့်ပြုချက်မရှိဘဲ ကောက်တယ်ဆိုရင် ဒီကုမ္ပဏီ ဖျက်ပြီး ဖမ်းသာ ဖမ်းချုပ်လိုက် တော့။ မပြင်တဲ့အကြောင်း အရာ က အခုချိန်ထိ ပိုက်ဆံကောက်ခွင့် မရဘူး’’ဟု ဦးခင်ရွှေက ပြော သည်။

ကုမ္ပဏီဘက်က ငွေကောက်နိုင်ရန် လမ်းများကို အဆင့်မြှင့် ခိုင်းခြင်းဖြစ်ကြောင်း၊ သို့သော် လမ်းမပြင်သဖြင့် ခဏခဏ သတိပေးနေရကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးခင် မောင်ကျော်က ပြောသည်။

လှိုင်သာယာ-ဒေးဒရဲလမ်း တစ်လျှောက်ရှိ ပေ ၅၀ အောက် တံတားများကို ကုမ္ပဏီက တာဝန်ယူဆောက် လုပ်ရမည်ဟု စာချုပ် တွင် ပါရှိသော်လည်း ဆောက်လုပ်ပေးခြင်းမရှိ၍ ယင်းလမ်းပိုင်းရှိ ပျက်စီးနေသည့် တံတားများကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ရန်ပုံငွေ ဖြင့် ဆောက်လုပ်နေရကြောင်း အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးကျော်ထွေးက ဆွေးနွေး ရာ ထိုအချက်သည် စာချုပ်တွင် မပါဝင်ကြောင်း ဦးခင်ရွှေက ပြော သည်။

ဝန်ကြီးဌာနက ညွှန်ကြား ထားသည့်အချက်များကို မေလ နောက်ဆုံးထားဆောင်ရွက်ရန် အချိန်တိုးပေး ထားပြီးဖြစ်၍ ထိုသို့ ဆောင်ရွက်မှုမရှိပါက လုပ်ငန်း ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း  အင်ဂျင်နီယာချုပ် ဦးစောသိန်းက ပြောသည်။

လှိုင်သာယာမှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း နှင့် ဒေးဒရဲသို့ ဆက်သွယ်ဖြတ် သန်းသော လမ်းပိုင်းကို ပြုပြင် ထိန်းသိမ်းရန် ဇေကမ္ဘာကုမ္ပဏီက ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ၂၀၁၃ အောက်တိုဘာက စာချုပ် ချုပ်ခဲ့ပြီး သုံးနှစ်အတွင်း ပြုပြင် ထိန်းသိမ်းခြင်းများ ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်သော်လည်း လက်တွေ့ တွင် ဆောင်ရွက်ခြင်း မရှိကြောင်း ဦးကျော်ထွေးက ပြောကြားထားသည်။

7Day


0 comments:

Post a Comment